menu-iconlogo
huatong
huatong
avatar

ဘယ်သူတွေ

စန္ဒီhuatong
ဂျပ်စီမိုးတိမ်huatong
歌词
作品
ဘယ်သူတွေ

ရေး - မျိုးကျော့မြိုင်

ဆို - စန္ဒီ

Upload Hades~တေးသံသာ

ဘယ်သူတွေ ဘယ်လိုဖျက်

ဘယ်တော့မှ မပျက်ဘူး အချစ်ရေ

ကိုယ်တို့အချစ် အင်အားများနဲ့

တည်မယ်လေ...

ဘယ်သူတွေ ဘယ်လိုပြော

ကိုယ် နားထဲမရောက်ဘူး အချစ်ရေ

ကိုယ် မင်းရဲ့အချစ်စွမ်းအားနဲ့

သွားမယ်လေ...

°•°•°•°•°

မင်းရဲ့အကြောင်းကို တွေးလို့

သီချင်းလေး ညည်းချိန်မှာ

မင်းရဲ့စကားတွေ သတိရ

အမြဲ ပြီးပြည့်စုံလာ

တိုးတိုးလေး ကိုယ့်အနားက

မင်းအမြဲ ပြောတဲ့စကား

ဘယ်ရောက်ရောက် ကိုယ့်အတွက် အင်အားများ

ဒီစိတ်နဲ့ ဖြတ်ကျော်လာ

ဘယ်သူတွေ ဘယ်လိုတား

ကိုယ်နားထဲ မရောက်ဘူးအချစ်ရေ

ရင်ထဲက အသိတရားများနဲ့

နေမယ်လေ...

ဘယ်သူတွေ ဘယ်လိုပြောင်း

တစ်ကယ် မပြောင်းလဲနိုင်တဲ့ အချစ်တွေ

ကိုယ်တို့နှစ်ယောက် စိတ်ထဲအမြဲအသိ

ရှိမယ်လေ...

°•°•°•°•°

အမှတ်တရများစွာ ရင်ထဲက

ပြောမပြတတ်တဲ့စကား

နှစ်လများစွာခိုင်မြဲလို့

မပြောင်းဘူး သိရဲ့လား

တိတ်တိတ်လေး နေရာလေးတစ်ခု

ကိုယ်တို့နှစ်ယောက် ဆောက်တည်ထား

အရာအားလုံးပြည့်စုံ ဘဝလေးထဲ

အမြဲတမ်းရှိစေသား

ဘယ်သူတွေ ဘယ်လိုဖျက်

ဘယ်တော့မှ မပျက်ဘူး အချစ်ရေ

ကိုယ်တို့အချစ် အင်အားများနဲ့

တည်မယ်လေ...

ဘယ်သူတွေ ဘယ်လိုပြောင်း

တစ်ကယ် မပြောင်းလဲနိုင်တဲ့ အချစ်တွေ

ကိုယ်တို့နှစ်ယောက် စိတ်ထဲသိလို့

သွားမယ်လေ...

°•°•°•°

ဘယ်သူတွေ ဘယ်လိုဖျက်

ဘယ်တော့မှ မပျက်ဘူး အချစ်ရေ

ကိုယ်တို့အချစ် အင်အားများနဲ့

တည်မယ်လေ...

ဘယ်သူတွေ ဘယ်လိုပြောင်း

တစ်ကယ် မပြောင်းလဲနိုင်တဲ့ အချစ်တွေ

ကိုယ်တို့နှစ်ယောက် စိတ်ထဲသိလို့

သွားမယ်လေ...

ဘယ်သူတွေ ဘယ်လိုဖျက်

ဘယ်တော့မှ မပျက်ဘူး အချစ်ရေ

ကိုယ်တို့အချစ် အင်အားများနဲ့

တည်မယ်လေ...

ဘယ်သူတွေ ဘယ်လိုပြောင်း

အစဉ် မပြောင်းလဲနိုင်တဲ့ အချစ်တွေ

ကိုယ်တို့နှစ်ယောက် စိတ်ထဲသိလို့

သွားမယ်လေ...

Thank You

更多စန္ဒီ热歌

查看全部logo