သီချင်း : လွမ်းခွင့်လေး
တေးဆို : နီနီခင်ဇော်
ပြောဖူးခဲ့တဲ့ စကားတွေ
ငါလေ ယုံကြည်နေဆဲကွယ်. .
ဒီပုံပြင်လေး
အဆုံးသတ်လို့သွားလည်း. .
နင်ပေးဖူးခဲ့တဲ့ အနမ်းတွေ
ငါလေရင်ခုန်နေဆဲကွယ်. .
နင်သာ အမှတ်တမဲ့
ငါ့အတွက် အမှတ်တရပဲ. .
အချစ်နဲ့အစပြုခဲ့တဲ့ ဇာတ်လမ်းလေး
အမုန်းနဲ့ အဆုံးသတ်ခဲ့ နင်ကိုယ်တိုင်ပဲ. .
အရာရာအကုန်ဖျက်ဆီးလို့သွားသူရယ်
ငါ မနာကျည်းပဲ. .
တချိန်ချိန်ပြန်လာနိုးနိုး
ငါ့ရင်ထဲ မျှော်နေမိတယ်. .
နင်မမြင်နိုင်တဲ့အမှောင်မှာ
တယောက်တည်းကြိတ်ကာ ငိုရင်းနဲ့. .
ဘယ်သောအခါမှ... မမုန်းခဲ့. .
နင်လေ မချစ်နိုင်တော့ရင်လည်း
ရည်ရွယ်လွမ်းခွင့်လေး
သနားသဖြင့်ပေးပါကွယ်. . .
ဘုရားစူးပြောလိုက်ပါရစေ
ငါလေကျိန်ဆို ကျိန်ဝံ့တယ်. .
နင်တယောက်တည်း
ငါ့ဘဝမှာ ချစ်ခဲ့. .
အပြောင်းလဲများရဲ့နောက်ကွယ်
ဟန်ဆောင်လိမ်ညာမှုများရယ်. .
ငါသိလည်း
မပြောရက်ခဲ့ပါတယ်. . .
အချစ်နဲ့အစပြုခဲ့တဲ့ ဇာတ်လမ်းလေး
အမုန်းနဲ့ အဆုံးသတ်ခဲ့ နင်ကိုယ်တိုင်ပဲ. .
အရာရာအကုန်ဖျက်ဆီးလို့သွားသူရယ်
ငါ မနာကျည်းပဲ. .
တချိန်ချိန်ပြန်လာနိုးနိုး
ငါ့ရင်ထဲ မျှော်နေမိတယ်. .
နင်မမြင်နိုင်တဲ့အမှောင်မှာ
တယောက်တည်းကြိတ်ကာ ငိုရင်းနဲ့. .
ဘယ်သောအခါမှ မမုန်းခဲ့. .
နင်လေ မချစ်နိုင်တော့ရင်လည်း
ရည်ရွယ်လွမ်းခွင့်လေး
သနားသဖြင့်ပေးပါကွယ်. . .
အရာရာအကုန်ဖျက်ဆီးလို့သွားသူရယ်
ငါ မနာကျည်းပဲ. .
တချိန်ချိန်ပြန်လာနိုးနိုး
ငါ့ရင်ထဲ မျှော်နေမိတယ်. .
နင်မမြင်နိုင်တဲ့အမှောင်မှာ
တယောက်တည်းကြိတ်ကာ ငိုရင်းနဲ့. .
ဘယ်သောအခါမှ မမုန်းခဲ့. .
နင်လေ မချစ်နိုင်တော့ရင်လည်း
ရည်ရွယ်လွမ်းခွင့်လေး
သနားသဖြင့်ပေးပါကွယ်. . .
နင်လေ မချစ်တော့ဘူးဆိုလည်း
ရည်ရွယ်လွမ်းခွင့်လေး
သနားသဖြင့်ပေးပါကွယ်. . . .