menu-iconlogo
huatong
huatong
avatar

မျက်လုံးဖွင့်ပြီးအိပ်ကြည့်ပါ

စိုးစန္ဒာထွန်း/Soe Sandar Tunhuatong
arkudakihuatong
歌词
作品
..

အချစ်ဆုံးရယ်

အပြစ်ရှာအမုန်းစကားဆိုတော့

မေတ္တာအရှုံးသမားဘ၀နဲ့

သစ္စာနှလုံးသား

အလှမဲ့ရုပ်ဆိုးရမယ် ………

လကွယ်ညသန်းခေါင်

မိုးမှောင်ကျတာထက်

မေ့ဘ၀ညဥ့်နက်ရပြီကွယ်

သစ်ရွက်ကလေးတွေ

လေမှာဝဲသလို

ကြွေစရာလည်း အသည်းအပိုမရှိ

ချစ်မိသည့်ဝန်တာ

ရင်မှာပိုက်ထွေး

ချစ်ကြွေးသံသရာလည် ………

အချစ်ဆုံးရယ်

အပြစ်ရှာအမုန်းစကားဆိုတော့

မေတ္တာအရှုံးသမားဘ၀နဲ့

သစ္စာနှလုံးသား

အလှမဲ့ရုပ်ဆိုးရမယ် ……

လကွယ်ညသန်းခေါင်

မိုးမှောင်ကျတာထက်

မေ့ဘ၀ညဥ့်နက်ရပြီကွယ်

သစ်ရွက်ကလေးတွေ

လေမှာဝဲသလို

ကြွေစရာလည်း အသည်းအပိုမရှိ

ချစ်မိသည့်ဝန်တာ

ရင်မှာပိုက်ထွေး

ချစ်ကြွေးသံသရာလည် ………

ဒီဘ၀သည်မျှနဲ့ဘဲ

လမ်းခွဲကြပါစို့တဲ့

မုန်းမေ့ဖို့ သူကပြောလာတယ်

သည်းစိုင်မှူးရယ်

မေဘယ်လိုမုန်းမေ့နိုင်ပါ့မယ်

မခွဲနိုင်ဘူးကွယ်

မေဘယ်လိုမုန်းမေ့နိုင်ပါ့မယ် ……

ကျောက်ဆစ်ရုပ်လို အသည်းမရှိရင်တော့

စွဲမိလေသမျှ

မုန်းမေ့လို့ရနိုင်ပေလိမ့်မယ်

မျက်လုံးဖွင့်ပြီး …

အိပ်ကြည့်စမ်းပါအချစ်ရယ်

စိတ်အသိမှာမလွယ် ပင်ပန်းနွမ်းနယ်

မဖြစ်နိုင်သလိုဘဲ ကွယ်

အသက်လိုချစ်တဲ့သူကို

မေဘယ်လိုပမာနည်းနာနဲ့

နာကြည်းကာမုန်းမေ့နိုင်ပါ့မယ် ………

မျက်လုံးဖွင့်ပြီး …

အိပ်ကြည့်စမ်းပါအချစ်ရယ်

မျက်လုံးဖွင့်ပြီး ……

အိပ်ကြည့်စမ်းပါ အချစ်ရယ်နော် ကွယ် …

(စကားပြော)

လူတစ်ယောက်

မျက်ရည်တစ်ပေါက် တောက်ကနဲကျအောင်

ရင်ထဲမှာဘယ်လောက်အထိများခံစားရသလဲဆိုတာ

ချစ်ဦးသူနဲ့ခွဲခွါဖူးလို့

အသည်းအနာဖူးသူတွေနဲ့

ငိုဖူးတဲ့မျက်လုံးပိုင်ရှင်တွေကတော့

စန္ဒာရဲ့ဒီသီချင်းလေးကို

ခံစားနားလည်နိုင်ကြမှာပါ

အချစ်ဆုံးချစ်သူက

အပြစ်ရှာအမုန်းစကားဆိုသွားတော့

မေတ္တာအရှုံးသမားဘ၀နဲ့

စန္ဒာရဲ့သစ္စာနှလုံးသားဟာ

အလှမဲ့အရုပ်ဆိုးအကျည်းတန်ခဲ့ရပါတယ် …

အချစ်ရယ် ……

ပြေးကြည့်လို့မှ

လူတစ်ခုဘ၀တစ်ခု

အချစ်တစ်ခုအသည်းတစ်ခု

သစ်ရွက်ကလေးတွေလေမှာဝဲသလို

စန္ဒာရင်မှာ ကြွေရာအသည်းပိုမရှိတော့ပါဘူး။

ဒီဘ၀သည်မျှနဲ့ဘဲ

လမ်းခွဲကြပါစို့တဲ့

မုန်းမေ့ဖို့ သူကပြောလာတယ်

သည်းစိုင်မှူးရယ်

မေဘယ်လိုမုန်းမေ့နိုင်ပါ့မယ်

မခွဲနိုင်ဘူးကွယ်

မေဘယ်လိုမုန်းမေ့နိုင်ပါ့မယ် ……

ကျောက်ဆစ်ရုပ်လို အသည်းမရှိရင်တော့

စွဲမိလေသမျှ

မုန်းမေ့လို့ရနိုင်ပေလိမ့်မယ်

မျက်လုံးဖွင့်ပြီး …

အိပ်ကြည့်စမ်းပါအချစ်ရယ်

စိတ်အသိမှာမလွယ် ပင်ပန်းနွမ်းနယ်

မဖြစ်နိုင်သလိုဘဲ ကွယ်

အသက်လိုချစ်တဲ့သူကို

မေဘယ်လိုပမာနည်းနာနဲ့

နာကြည်းကာမုန်းမေ့နိုင်ပါ့မယ် ……

မျက်လုံးဖွင့်ပြီး …

အိပ်ကြည့်စမ်းပါအချစ်ရယ်

မျက်လုံးဖွင့်ပြီး ……

အိပ်ကြည့်စမ်းပါအချစ်ရယ်နော် ကွယ် …

All Thanks ……

更多စိုးစန္ဒာထွန်း/Soe Sandar Tun热歌

查看全部logo
မျက်လုံးဖွင့်ပြီးအိပ်ကြည့်ပါ စိုးစန္ဒာထွန်း/Soe Sandar Tun - 歌词和翻唱