သီချင်း : အလွမ်းအထာ
တေးဆို : စိုင်းစိုင်းခမ်းလှိုင်
ငါမအိပ်နိုင် ငါမစားနိုင် အသဲကွဲနေတယ်
ဘာအလုပ်မှငါမလုပ်နိုင် အရမ်းလွမ်းနေတယ်
ဘယ်လိုလဲ ဘယ်လိုလဲ
ဒီမှာမင်းမရှိလို့မဖြစ်ဘူး
အလွမ်းတွေလောင်ကာမြိုက် ငါ့မှာအချစ်ရူး
နေ့စဉ်ရက်စက်ရစ်မူး မထူးပါဘူး
အရမး်လည်းမင်းပေါ်မကောင်းခဲ့
ငါအရမ်းလည်းမဆိုးခဲ့ဘူး
ပြောချင်တာတစ်ခုက ငါလဲပဲအသည်းနှလုံးနဲ့လူ
မပေါင်းတဲ့ဇာတ်သိမ်းခန်းတွေအမြဲမုန်းတဲ့သူ
မင်းကျေနပ်ဖို့ မင်းအလိုလိုက်ခဲ့
မျောက်ကလေးကငှက်ပျောသီးကြိုက်သလိုကြိုက်ခဲ
အခုကျတော့ ငါ့မှာဆွေး...
ကံကြမ္မာရက်စက်လို့ခဏတာဝေး...
မင်းအကြောင်းပဲငါ့မှာတွေး...
တစ်နေကုန်ရပ်စောင့်နေခဲ့
အိုး တယ်လီဖုန်းလေးအနားမှာ ဟေး...
ငါမအိပ်နိုင် ငါမစားနိုင် အသဲကွဲနေတယ်
ဘာအလုပ်မှငါမလုပ်နိုင် အရမ်းလွမ်းနေတယ်
ရင်းနှီးခဲ့တဲ့ ပေးဆပ်ဖူးတဲ့
ငါ့ရဲ့အချစ်များနဲ့
မြန်မာပြည်မှာငါ့ရဲ့အဖြစ်က
အသည်းကွဲဇာတ်လိုက်ပဲ
အလွမ်းရဲ့အထာနဲ့...
မင်းငါ့ကိုနောက်တစ်ခေါက်ထပ်မထားခဲ့နဲ့
ငါ့ကိုနောက်တစ်ခါထပ်မထားခဲ့နဲ့
(အလွမ်းရဲ့အထာနဲ့)
မင်းငါ့ကိုနောက်တစ်ခေါက်ထပ်မထားခဲ့နဲ့
မနေတတ်တာမင်းသိရဲ့နဲ့
(အလွမ်းရဲ့အထာနဲ့)
မနက်အစောကြီးပဲနိုးလာခဲ့သတိရမိတဲ့အနမ်းတွေ
ငါBreakfastကိုပြင်ဆင်ရင်း
မီးဖိုခန်းထဲလွမ်းနေ နှုတ်ခမ်းတွေ
တဖွဖွနဲ့ မင်းနာမည်ကိုရေရွတ်
တစ်ချိန်ကငါ့ရဲ့ဘဝ
မင်းနှုတ်ခမ်းနီရာတွေပေစွန်း
ငါဟာအထီးကျန်မှာကြောက်သူ
စိန်ပန်းပြာတွေကောက်ရင်း လမ်းစပျောက်သူ
ကန်းသူတစ်ယောက်လိုငါဟာဦးတည်ရာမဲ့
ကောင်မလေးမင်းရဲ့စိတ်ကအခုချိန်
ဘယ်သူ့ဆီမှာလဲ
အဖျားတက်လို့အအိပ်အစားပျက်အားနည်းနေ
မေမေကတော့ပြောရှာပါရဲ့တရားနဲ့ဖြေ
ဒါပေမယ့်...ဒီအိပ်ခန်းလေးကလွမ်းစရာ
အိမ်ရှေ့ခန်းမှာဧည့်ခန်းမှာ
အရာရာတိုင်းကအလွမ်းအထာပေါ့အချစ်ရေ...
ငါမအိပ်နိုင် ငါမစားနိုင် အသဲကွဲနေတယ်
ဘာအလုပ်မှငါမလုပ်နိုင် အရမ်းလွမ်းနေတယ်
ရင်းနှီးခဲ့တဲ့ ပေးဆပ်ဖူးတဲ့ ငါ့ရဲ့အချစ်များနဲ့
မြန်မာပြည်မှာငါ့ရဲ့အဖြစ်က
အသည်းကွဲဇာတ်လိုက်ပဲ အလွမ်းရဲ့အထာနဲ့...
မင်းငါ့ကိုနောက်တစ်ခေါက်ထပ်မထားခဲ့နဲ့
ငါ့ကိုနောက်တစ်ခါထပ်မထားခဲ့နဲ့ (အလွမ်းရဲ့အထာနဲ့)
မင်းငါ့ကိုနောက်တစ်ခေါက်ထပ်မထားခဲ့နဲ့
မနေတတ်တာမင်းသိရဲ့နဲ့
ဗုဒ္ဒဘုရားဒီဘဝဝဋ်ကြွေးရှိသမျှကျေပါစေ
ရုပ်ဝတ္ထုတွေမပိုင်ဆိုင်ရလည်းနေပါစေ
အင်း...ငါ့ရဲ့ကံတရားကခပ်ညံ့ညံ့
ဖူးစာရေးနတ်လဲမကူမကယ်နိုင်ရပ်တန့်
မင်းရနံ့ အလိုအပ်ဆုံးပါ ဘာတွေဖြစ်ဖြစ်ဘယ်လိုဖြစ်ဖြစ်
ငါဆက်ချစ်နေဦးမှာ အခုငါ့မှာတွေ့ချင်လွန်းလို့
ငါ့ကိုချစ်လားငါ့ကိုလွမ်းလား အမ်..ငါမေးချင်လွန်းလို့
ငါမအိပ်နိုင် ငါမစားနိုင် အသဲကွဲနေတယ်
ဘာအလုပ်မှငါမလုပ်နိုင် အရမ်းလွမ်းနေတယ်
ငါမအိပ်နိုင် ငါမစားနိုင် အသဲကွဲနေတယ်
ဘာအလုပ်မှငါမလုပ်နိုင် ဒဏ်ရာတွေချည်းပဲ
ရင်းနှီးခဲ့တဲ့ ပေးဆပ်ဖူးတဲ့
ငါ့ရဲ့အချစ်များနဲ့ မြန်မာပြည်မှာငါ့ရဲ့အဖြစ်က
အသည်းကွဲဇာတ်လိုက်ပဲ အလွမ်းရဲ့အထာနဲ့...
မင်းငါ့ကိုနောက်တစ်ခေါက်ထပ်မထားခဲ့နဲ့
ငါ့ကိုနောက်တစ်ခါထပ်မထားခဲ့နဲ့ (အလွမ်းရဲ့အထာနဲ့)
မင်းငါ့ကိုနောက်တစ်ခေါက်ထပ်မထားခဲ့နဲ့
မနေတတ်တာမင်းသိရဲ့နဲ့ (အလွမ်းရဲ့အထာနဲ့)
မင်းငါ့ကိုနောက်တစ်ခေါက်ထပ်မထားခဲ့နဲ့
ငါ့ကိုနောက်တစ်ခါထပ်မထားခဲ့နဲ့ (အလွမ်းရဲ့အထာနဲ့)
မင်းငါ့ကိုနောက်တစ်ခေါက်ထပ်မထားခဲ့နဲ့
မနေတတ်တာမင်းသိရဲ့နဲ့ (အလွမ်းရဲ့အထာနဲ့)