menu-iconlogo
huatong
huatong
rio--cover-image

သခင်ဆီအပြေးပြန်လာမည်

Riohuatong
so_sexy8185huatong
Lời Bài Hát
Bản Ghi
သီချင်း - သခင်ဆီအပြေးပြန်လာမည်

တေးဆို - Rio

ပချုပ်ဆိုင်ပြတင်းက

ခန်းဆီးစ မလို့ ကြည့်လိုက်ရင်

ကိုယ့်ရင်မှာ ဘယ်လိုရှိမယ်

မင်းသိနိုင်မလား ဟင်

ဗျစ်ရည်ဆိုင်ထဲက

အရက်ခွက်ကိုဆရင်း တွေးမိရင်

ကိုယ့်ရင်ဟာ ဘယ်သို့ ရှိမယ်

မင်းမှန်းနိုင်မလား ဟင်

သခင်လို့တောင် အမည်တပ်ချင်

မင်းကလေးကိုလေ

ရောက်တဲ့အရပ်မင်းရဲ့ မျက်နှာ

အိမ်မက်တိုင်းမင်းရဲ့ အကြောင်းသာ

စိုးမိုးနိုင်လွန်းတဲ့ အချစ်ပါ

ဒါ့ကြောင့် ကိုယ်သခင်လို့ ခေါ်မယ်

အရှင်လို့ ခေါ်မယ်နော့် ခေါ်မယ်နော့်

ထွက်ပြေးလည်း လွတ်ကိုမလွတ်ပါ

အနှောင့်အယှက်က ဦးနှောက်ထဲမှာ

စွဲနေဆဲ စွန့်လွှတ်နှလုံးသား

ဒါကြောင့် ကိုယ်ပြန်ခဲ့မယ်

ပြန်လှည့်လာမယ်နော် ဘယ်လိုလဲ

မင်း လက်ခံမှာလား

မင်း ဆီးကြိုမှာလား

မပေတော့ပါဘူး

မမိုက်တော့ပါဘူး

ဆုံးဖြတ်ချက် လုံးလုံးချကာရယ်

သခင့်ဆီ အပြေးပြန်လာမည်

သခင့်ဆီ အပြေးပြန်လာမည်

သခင့်ဆီ အပြေးပြန်လာမည်

အချစ်ကလေးဆီ

ပန်းခြံတွေထဲလည်း လမ်းလျှောက်ရင်း

အလွမ်းဖျောက်ရောက်ခဲ့တယ်

ကလေးငယ်တွေ ပျော်မြူးကစားတာ

ငေးကြည့်နေတုန်းလေ

တိရစ္ဆာန်ရုံဘက်လည်း အားအားတိုင်း

စိတ်ညစ်ပျောက်မလားလို့

ချစ်သူတွေ စုံတွဲများစွာ

အားကျသလို ရှိခိုက်

စိတ်ထဲကို ဝင်ရောက်လာ

အတိတ်က ဇာတ်ကြောင်း

ရည်းစားဘဝချစ်လို့ မဝပါ

စကားများလည်းပြောလို့ မပြီးပါ

အပြုံးပန်းလည်း ပွင့်လို့ မဆုံးပါ

ဒါကြောင့် ကိုယ်ရင်ဖွင့်ကာရယ်

အဆင်သင့်ဝင်လာခဲ့ ဝင်လာလှည့်

ဟိုးတုန်းက ဖြစ်ပျက်သမျှဟာ

နမ်းပြီးရင် နမ်းလို့ မဝခင်

အိပ်မက်မှလန့်ကာ နိုးသလို

ဒါကြောင့် ကိုယ် ရင်နင့်စွာရယ်

ပြင်သင့်တာတွေကို ပြင်ပါ့မယ်

မင်း ပြောင်းစေချင်သလား

မင်း စောင့်နေချင်သလား

မလေတော့ပါဘူး

မကန်းတော့ပါဘူး

စိတ်နှလုံးကို ဒုံးဒုံးချကာရယ်

သခင့်ဆီ အပြေးပြန်လာမည်

သခင့်ဆီ အပြေးပြန်လာမည်

သခင့်ဆီ အပြေးပြန်လာမည်

အချစ်ကလေးဆီ

သူစိမ်းတစ်ရံစာကြားမှာ

ရမ်းကားတဲ့ အကြည့်မိုက် အောက်ငုံ့ကာ

မျက်နှာတော် တကယ်မထားတက်အောင်

မင်းဖြစ်နေမလားဟင်

အရိုင်းဆန်တဲ့စကားတွေ

နားမကြားဝံ့ အရှက်တရားကင်းမဲ့စွာ

မင်းရင်ကို မုန်တိုင်းတစ်ခုလို

ထိုးဖေါက် မွှေသလား ဟင်

အရင်တုန်းက ကိုယ်ရှိတယ်

ခုများတော့ အဝေးမှာ

မင်းဘက်ကရပ်တည်စွမ်းမယ့်

တစ်ယောက်ယောက်တော့ရှိနေသင့်တယ်

ထွက်ပြေးတဲ့ ကိုယ့်ရဲ့ အပြစ်ပါ

ခုတော့ နောင်တရပြီလေ

ဘုရင်မထံကိုလေ ပြန်လာမလေ

လွမ်းပြီးရင်း မလွမ်းစေချင်ပါ

စိတ်ညစ်ရင်း မညစ်စေချင်ပါ

တမ်းတတိုင်း ပြည့်စေရမှာ

ဒါကြောင့် ကိုယ်ပြန်ခဲ့မယ်

ပြန်လှည့်လာမယ်နော် ဘယ်လိုလဲ

မင်း လက်ခံနိုင်မလား

မင်း ဆီးကြိုနိုင်မလား

မလိမ်တော့ပါဘူး

မကပ်တော့ပါဘူး

ဒုတိယနဲ့ နောက်ဆုံးတစ်ခေါက်ပါပဲ

သခင့်ဆီ အပြေးပြန်လာမည်

သခင့်ဆီ အပြေးပြန်လာမည်

သခင့်ဆီ အပြေးပြန်လာမည်

အချစ်ကလေးဆီ

Nhiều Hơn Từ Rio

Xem tất cảlogo