menu-iconlogo
huatong
huatong
avatar

နှုတ်မဆက်နဲ့ငိုချင်တယ်

စိုးပိုင်huatong
mjyack5291huatong
歌词
作品
နှုတ်မဆက်နဲ့ငိုချင်တယ်

ရေး ဦးသက်မှူး

ဆို စိုးပိုင်

ပျော်လို့မဆုံး

ပြုံးမဝသေးတယ်

ဒီအချိန်ဝယ်

တစ်ရပ်တကျေးနယ်

အဝေးရယ်

သူသွားမယ်

ရုတ် တ ရက်ကွယ်

မခွဲစဖူးခွဲရက်တယ်

ဘယ်လိုပင်ကွယ်

ဟန်ဆောင်ပါလည်းမလွယ်

မျက်ရည်များက

ဝဲလို့သာလာပါတယ်

သူ့ရဲ့မျက်နှာ

မြင်ရင်ကွယ်

စိတ်ထဲမယ်

ခွဲရမှာမလိုချင်တယ်

မမျှော်လင့်ဘဲ

ခွဲရတော့ကွယ်

ငိုချင်တယ်

မျက်နှာချင်းဆိုင်

ကြည့်ကာရင်ထဲဝယ်

ကြိတ်လို့ရယ်

နှစ်ဦးသားစကား

ပြောထွက်မလွယ်

ရီဝေစွာရယ်

ငိုချင်လာမိတယ်

တစ်ယောက်ကိုတစ်ယောက်က

နှုတ်ဆက်ခါသာရည်ဝယ်

အသည်းထဲမှာ

နာကျင်တယ်

အချစ်ဦးရယ်

နှုတ်ဆက်ရင်

ငိုချင်တယ်

မမျှော်လင့်ဘဲ

ခွဲရတော့ကွယ်

ငိုချင်တယ်

မျက်နှာချင်းဆိုင်

ကြည့်ကာ ရင်ထဲဝယ်

ကြိတ်လို့ရယ်

နှစ်ဦးသားစကား

ပြောထွက်မလွယ်

ရီဝေစွာရယ်

ငိုချင်လာမိတယ်

တစ်ယောက်ကိုတစ်ယောက်က

နှုတ်ဆက်ခါသာရည်ဝယ်

အသည်းထဲမှာ

နာကျင်တယ်

အချစ်ဦးရယ်

နှုတ်ဆက်ရင်ငိုချင်တယ်

更多စိုးပိုင်热歌

查看全部logo