မျက်နှာများတဲ့မောင် -Duet
P-1, P-2> ရေး> စတုန် > ဆို>အေးချမ်းမေ
သတင်းတွေ ကြား ခဲ့တယ်
မောင် လိမ်ဖို့ စိတ် မကူးနဲ့
အခုလိုမျိုး မောင့် ကို
ပွေမယ်လို့ တွေး မထင်ခဲ့
တို့ သူငယ်ချင်းက ပြောတယ်
မောင် ကောင်မလေး တစ်ယောက်နဲ့
ဇတ်လမ်း လေးတွေ ထွင် သတဲ့ကွယ်...
အချစ်ရဆုံး မောင်ရယ်..
အနိုင်ယူတဲ့ သဘော လားကွယ်
တို့ရင်ထဲ နား မလည်...
ကွယ်ရာတော့ တခြား လူနဲ့...
မျက်နှာ များတဲ့ မောင်
အလိမ်အညာနဲ့ စကား ကကြွယ်
အခု နောက်တစ်ယောက် တွဲတာ
ဘယ်သူ လဲကွယ်...
ဒီမိန်းကလေး မောင့်ရဲ့ ချစ်သူလား..
အပျော်သဘောနဲ့ တွဲတဲ့ ချစ်သူလား..
ဘာဖြစ်ဖြစ် ဖြေရှင်းချက် လေးတွေ
နား ထောင်ချင် တယ်..
ရင်မှာ သံသယ
စိတ်လေး ဖြစ်လာ တော့ကွယ်..
ဒီလို ဆိုတော့
ညည အိပ်ပျော် ဖို့ မလွယ်...
ချစ်တယ် အရမ်း ချစ်တယ်
ဒီမှာတော့ အရူး အမူးပဲ...
သစ္စာထား ချစ်တယ်
မောင် ဒါလည်း အသိပါပဲ...
ငဲ့ညှာ သနား သင့်တယ်...
ဒီလိုတော့ မရှုပ် နဲ့ကွယ်...
စိတ်ချလို့ ချစ်နေဖို့ မလွယ်...
မတွေးချင်ဘူး မောင်ရယ်
ကြာရင် မုန်း မိတော့မယ်
ခွင့်လွှတ်ခြင်း ဆိုတာ
အချိန်အခါနဲ့ အတိုင်း အတာနဲ့
သစ္စာမထား တဲ့မောင်
မေ ဘယ်လိုများ ချစ်ရမယ်
အသည်းခွဲတမ်း ကစားတာ
အချစ် လားကွယ်....
ဒီမိန်းကလေး မောင့်ရဲ့ ချစ်သူလား..
အပျော်သဘောနဲ့ တွဲတဲ့ ချစ်သူလား..
ဘာဖြစ်ဖြစ် ဖြေရှင်းချက် လေးတွေ
နား ထောင်ချင် တယ်..
ရင်မှာ သံသယ
စိတ်လေး ဖြစ်လာ တော့ကွယ်..
ဒီလို ဆိုတော့
ညည အိပ်ပျော် ဖို့ မလွယ်...
ဒီမိန်းကလေး မောင့်ရဲ့ ချစ်သူလား..
အပျော်သဘောနဲ့ တွဲတဲ့ ချစ်သူလား..
ဘာဖြစ်ဖြစ် ဖြေရှင်းချက် လေးတွေ
နား ထောင်ချင် တယ်..
ရင်မှာ သံသယ
စိတ်လေး ဖြစ်လာ တော့ကွယ်...
ဒီလိုဆိုတော့ ညည အိပ်ပျော်ဖို့ မလွယ်...