menu-iconlogo
huatong
huatong
avatar

အထီးကျန်

စိုင်းစိုင်းhuatong
nenitbhuatong
歌词
作品
အထီးကျန်

သိမ်ငယ်မှုများစွာရယ်

မင်းမရှိတဲ့နေ့တွေရယ်

ငါတစ်ယောက်တည်းအားတွေငယ်

အချစ်ကို ယုံကြည်ခဲ့မိပါတယ်

အစိမ်းလိုက်မင်းဖဲ့ခြွေခဲ့တော့

ငါတစ်ယောက်တည်း ရူးနေမယ်

ကမ္ဘာတစ်ဖက်မှာ နင်နေထိုင်တယ်

ကမ္ဘာတစ်ဖက်မှာ ငါနေထိုင်တယ်

ကမ္ဘာတစ်ဖက်စီဝေးလို့နေလို့

ဆွေးလို့မြေ့လို့ ငါခွေယိုင်လဲ

ကမ္ဘာတစ်ဖက်မှာနင် ချန်ထား

ကမ္ဘာပျက်မှာလား

ကမ္ဘာမြေကတို့နှစ်ယောက်ရဲ့ကြား

မဆုံနိုင်အောင်ကာဆီးကာထား

ကမ္ဘာတစ်ဖက်မှာည

ကမ္ဘာတစ်ဖက်မှာနေ့

နာရီမိနှစ်စက္ကန့်အားလုံး

ဇောက်ထိုးမိုးမျှော်

ဆန့်ကျင်ဘက်တွေဖြစ်ပြီဟေ့

ဟိုးအဝေး…နင်ထွက်ပြေးလို့

ငါ့ရင်ထဲမှာ ဟာတာတာ

ကျေးဇူးပြုပြီး

ငါအချစ်ကိုနင်စာနာပါ

အမြန်လာပါချစ်သူရယ်

စိတ်ကောက်ကြတဲ့နေ့တွေကိုလွမ်းလို့

တမ်းတတယ်အရမ်းကို

မင်းရှိတဲ့အရပ်ကိုအမြဲကိုမှန်းလို့

မနက်နိုးရင်မေတ္တာပို့

ဘုရားမှာဦးချသစ္စာဆို

မဖောက်ဖျက်ဘူးငါ့ရဲ့အချစ်က

ပက်ပက်စက်စက်ချစ်တာမို့

မင်းစိတ်ကြိုက်ဖြစ်လာဖို့

တစ်ခုချင်းလေ ငါလေပြုပြင်

လူတွေရဲ့အထင်မြင်

အယူအဆ တွေကိုငါလေမမှုချင်

အချိန်ရှိတိုင်းမင်းကိုလွမ်းမျှော်

ပြန်မလာမှာကြောက်နေခဲ့

စောင့်နေခဲ့လက်ချိုးရေလို့

နေ့ရက်တွေမှာ ဆောက်တည်ရာမဲ့

အထီးကျန်

သိမ်ငယ်မှုများစွာရယ်

မင်းမရှိတဲ့နေ့တွေရယ်

ငါတစ်ယောက်တည်းအားတွေငယ်

အချစ်ကို ယုံကြည်ခဲ့မိပါတယ်

အစိမ်းလိုက်မင်းဖဲ့ခြွေခဲ့တော့

ငါတစ်ယောက်တည်း ရူးနေမယ်

တစ်ယောက်တည်းပဲနေတော့မယ်လို့

ရက်ရက်စက်စက် မင်းကပြောတယ်

တစ်ယောက်တည်းပဲကျန်ခဲ့မှာမို့

ပက်ပက်စက်စက် ငါရင်မောတယ်

မွန်းကျပ်နေခဲ့

ငါ့အခန်းထဲမှာ မင်းအငွေ့အသက်တွေ

အဆုံးမသတ်နိုင်တဲ့

ငါ့အလွမ်းများအတွက်သီချင်းသက်သေ

အားလုံးကအတင်းဖျက်နေ

မတူညီတဲ့အဆင့်တန်းသဘောမျိုး

တစ်ဇွတ်ထိုးတက်တယ်

ငါ့အကျင့်ကဆင်ကန်းတောတိုး

နေမြင့်တော့အရူးရင့်လာ

မင်းပေးတဲ့ ဥက္ခော

ခံရခတ်တဲ့ဝေဒနာက

ရင်ဘက်ထဲမှာစူးနစ်လာ

သင်္ချာသင်ခန်းစာမှာ

ဘေ့စ် တူမှ ပါဝါ ချင်းပေါင်းတယ်

အခြေနေတွေမတူညီတာက

မင်းရဲ့ဘဝကလာချင်းကောင်းတယ်

မင်းငါ့ကိုမကြိုက်ဘူး လုံးဝကိုမမိုက်ဘူး

ဒါနဲ့လည်းစိတ်မကုန်ဘူး

ငါ့ရဲ့အဖြစ်ကမိုက်ရူးရဲ

ငါ့နားမှာမင်းရှိခဲ့ ငါ့ဘဝကိုငါကျေနပ်တယ်

မင်းနဲ့အတူနေတဲ့အချိန်တိုင်း

ဘဝင်ကိုလေဟပ်တယ်

ငါ့နားမှာနင်မရှိတော့

ငါ့ဘဝကိုငါအားငယ်လို့

ဒီသီချင်းက

ငါ့အချစ်ကိုနင်နားလည်ဖို့

အထီးကျန်

သိမ်ငယ်မှုများစွာရယ်

မင်းမရှိတဲ့နေ့တွေရယ်

ငါတစ်ယောက်တည်းအားတွေငယ်

အချစ်ကို ယုံကြည်ခဲ့မိပါတယ်

အစိမ်းလိုက်မင်းဖဲ့ခြွေခဲ့တော့

ငါတစ်ယောက်တည်း ရူးနေမယ်

ဂတိတွေလဲ စကားတွေလဲ

တိမ်လိုလွင့်မျှောသွားပြီပဲ

အလွမ်းတွေနဲ့ အဆွေးတွေနဲ့

ဘယ်လိုငါရင်ဆိုင်ရမလဲ

မင်းမရှိပဲ ဒီလူ့ဘဝထဲ

ငါမနေတက်ဘူး ချစ်သူရယ်

နာကြည်းတက်တဲ့

စိတ်တစ်ခုကို ငါရချင်တယ်

ခွင့်မလွှတ်တက်တဲ့

စိတ်တစ်ခုကို ငါရချင်တယ်

အထီးကျန်

သိမ်ငယ်မှုများစွာရယ်

မင်းမရှိတဲ့နေ့တွေရယ်

ငါတစ်ယောက်တည်းအားတွေငယ်

အချစ်ကို ယုံကြည်ခဲ့မိပါတယ်

အစိမ်းလိုက်မင်းဖဲ့ခြွေခဲ့တော့

ငါတစ်ယောက်တည်း ရူးနေမယ်

ကျေးဇူးတင်ပါတယ်

follow လုပ်ထားခြင်းဖြင့်

နောက်ထပ်သီချင်းကောင်းများ

ဆိုနိုင်မည်

更多စိုင်းစိုင်း热歌

查看全部logo