menu-iconlogo
huatong
huatong
avatar

မေ့နိုင်ပြီလား

Oasixhuatong
seahorsecreativeworkshuatong
Lời Bài Hát
Bản Ghi
သီချင်း - မေ့နိုင်ပြီလား

တေးဆို - Oasix, KMH

ကိုယ်အရင်လို ဖုန်းလည်းမဆက်တော့ဘူး

မင်းလေးမကြိုက်ရင်

ကိုယ်အရင်လို Message လေးလည်း

မပို့တော့ဘူး

မင်းလေး အနှောက်အယှက်ဖြစ်မယ်ဆိုရင်

မင်းမိဘ အသိုင်းများရဲ ့ကြား

မင်းကို အပြစ်ပြောကြရင် It is Ok, It is Ok

အရာရာမင်းသဘော Baby

အရင်လိုမဟုတ်တော့ဘူး

မင်းသတင်းတွေပြန်ကြားတယ်

အရင်လိုခေါ်ခွင့်မရှိတော့တဲ့ မင်းရဲ ့နာမ်စားလေး

အရင်လိုပြန်ဖြစ်ချင်တယ်

ဒါနောက်ဆုံး ငါ့ရဲ ့ဆန္ဒ

အရင်လိုအချိန်တွေ ငါမက်မောလည်း

ကံတရားကဉာဏ်များ

လုံးဝမတွေးခဲ့ဘူး လုံးဝမတွေးခဲ့ဖူးပါ

လမ်းခွဲရမှာပဲ အတွေးထဲမှာ ငါအကြောက်ဆုံးအရာ

မချစ်ဘူးလို့ မင်းလေးဘက်က ပြောထွက်ရက်တာပါ

အတူသွား အတူစား အတူပျော်ဖူးခဲ့ကြတဲ့နေ့တွေ

လွယ်လွယ်လေးနဲ့ မင်းမေ့ပစ်လိုက်ပြီလား

မေ့နိုင်ပြီလား

ဖျောက်ဖျက်ပစ်လို့မရတာ ဒါအတ္တတဲ့လား

ချစ်မိခဲ့တာ ငါ့ရဲ ့အမှား

ငါနာကျင်တယ် ရင်ဘတ်ထဲက

ငါ့အသည်းကို ရုတ်တရက်ခွဲသွားတော့

ငါ့အသည်းကြီးကွဲသွား

ဒီရင်မှာ ဒဏ်ရာတွေသာ နင်ဟာချန်ကာခွဲသွား

လူတစ်ယောက်ပျော်ရွှင်ဖို့

တစ်ယောက်ငိုရတာကို အချစ်လို့ ခေါ်တာပဲလား

စိတ်ကူးယဉ်ဆန် တကယ်တမ်းလက်တွေ့မကျ

လူတစ်ယောက်ကို ချစ်ပေမယ့်လည်း ဆိုတဲ့စကားနဲ့

မင်းကအကွက်ရွေ ့ပြ

အချိန်ရာသီတွေပြောင်းလို့ သက္ကရာဇ်မက

ဒီရင်ဘတ်ထဲမှာ ငိုနေလည်း တိတ်တိတ်လေး

မင်းကိုဆက်ချစ်သွား

ဒီလိုနဲ့အလွမ်းတွေနဲ့ ငါအိပ်ပျော်သွားတဲ့ညတွေများတယ်

မနက်သစ်စ I Love you but

မင်းအချစ်က ငါ့အတွက်တော့ ဖက်ဆစ်ကျ

မင်းနဲ့ပြတ်တဲ့နေ့ကလို ငါတစ်ယောက်တည်း

အပြင်လည်းမထွက် အသည်းကိုနင်ခွဲရက်တော့

ငါ့မှာရင်ကွဲမတတ်

တခုခုပြောပါ အရင်လို အချိန်တွေအတိုင်း Why?

မင်းက မင်းစိတ်နဲ့နှိုင်းပြီး ငါ့ကိုရိုင်း Why?

မင်းက အခြားကောင်တွေနဲ့လည်း ငါ့ကိုနှိုင်း

မင်းစကားတွေ ထိုးနှက် ငါ့အပေါ်ရိုင်း

ရုပ်ရှင်တွေထဲကအတိုင်း

အတူသွား အတူစား

အတူပျော်ဖူးခဲ့ကြတဲ့နေ့တွေ လွယ်လွယ်လေးနဲ့

မင်းမေ့ပစ်လိုက်ပြီလား

မေ့နိုင်ပြီလား

ဖျောက်ဖျက်ပစ်လို့မရတာ ဒါအတ္တတဲ့လား

ချစ်မိခဲ့တာ ငါ့ရဲ ့အမှား

မင်းမရှိတော့တဲ့နေ့တွေသည်

ငါ့အတွက်တော့ အမှားနဲ့အမှန်

ခွဲခြားလို့မရတဲ့ နေ့တွေဖြစ်လာပြီ

အသက်ရှုတောင်မှမွန်းကြပ်လာပြီဆိုတော့လည်းပဲ

တစ်ချက်လောက်ကြည့် ရင်ဘတ်ထဲမှာ

ဟာတာတာကြီးနဲ့

မင်းရဲ ့စိတ်အလိုကျချည်းပဲ အားလုံးမီးထဲ

မင်းလေးစွန့်ပစ်ရက်ခဲ့တယ်

အရာရာမင်းနဲ့ကျမှ ချစ်တတ်ခဲ့လည်း

ရူးသွပ်ခဲ့တာ ဘာကြောင့်လဲ

ငါရခဲ့တာ မင်းရဲ ့အချစ်မဟုတ်ပါ မင်းရဲ ့ ခန္ဓာ

ငါ့စိတ်နဲ့ ခန္ဓာ

ပြိုလဲကာမင်းထားသွားလို့ ငါ့မှာရတဲ့ဒဏ်ရာ

သံသရာဟာ လည်နေသရွေ ့

မင်းပျော်နေမယ်ဆို ငါ့ရဲ ့ဆန္ဒ

အိမ်ရှင်က နှုတ်ဆက်တဲ့အခါ ဧည့်သည်က

အလိုက်တသိပြန်ရတယ်

ငါ့စိတ်နဲ့ ခန္ဓာ

ပြိုလဲကာမင်းထားသွားလို့ ငါ့မှာရတဲ့ဒဏ်ရာ

သံသရာဟာ လည်နေသရွေ ့

မင်းပျော်နေမယ်ဆို ငါ့ရဲ ့ဆန္ဒ

အိမ်ရှင်က နှုတ်ဆက်တဲ့အခါ ဧည့်သည်က

အလိုက်တသိပြန်ရတယ်

အတူသွား အတူစား

အတူပျော်ဖူးခဲ့ကြတဲ့နေ့တွေ လွယ်လွယ်လေးနဲ့

မင်းမေ့ပစ်လိုက်ပြီလား

မေ့နိုင်ပြီလား

ဖျောက်ဖျက်ပစ်လို့မရတာ ဒါအတ္တတဲ့လား

ချစ်မိခဲ့တာ ငါ့ရဲ ့အမှား

Nhiều Hơn Từ Oasix

Xem tất cảlogo

Bạn Có Thể Thích