menu-iconlogo
huatong
huatong
avatar

ချစ်ဒုက္ခ

ရာဇာဝင်းတင့်huatong
αყεҡყαω(µσσ)huatong
Lời Bài Hát
Bản Ghi
ချစ်ဒုက္ခ

ရာဇာဝင်းတင့်

ဖူးစာ ကံအကြောင်းရယ်

ချစ်ဒုက္ခ ဖန် လာတယ်

ခင်ရယ် ချစ်ရဲ့သားနဲ့

တစ်ဖက်သားရူးအောင်

ပြုရက်ပေတယ်

ခင်သဘောကို ဖွင့်ပြောလို့ကွယ်

ချစ်တဲ့အရေးကို စေ့စေ့တွေးသင့်​ တယ်

ဖူးစာ ကံအကြောင်းရယ်

ချစ်ဒုက္ခ ဖန်လာတယ်

ခင်ရယ် ချစ်ရဲ့သားနဲ့

တစ်ဖက်သားရူးအောင်

ပြုရက်ပေတယ်

ခင်သဘောကို ဖွင့်ပြောလို့ကွယ်

ချစ်တဲ့အရေးကို စေ့စေ့တွေးသင့်​ တယ်

ထာဝစဉ် ငေးမှိုင်လို့ရယ်

စွဲ..ရသူမျှော်ကာ လွမ်း...ပါပေါ့

နွမ်းခွေလို့ရယ်​ တမ်းတမိတယ်

ဖြေမဆည်နိုင်ဖွယ်

ခင်ခင်ရယ် နေနိုင်ရက်တယ်

ချစ်ဒုက္ခဖြင့် ဖိစီးပြီ..ကွယ်

ခင်ရယ်..မောင့်စိတ်ထဲ..

တစ်ဖက်သတ်စွဲ..လို့ ပူပုံပွားတယ်

သနားပါ့ကွယ်.. အသည်းစွဲချစ်မိတယ်

ရွှေဖူးစာနတ်ရယ် ရေးမှရေးတတ်တယ်

တစ်ပါး မေ ရယ် တကယ်မုန်းရင်

အဆုံးစီရင်တော့ကွယ်

မရွှင်နိုင်တယ်

ချစ်မိခဲ့တဲ့သူမှာ ခင်ရယ်

မျှော်မှန်းလို့ကွယ် ရော်ရမ်းလို့ တကယ်

အဆွေးနယ်ချဲ့မိပြီကွယ့်

အသည်းကျွမ်းမယ့် ဝေဒနာထင်တယ်

စွဲလမ်းလို့ သေမှာခင်ရယ်

မျက်လုံးထဲကမထွက်တယ်

အသည်းထဲမှာ စွဲကာနေပြီကွယ်

ခင်ရယ် ဒုက္ခအပေါင်းဝယ်

ချစ်ဒုက္ခက ပိုဆိုးပါတယ်

ခင့်အပေါ်ဝယ် ချစ်မိသူမှာဖြင့်

မအိပ်နိုင်ပါတယ် မစားနိုင်ပါတယ်

သြော် ခင့်အပေါ်ဝယ် ချစ်မိသူမှာဖြင့်

မအိပ်နိုင်ပါတယ် မစားနိုင်ပါတယ်

လှသူဇာမယ်ကလေး..ကိုတော့

အစဉ်တကယ်... ခင်တွယ်..

မပြောဘဲနဲ့ဖြင့် သိလောက်ပေတယ်

ယုံစမ်းပါဘုန်း မောင့်သက်လယ်ရယ်

သက်လယ်ရယ်..

ညှာတာထောက်ထား

မောင့်ကိုသနားသင့်တယ်

ခင့်အပေါ်ဝယ် ချစ်မိသူမှာဖြင့်

မအိပ်နိုင်ပါတယ် မစားနိုင်ပါတယ်

သြော် ခင့်အပေါ်ဝယ် ချစ်မိသူမှာဖြင့်

မအိပ်နိုင်ပါတယ် မစားနိုင်ပါတယ်

လှသူဇာ မယ်ကလေး ကိုတော့

အစဉ်တကယ်... ခင်တွယ်

မပြောဘဲနဲ့ ဖြင့် သိလောက်ပေတယ်

ယုံစမ်းပါဘုန်း မောင့်သက်လယ်ရယ်

သက်လယ်ရယ်

ညှာတာထောက်ထား

မောင့်ကိုသနားသင့်တယ်

ခင်ရယ် မောင့်စိတ်ထဲ

တစ်ဖက်သတ်စွဲလို့ ပူပုံပွားတယ်

သနားပါ့ကွယ် အသည်းစွဲချစ်မိတယ်

ရွှေဖူးစာနတ်ရယ် ရေးမှရေးတတ်တယ်

တစ်ပါးမေရယ် တကယ်မုန်းရင်

အဆုံးစီရင်တော့ကွယ်

Nhiều Hơn Từ ရာဇာဝင်းတင့်

Xem tất cảlogo