menu-iconlogo
huatong
huatong
avatar

ရွှေပင်လယ်

ရတနာဦးhuatong
mullins_williamhuatong
Lời Bài Hát
Bản Ghi
အတောင်ပံမရှိဘူး

ငှက်ကလေးများအတိုင်း

အရောက်သွားဖို့ အချစ်ထံ

မိုးမြင့်မှ မပျံနိုင်ဘူး

ပင်လယ်ကိုကူး

ရွှေငါးလေးအတိုင်း

ဖန်ဆင်းလို့မရပါ

လိုက်ခဲ့ဖို့ မလွယ်ပါဘူး

တော်ရာမှာနေ နွေမိုးဆောင်းတို့

ကုန်ဆုံးကူးပြောင်းချိန်

မလွမ်းဘဲမနေနိုင်ဘူး

စံပယ်တွေ သဇင်တွေ

ပိတောက်ပန်းများခူး

ပန်ပေးဖူးခဲ့တာ

တစ်နေ့မှ မေ့မရပါဘူး...

ရွှေပင်လယ်ကြီး ကာဆီးထားလို့

ဆုံဆည်းရဖို့

ဘယ်လောက်အထိ စောင့်ရမယ်မသိဘူး

တော်ရာမှာနေ မပျော်ဘူးအချစ်ရေ...

မျှော်ရတဲ့နေ့တွေ

မကုန်နိုင်ဘူး မဆုံးနိုင်ဘူး

ရွှေပင်လယ်ကြီး ကာဆီးထားလို့

ဆုံဆည်းရဖို့

ဘယ်လောက်အထိ စောင့်ရမယ်မသိဘူး

တော်ရာမှာနေ မပျော်ဘူးအချစ်ရေ...

မျှော်ရတဲ့နေ့တွေ

မကုန်ဆုံးနိုင်တော့ဘူး...

ဪ..မျှော်လင့်နေမယ် အမြဲကွယ်

အပြေးပြန်ခဲ့ပါတော့ အချစ်ရယ်..

.......

အတောင်ပံမရှိဘူး

ငှက်ကလေးများအတိုင်း

အရောက်သွားဖို့ အချစ်ထံ

မိုးမြင့်မှ မပျံနိုင်ဘူး

ပင်လယ်ကိုကူး

ရွှေငါးလေးအတိုင်း

ဖန်ဆင်းလို့မရပါ

လိုက်ခဲ့ဖို့ မလွယ်ပါဘူး

တော်ရာမှာနေ နွေမိုးဆောင်းတို့

ကုန်ဆုံးကူးပြောင်းချိန်

မလွမ်းဘဲမနေနိုင်ဘူး

စံပယ်တွေ သဇင်တွေ

ပိတောက်ပန်းများခူး

ပန်ပေးဖူးခဲ့တာ

တစ်နေ့မှ မေ့မရပါဘူး...

ရွှေပင်လယ်ကြီး ကာဆီးထားလို့

ဆုံဆည်းရဖို့

ဘယ်လောက်အထိ စောင့်ရမယ်မသိဘူး

တော်ရာမှာနေ မပျော်ဘူးအချစ်ရေ...

မျှော်ရတဲ့နေ့တွေ

မကုန်နိုင်ဘူး များလှပြီ

ရွှေပင်လယ်ကြီး ကာဆီးထားလို့

ဆုံဆည်းရဖို့

ဘယ်လောက်အထိ စောင့်ရမယ်မသိဘူး

တော်ရာမှာနေ မပျော်ဘူးအချစ်ရေ...

မျှော်ရတဲ့နေ့တွေ

အကုန်ဆုံးနိုင်တော့ဘူး

ရွှေပင်လယ်ကြီး ကာဆီးထားလို့

ဆုံဆည်းရဖို့

ဘယ်လောက်အထိ စောင့်ရမယ်မသိဘူး

တော်ရာမှာနေ မပျော်ဘူးအချစ်ရေ...

မျှော်ရတဲ့နေ့တွေ

မကုန်နိုင်ဘူး မဆုံးနိုင်ဘူး

ရွှေပင်လယ်ကြီး ကာဆီးထားလို့

ဆုံဆည်းရဖို့

ဘယ်လောက်အထိ စောင့်ရမယ်မသိဘူး

တော်ရာမှာနေ မပျော်ဘူးအချစ်ရေ...

မျှော်ရတဲ့နေ့တွေ

မကုန်ဆုံး နိုင်တော့ဘူး

Thank you..

Nhiều Hơn Từ ရတနာဦး

Xem tất cảlogo
ရွှေပင်လယ် của ရတနာဦး - Lời bài hát & Các bản Cover