သီချင်း - ဘယ်တတ်နိုင်မှာလဲ
တေးရေး - ရှိုင်းဝေယံ
တေးဆို - SPY
Band - Silver Gold
Mixing - Aung Doo
ရင်ဘက်ကို စောင့်ကန်လိုက်သလိုပါပဲလေ
မူမမှန်တော့တဲ့ မင်းရဲစကားသံတွေကြားနေ
အလွယ်တကူ လွမ်းခွဲရအောင်လည်း
အပေါ်ယံချစ်ခဲ့တာမှ မဟုတ်ပဲ
နင်တကယ် အခြားတစ်ယောက်
တွေ့နေတာလားကွယ်
ငါ့နားတွေပိတ်ကာ ခေါင်းကိုငုံ့ထားမယ်
ငါဘယ်လိုစိတ်နဲ့ အသက်ရှင်ရမလဲ
ငါဘယ်လိုခွင့်လွှတ်နားလည်ရမလဲ ပြောပါ
ဘယ်တတ်နိုင်မှာလဲ
ငါ့ထက်ချစ်ရမယ့်သူ ပေါ်လာတဲ့အခါ
ဘယ်တတ်နိုင်မှာလဲ
ငါ့အချစ်တစ်ခုထဲနဲ့ နင်မလုံလောက်တဲ့အခါ
ဘယ်တတ်နိုင်မှာလဲ လေ
ဒါ ငါတို့ရဲ့အဆုံးသတ်လား
အဖြေတစ်ခုတော့ရှိမှာပါ .. ဟိုး
ဘယ်တတ်နိုင်မှာလဲ
တရားသဘောအားဖြင့်
နားလည်ပေးပါဆိုလည်း
ဘယ်တတ်နိုင်မှာလဲ
လူသားတစ်ယောက်ဖြစ်တဲ့အတွက်
ငါ့မျက်ရည်စတွေ ဖိတ်စင်ကျမိမယ်
ဒါငါတို့ရဲ့ အဆုံးသတ်လား
ဒါဟာငါ့အတွက် ရလဒ်လားပြောပါ
ဘယ်တတ်နိုင်မလဲ
နင်တကယ် အခြားတစ်ယောက်
တွေ့နေတာလားကွယ်
ငါ့နားတွေပိတ်ကာ ခေါင်းကိုငုံ့ထားမယ်
ငါဘယ်လိုစိတ်နဲ့ အသက်ရှင်ရမလဲ
ငါဘယ်လိုခွင့်လွှတ်နားလည်ရမလဲ ဖြေဦး
ဘယ်တတ်နိုင်မှာလဲ
ငါ့ထက်ချစ်ရမယ့်သူ ပေါ်လာတဲ့အခါ
ဘယ်တတ်နိုင်မှာလဲ
ငါ့အချစ်တစ်ခုထဲနဲ့ နင်မလုံလောက်တဲ့အခါ
ဘယ်တတ်နိုင်မှာလဲ လေ
ဒါ ငါတို့ရဲ့အဆုံးသတ်လား
အဖြေတစ်ခုတော့ရှိမှာပါ .. ဟိုး
ဘယ်တတ်နိုင်မှာလဲ
ငါ့ထက်ချစ်ရမယ့်သူ ပေါ်လာတဲ့အခါ
ဘယ်တတ်နိုင်မှာလဲ
ငါ့အချစ်တစ်ခုထဲနဲ့ နင်မလုံလောက်တဲ့အခါ
ဘယ်တတ်နိုင်မှာလဲ လေ
ဒါ ငါတို့ရဲ့အဆုံးသတ်လား
အဖြေတစ်ခုတော့ရှိမှာပါ .. ဟိုး
ဘယ်တတ်နိုင်မှာလဲ
တရားသဘောအားဖြင့်
နားလည်ပေးပါဆိုလည်း
ဘယ်တတ်နိုင်မှာလဲ
လူသားတစ်ယောက်ဖြစ်တဲ့အတွက်
ငါ့မျက်ရည်စတွေ ဖိတ်စင်ကျမိမယ်
ဒါငါတို့ရဲ့ အဆုံးသတ်လား
ဒါဟာငါ့အတွက် ရလဒ်လားပြောပါ
ဟူး .. ဘယ်တတ်နိုင်မလဲ