menu-iconlogo
huatong
huatong
avatar

A Thel Kwel Yat Yar Zar

Wyne Su Khaing Theinhuatong
jahmari0huatong
Lời Bài Hát
Bản Ghi
တစ်ယောက်တည်းအထီးကျန်တဲ့နေ့

အိမ်ပြတင်းတံခါးဆီငေး

နွေရာသီရဲ့နှုတ်ဆက်ခြင်းက

မျက်ရည်နဲ့မိုးလေး

ကမ္ဘာကြီးလည်းငိုတဲ့နေ့

တချိန်ကလွမ်းစရာလေး

ဒီလိုတို့ဝေးရမယ်ဆို

မင်းကိုမချစ်ဘူးဟေ့

အညိုရောင်တိမ်တိုက်လေးတွေဟာ

သည်းကာမိုးရွာစေတတ်သလား

ဒဏ်ရာဟောင်းတွေ

မိုးနဲ့တွေ့ရင်

အသစ်ပြန်ဖြစ်သွားသလား

တိမ်ညိုတွေအုံ့မိုင်းတဲ့ရာသီ

ဒီကမ္ဘာဟာလွမ်းဖျားလွမ်းနာအတိ

အနောက်မြောက်ထောင့်က

မိုးသားလေးတွေ

အငြိုးကြီးတဲ့ရာသီ

သေမယ်ဆိုသေလို့ရပါပြီ

နင်ဆိုတာမရှိတော့တဲ့ဘဝကြီးမှာ

ဘယ်နည်းနဲ့မှအသက်ရှင်စရာ

ရှာမတွေ့တော့တဲ့ငါ့ကမ္ဘာဟာ

မနက်ဖြန်တွေဟာ

အသည်းကွဲရက်ရာဇာ

ကမ္ဘာကြီးလဲပြိုတဲ့နေ့

အရင်ကလွမ်းစရာလေး

ဒိလိုတို့ဝေးရမယ်ဆို

မင်းကိုမချစ်ဘူးဟေ့

အညိုရောင်တိမ်တိုက်လေးတွေဟာ

သည်းကာမိုးရွာစေတတ်သလား

ရင်ကိုခွဲကာ

ဆားနဲ့ပတ်သလို

မျက်ရည်တွေစီးကျ

သေရာပါဒဏ်ရာတွေပဲမင်းပေးခဲ့တာပါ

ပြန်မလာရင်

ပြန်မလာချင်တဲ့

အကြောင်းလေးတော့ဖြေပါ

ဒီလိုမိုးတွေသည်းတာနဲ့

အသက်ရှုကြပ်လာတယ်

ဒီတိုင်းဆက်သွားရင်သေနိုင်လောက်တယ် ဟိုး

တိမ်ညိုတွေအုံ့မိုင်းတဲ့ရာသီ

ဒီကမ္ဘာဟာလွမ်းဖျားလွမ်းနာအတိ

အနောက်မြောက်ထောင့်က

မိုးသားလေးတွေ

အငြိုးကြီးတဲ့ရာသီ

သေမယ်ဆိုသေလို့ရပါပြီ

နင်ဆိုတာမရှိတော့တဲ့ဘဝကြီးမှာ

ဘယ်နည်းနဲ့မှအသက်ရှင်စရာ

ရှာမတွေ့တော့တဲ့ငါ့ကမ္ဘာဟာ

မနက်ဖြန်တွေဟာ

အသည်းကွဲရက်ရာဇာ

ဘယ်နည်းနဲ့မှအသက်ရှင်စရာ

ရှာမတွေ့တော့တဲ့ငါ့ကမ္ဘာဟာ

မနက်ဖြန်တွေဟာ

အသည်းကွဲရက်ရာဇာ

Nhiều Hơn Từ Wyne Su Khaing Thein

Xem tất cảlogo