menu-iconlogo
huatong
huatong
avatar

ယောက်ျားတွေကိုမမုန်းမိသေးပါ

စန္ဒရားချစ်ဆွေ/စိုးစန္ဒာထွန်းhuatong
🕊ရဲနိုင်🕊🇲🇲huatong
歌词
作品
သြော်…ယောက်ျားဆိုသည်

မပီကလာ ပီကလာ

တီတီတာတာ ပြောတတ်လိုက်တဲ့

စကားအရာ

ဥပမာတင်စား…

မြောက်များစွာ…

အချစ်ကလေးရဲ့အသည်းကလေးရဲ့

ရင်ခွဲပေးမတဲ့

ဓူဝံကြယ်လည်း..

ဆွတ်ပေးမယ်ဆိုလား…

****

ဇီးဖြူဖန်ခါးများဆို..

ငုံလို့များတောင်ထားလိုက်ချင်ပါသတဲ့

မျက်နှာလေး ချိုချိုသာသာ

ပြီတီတီနွဲ့လိုက်ပါတဲ့

ကိုကိုမာယာ…

အတောင်နှစ်ဆယ်ဝတ်

ယောက်ျားများရဲ့

ဟန်ဆိုတာ ဒါဘဲလားဆရာ…

****

ကျမတို့ မိန်းမသားဆိုတာ

ယုံမိပြီဆိုရင်..

မျက်စေ့မှိတ် အံကြိတ်လို့

ချစ်မိတာ..

ချစ်မိပြီဆိုရင်မောင်ရယ်

မိုက်မိုက်ကန်းကန်း…

ကြမ်းတမ်းတဲ့လမ်းခရီးဆိုလည်း…

ခေါ်ရင်ခေါ်…

မောင်ပါရင် ပင်…

လယ်လက်ပစ်ကူးလို့

အချစ်ရူးလေးလို ချစ်ရဲခဲ့သူပါ….

တစ်ယောက်ကလည်း ရင်ခွဲ

..အသည်းကင်ပါတဲ့

တစ်ယောက်ကလည်း…

နှလုံးသွေး…ဖောက်ကာပေးမတဲ့

ရှင်တို့အချိုး ..မျက်နှာပိုးသေသေ

မင်သေသေနဲ့….

ကျမမှာယုံလို့…ပုံအပ်မိခဲ့အခါခါ…

မျက်ရည် တစ်ပေါက်ပြီးတစ်ပေါက်

ပင်လယ်ရေလောက် ကျခဲ့ရတာ

အကြိမ်တစ်ရာ…

ဒါပေမဲ့လည်း…

ယနေ့ထိတော့

ယောက်ျားတွေကို မမုန်းမိသေးပါ

ယောက်ျားတွေကို မမုန်းမိသေး…ပါ….

<>

ချစ်လို့မိုက်မိသူမှာ…

အချစ်ရှုံး…တော့

အပူလုံးကြွခဲ့ပေမဲ့

အပြုံးကတော့ အမြဲချို သာ…

****

ဟင်…စေ့စေ့တွေးတော့

ချစ်မေတ္တာ အရေးမထား

ကလေးကစားစရာ

အရုပ်ကလေးတစ်ရုပ်လိုပါ

ရှင်တို့ယောက်ျားတွေ

မူယာမာယာ

သရုပ်ဆောင်ကောင်းသမျှ

ကျမရင်မှာမချိ…အပူမီးစွဲ…

အသည်းလည်း ကွဲခဲ့ရအခါခါ…

ဘယ်လိုပင်… အထိ,နာပေမဲ့

မသိမသာလေးတော့

ယုံမြဲယုံနေလျှက်ပါ…

****

ဟယ်..အမိုက်မလေး ကျမ

ရင်မှာမချိလှပေမဲ့…

ယနေ့အထိတော့

ယောက်ျားတွေကိုမမုန်းမိသေးပါ

ယောက်ျားတွေကိုမမုန်းမိသေး…ပါ

တစ်ယောက်ကလည်း ရင်ခွဲ

..အသည်းကင်ပါတဲ့

တစ်ယောက်ကလည်း…

နှလုံးသွေး…ဖောက်ကာပေးမတဲ့

ရှင်တို့အချိုး…မျက်နှာပိုးသေသေ

မင်သေသေနဲ့….

ကျမမှာယုံလို့…ပုံအပ်မိခဲ့အခါခါ…

မျက်ရည် တစ်ပေါက်ပြီးတစ်ပေါက်

ပင်လယ်ရေလောက် ကျခဲ့ရတာ

အကြိမ်တစ်ရာ…

ဒါပေမဲ့လည်း…

ယနေ့ထိတော့

ယောက်ျားတွေကို မမုန်းမိသေးပါ

ယောက်ျားတွေကို မမုန်းမိသေးပါ….

Smule မှ ကူးယူပြီး

StarMaker မှာပြန်လည်၍

ထပ်ဆင့်မျှဝေပါသည်

မူရင်းသက်ဆိုင်သူအားလုံးကို

Credits ပေးပါ၏

ကျေးဇူးတင်ပါသည်

ရဲနိုင်

更多စန္ဒရားချစ်ဆွေ/စိုးစန္ဒာထွန်း热歌

查看全部logo