ရည်းစားလေးထားတတ်နေပြီ
ရေး ဒွန် (မကွေး)
ဆို မိုးသက်နိုင်
Intro
တွေးတွေးကြည့်တော့
အမေတစ်တစ်သားတစ်ခု
အဖြစ်က တကယ်လွယ်
မိဘမေတ္တာ တုနှိုင်းမရတာ သားသိပါတယ်
အကြင်နာနဲ့ သင်ရှာတဲ့
အမေ့မေတ္တာ စေတနာရယ်
အသွားအလာကို ဆင်ခြင်သွား
အစားအသောက်ကို သတိထား
ရည်းစားဆို အလကား
သားအသက်ကငယ် ပြောတတ်တယ်
အမှန်တိုင်းသာ ဆိုရင်ကွယ်
ခွင့်လွှတ်တော့ မေမေရယ်
ရည်းစားလေးတော့ ကျွန်တော်ထားတတ်နေတယ်
ညှို့မျက်ဝန်းရဲ့ အကြည့်လေးတစ်ခုက
ကဗျာလေး တစ်ပုဒ်လိုပဲ
အချစ်ကျွမ်းဝင် လာရခြင်းက
အရွယ်ရောက်လို့ ထင်တယ်
အကြင်နာနဲ့ သင်ရှာတဲ့
အမေ့မေတ္တာ စေတနာရယ်
အသွားအလာကို ဆင်ခြင်သွား
အစားအသောက်ကို သတိထား
ရည်းစားဆို အလကား
သားအသက်ကငယ် ပြောတတ်တယ်
အမှန်တိုင်းသာ ဆိုရင်ကွယ်
ခွင့်လွှတ်တော့ မေမေရယ်
ရည်းစားလေးတော့ ကျွန်တော်ထားတတ်နေတယ်
ကျားကိုးစီး စားမကုန်တဲ့
သားတစ်ယောက်ရဲ့ အဖြစ်ကိုလည်း
ခလေးတစ်ယောက်ထက် အကြည့်မပိုပဲ
အမေ့ချစ်ထဲမှာ တဝဲလည်လည်
မှန်တာကိုပြောမယ်
အရွယ်လွန်ကာသွားရင်
ခက် ခက်လိမ့်မယ်
မသိလို့မေးမယ် မေမေရယ်
ကျွန်တော်ဘယ်လို ကြီးပြင်းရမှာလဲ
ညှို့မျက်ဝန်းရဲ့ အကြည့်လေးတစ်ခုက
ကဗျာလေး တစ်ပုဒ်လိုပဲ
အချစ်ကျွမ်းဝင် လာရခြင်းက
အရွယ်ရောက်လို့ ထင်တယ်
အကြင်နာနဲ့ သင်ရှာတဲ့
အမေ့မေတ္တာ စေတနာရယ်
အသွားအလာကို ဆင်ခြင်သွား
အစားအသောက်ကို သတိထား
ရည်းစားဆို အလကား
သားအသက်ကငယ် ပြောတတ်တယ်
အမှန်တိုင်းသာ ဆိုရင်ကွယ်
ခွင့်လွှတ်တော့ မေမေရယ်
ရည်းစားလေးတော့ ကျွန်တော်ထားတတ်နေတယ်
ကျားကိုးစီး စားမကုန်တဲ့
သားတစ်ယောက်ရဲ့ အဖြစ်ကိုလည်း
ခလေးတစ်ယောက်ထက် အကြည့်မပိုပဲ
အမေ့ချစ်ထဲမှာ တဝဲလည်လည်
မှန်တာကိုပြောမယ်
အရွယ်လွန်ကာသွားရင်
ခက် ခက်လိမ့်မယ်
မသိလို့မေးမယ် မေမေရယ်
ကျွန်တော်ဘယ်လို ကြီးပြင်းရမှာလဲ
...... ......