menu-iconlogo
huatong
huatong
avatar

နတ်သမီးပုံပြင်

Rzarni အာဇာနည်huatong
scotts_starhuatong
Lời Bài Hát
Bản Ghi
နတ်သမီးပုံပြင်

ဆို အာဇာနည်

ကြယ်လေးတစ်ပွင့်

ကောင်းကင်ယံမှာအဖော်ကင်းမဲ့စွာ

မှိုင်ငေးနေရင်းသူအထီးကျန်ဆဲ

မျှော်လင့်ချက်မဲ့

နေ့ရဲ့အလင်းရောင်စောင့်ရင်း

အမှောင်ကြီးစိုးမှုအောက်မှာ

အားငယ်စွာ ငါလည်းမင်းနဲ့

ဘ၀တူမင်းယုံမလား

တစ်ချိန်ကဖြစ်ခဲ့ဖူးတဲ့

အချစ်ပုံပြင်လေး

မေ့လို့မရနိုင်တာအခုလိုအချိန်ပေါ့

ငါပြန်တွေးကာလွမ်းနေမိ

နတ်သမီးလေးထွက်ပြေးသွား

ချစ်စိတ်ဟာတကယ်မွန်းကျပ်နေ

နီးခွင့်ရဖို့အတွက်ကို

ငါ့ကြယ်စင်ရယ်

လမ်းညွှန်လှည့်ပါကွာ

တစ်ချိန်ကျရင်ဆုံမလား

ငါစွဲလမ်းကာအမြဲလို

မျှော်လင့်ဆဲပေါ့

ချစ်ခွင့်ရမဲ့ဘ၀ကိုစောင့်နေရင်း

မက်ခဲ့ရတဲ့အိမ်မက်တွေ

တစ်စစီပျက်ယွင်း

ခြေရာတွေဖျောက်

နတ်သမီးလေးရယ်အဝေးထွက်ပြေး

ကြယ်လေးမင်းကူလှည့်ပါ

ကြယ်လေးရေ

ငါဒီမှာတစ်ယောက်တည်း

မြက်ခင်းစိမ်းပေါ်ရပ်ကာ

အပေါ်ကိုငေးကြည့်ရင်း

တွေ့လိုက်ရတဲ့မင်းရဲ့

ကောင်းကင်ထက်မှာ

တစ်ပွင့်ထည်းရှိနေငါဝမ်းနည်းမိ

သူထားရစ်ခဲ့

အလွမ်းဒဏ်ငွေ့ရည်ဖွဲ့ပြီး

ပူဆွေးမိုးရေစက်တွေမျက်ရည်မြစ်

အတားအဆီးမဲ့စွာ

စီးဆင်းခဲ့ပြီငါ့အလွမ်း

ဒါကိုမင်းမြင်တွေ့နိုင်မလား

နတ်သမီးလေးထွက်ပြေးသွား

ချစ်စိတ်ဟာတကယ်မွန်းကျပ်နေ

နီးခွင့်ရဖို့အတွက်ကို

ငါ့ကြယ်စင်ရယ်

လမ်းညွှန်လှည့်ပါကွာ

တစ်ချိန်ကျရင်ဆုံမလား

ငါစွဲလမ်းကာအမြဲလို

မျှော်လင့်ဆဲပေါ့

ချစ်ခွင့်ရမဲ့ဘ၀ကိုစောင့်နေရင်း

မက်ခဲ့ရတဲ့အိမ်မက်တွေ

တစ်စစီပျက်ယွင်း

ခြေရာတွေဖျောက်

နတ်သမီးလေးရယ်အဝေးထွက်ပြေး

ကြယ်လေးမင်းကူလှည့်ပါ

ပြန်ဆုံနိုင်ဖို့ငါတိုင်တည်ရင်း

တောင်းဆုလေးခြွေရင်းနဲ့

အို နှစ်လရှည်

ကြယ်လေးမင်းကူရှာရင်း

သူသိအောင်တစ်ခု

ငါစွဲလမ်းစွာစောင့်နေဆဲပါ

ပြောပေးဖို့...

နတ်သမီးလေးထွက်ပြေးသွား

ချစ်စိတ်ဟာတကယ်မွန်းကျပ်နေ

နီးခွင့်ရဖို့အတွက်ကို

ငါ့ကြယ်စင်ရယ်

လမ်းညွှန်လှည့်ပါကွာ

တစ်ချိန်ကျရင်ဆုံမလား

ငါစွဲလမ်းကာအမြဲလို

မျှော်လင့်ဆဲပေါ့

ချစ်ခွင့်ရမဲ့ဘ၀ကိုစောင့်နေရင်း

မက်ခဲ့ရတဲ့အိမ်မက်တွေ

တစ်စစီပျက်ယွင်း

ခြေရာတွေဖျောက်

နတ်သမီးလေးရယ်နင်ထွက်ပြေး

ကြယ်လေးမင်းကူလှည့်ပါ

Nhiều Hơn Từ Rzarni အာဇာနည်

Xem tất cảlogo