menu-iconlogo
huatong
huatong
avatar

သခင့်ဆီအပြေးပြန်လာမည်

စိုင်းထီးဆိုင်huatong
lourasfolhuatong
歌词
作品
ပခြုပ်ဆိုင်ပြတင်းက

ခန်းဆီးစမလို့ကြည့်လိုက်ရင်

ကိုယ့်ရင်မှာဘယ်သို့ရှိမယ်

မင်းသိနိုင်မလားဟင်

ဗျစ်ရည်ဆိုင်ထဲက

အရက်ခွက်ကိုဆရင်းတွေးမိရင်

ကိုယ့်ရင်ဟာဘယ်သို့ရှိမယ်

မင်းမှန်းနိုင်မလားဟင်

သခင်လို့တောင်အမည်တပ်ချင်

မင်းလေးကိုလေ

ရောက်တဲ့အရပ်မင်းရဲ့မျက်နှာ

အိမ်မက်တိုင်းမင်းရဲ့အကြောင်းသာ

စိုးမိုးနိုင်လွန်းတဲ့အချစ်ပါ

ဒါ့ကြောင့်ကိုယ်သခင်လို့ခေါ်မယ်

အရှင်လို့ခေါ်မယ်နော့်ခေါ်မယ်နော့်

ထွက်ပြေးလည်းလွတ်ကိုမလွတ်ပါ

အနှေက်ယှက်ကဦးနှောက်ထဲမှာ

စွဲနေဆဲစွန့်လွှတ်နှလုံးသား

ဒါကြောင့်ကိုပြန်ခဲ့မယ်

ပြန်လှည့်လာမယ်နော်

ဘယ်လိုလဲမင်းလက်ခံမှာလား

မင်းဆီးကြိုမှာလား

မပေတော့ပါဘူး မမိုက်တော့ပါဘူး

ဆုံးဖြတ်ချက်လုံးလုံးချကာရယ်

သခင့်ဆီအပြေးပြန်လာမည်

သခင့်ဆီအပြေးပြန်လာမည်

သခင့်ဆီအပြေးပြန်လာမည်

အချစ်ကလေးဆီ.....

ပန်းခြံတွေထဲလည်း

လမ်းလျှောက်ရင်း အလွမ်းဖျောက်ရောက်ခဲ့တယ်

ခလေးငယ်တွေပျော်မြူးကစားတာ

ငေးကြည့်နေတုန်းလေ...

တိရစ္ဆာန်ရုံဘက်လည်းအားအားတိုင်း

စိတ်ညစ်ပျောက်မလားလို့

ချစ်သူတွေစုံတွဲများစွာ

အားကျသလိုရှိခိုက်

စိတ်ထဲကိုဝင်ရောက်လား

အတိတ်ကဇာတ်အကြောင်း

ရည်းစားဘဝချစ်လို့မဝပါ

စကားများလည်းပြောလို့မပြီးပါ

အပြုံးပန်းလည်းပွင့်လို့မဆုံးပါ

ဒါကြောင့်ကိုယ်ရင်ဖွင့်ကာရယ်

အဆင်သင့်ဝင်လာခဲ့ဝင်လာလှည့်

ဟိုးတုန်းကဖြစ်ပျက်သမျှဟာ

နမ်းပြီးရင်းနမ်းလို့မဝခင်

အိမ်းမက်မှလန့်ကာနိုးသလို

ဒါကြောင့်ကိုယ်ရငါနင့်စွာရယ်

ပြင်သင့်တာတွေကိုပြင်ပါ့မယ်

မင်းပြောင်းစေချင်သလား

မင်းကောင်းစေချင်သလား

မနေတော့ပါဘူးမကမ်းတော့ပါဘူး

စိတ်နှလုံးကိုဒုံးဒုံးချကာရယ်

သခင့်ဆီအပြေးပြန်လာမည်

သခင့်ဆီအပြေးပြန်လာမည်

သခင့်ဆီအပြေးပြန်လာမည်

အချစ်ကလေးဆီ.....

သူစိမ်းတစ်ရံကြားမှာ

ရမ်းကားတဲ့အကြည့်မိုက်အောက်ငုံကာ

မျက်နှာတော်တကယ်မထားတက်အောင်

မင်းဖြစ်နေမလားဟင်

အရိုင်းဆန်တဲ့စကားတွေ

နားမကြားဝံ့ အရှက်တရားကင်းမဲ့စွာ

မင်းရင်ကို မုန်းတိုင်းတစ်ခုလို

ထိုးဖေါက်မွှေသလားဟင်

အရင်တုန်းက ကိုယ်ရှိတယ်

ခုများတော့အဝေးမှာ

မင်းဘက်ကရပ်တည်စွမ်းမယ့်

တစ်ယောက်ယောက်တော့

ရှိနေသင့်တယ် ထွက်ပြေးတဲ့ကိုယ့်ရဲ့အပြစ်ပါ

ခုတော့နောင်တရပြီလေ

ဘုရင်မထံကိုလေပြန်လာမလေ

လွမ်းပြီးရင်းမလွမ်းစေချင်ပါ

စိတ်ညစ်ရင်းမညစ်စေချင်ပါ

တမ်းတတိုင်းပြည့်စေရမှာ

ဒါကြောင့်ကိုယ်ပြန်ခဲ့မယ်

ပြန်လှည့်လာမယ်နော် ဘယ်လိုလဲ

မင်းလက်ခံနိုင်မလား

မင်းဆီးကြိုမှာလား

မလိမ်တော့ပါဘူး

မကပ်တော့ပါဘူး

ဒုတိယနဲ့နောက်ဆုံး

တစ်ခေါက်ပါလေ..

သခင့်ဆီအပြေးပြန်လာမည်

သခင့်ဆီအပြေးပြန်လာမည်

သခင့်ဆီအပြေးပြန်လာမည်

အချစ်ကလေးဆီ.....

Thanks...

更多စိုင်းထီးဆိုင်热歌

查看全部logo