“ပြန်မယ်”ပြန်မယ်
တင်ဇာမော်
မပြောပေမယ့်လည်း
ကြားနေသလိုပဲ
ခွဲခွာသွားရမယ့်
ဒီအချိန်လေး
မတားပေမယ့်လည်း
တားနေသလိုပဲ
သူ့မျက်ဝန်းက
စကားပြောနေ
ခုမှတို့ရဲ့
အချစ်စစ်ဟာ
ကြင်နာသူ
ဘဝအစမှာ
နှလုံးသားများက
ချစ်မဝခင်
ပြန်ရမှာ
ဝမ်းနည်းလာ
ပြန်မယ်ပြန်မယ်
မပြောရက်ပေမယ့်
ပြန်မယ်ပြန်မယ်
သွားရမယ်
ပြန်မယ်ပြန်မယ်
နုတ်မဆက်ချင်ဘူး
တို့ပြန်ဆုံတွေ့ဖို့ရှိတယ်
စိုးရိမ်ပေမယ့်
မစိုးရိမ်ချင်ဘူး
နားလည်ပြီးသားလို့
ယုံကြည်ထား
သို့ပေမယ့်လည်း
လွမ်းစရာတွေနဲ့
သူ့ကိုထားခဲ့ဖို့
ခက်လိုက်တာ
ပြောဖို့ရှိတဲ့
စကားတွေ
ကျန်နေတာ
အများကြီးကွယ်
တို့ထပ်တွေ့မှ
မတွေ့ခဲ့ရင်
တသက်လုံး
ကြေကွဲရမယ်
ပြန်မယ်ပြန်မယ်
မပြောရက်ပေမယ့်
ပြန်မယ်ပြန်မယ်
သွားရမယ်
ပြန်မယ်ပြန်မယ်
နုတ်မဆက်ချင်ဘူး
တို့ပြန်ဆုံတွေ့ဖို့ရှိတယ်
မရှိပေမယ့်လည်း
ရှိနေသလိုပဲ
သူ့ရင်ထဲကို့ရဲ့
ပုံရိပ်များ
မတွေ့နေပေမယ့်လည်း
တွေ့နေသလိုပဲ
ကိုယ့်မျက်ဝန်းထဲ
သူ့မျက်နှာ
အဝေးကြီးဝေးလဲ
အချစ်ဟာ
ချည်နှောင်လာ
ကြိုးကလေးပမာ
ကြိုးလေးတချောင်းရဲ့
အစွန်းနှစ်ဖက်မှာ
တို့အသည်းတွေ
ချိတ်လျှက်သာ
ပြန်မယ်ပြန်မယ်
မပြောရက်ပေမယ့်
ပြန်မယ်ပြန်မယ်
သွားရမယ်
ပြန်မယ်ပြန်မယ်
နုတ်မဆက်ချင်ဘူး
တို့ပြန်ဆုံတွေ့ဖို့ရှိတယ်
#UploadBy G
ချစ်သူတိုင်း
ဆုံဆည်းနိုင်ပါစေ၊၊