menu-iconlogo
huatong
huatong
avatar

သိလျက်နဲ့

ဒီေလးhuatong
pro-gamhuatong
歌词
作品
သီချင်း - သိလျက်နဲ့

တေးဆို - D Lay

ယူပါအတင်းပဲ....ထိုးလို့ပေးတော့

မယူရင် ရိုင်းပြသွားမှာစိုး

ကိုယ်သွားဖြဲပြလို့ မရတော့တဲ့အခါ

အလိုလို....ယူခဲ့ရတယ်

တမင်တကာ...

ကိုယ့်အတွက်ခင်းကျင်းထားသလို

ပျူ ငှာထမင်းစားပွဲတွေကို

ကိုယ်ဆေးကြောလက်နဲ့

အခန့်သင့်တဲ့အခါ မြိန်သလို

ဟန်လုပ်ရတယ်

လာပါ...လမ်းကလေး ခင်းလို့ပေးတော့

ခြေကို လှမ်းဖို့ ခက်နေလည်း

ကိုယ်အထပ်ထပ်ငြင်းလို့ မရတော့တဲ့အခါ

ခေါ်ဆောင်ရာ လိုက်ခဲ့တယ်

သူတို့ပြောတဲ့အတင်းအဖျ င်းထဲမှာ

ကိုယ်ဟာတစ်ခုမှ ရစရာမရှိ

ကာယကံဖြစ်တဲ့ ကိုယ့်ဘက်အမည်းတစ်စက်

မရှိတာ ကိုယ်သာအသိဆုံးဖြစ်မယ်..

လူတွေ ဝိုင်း.ဝိုင်း.ဝိုင်းလို့ဟားတိုက်မှ

သိတယ်......

အရာရာ ရှုံး....ရှုံး..ရှုံးရတဲ့ဘက်မှာရှိတယ်

အချိန်တိုင်းမှာ အချိန်တိုင်းမှာ

အချိန်တိုင်းမှာ

ကိုယ်ခေါင်းငုံ့နေရတယ်

ကံရုပ်သေးရုပ် ကိုယ့်ရဲ့ဘဝကို ဘယ်သူ

ကြိုးဆွဲခဲ့ပြီလဲ....

ကိုယ်တိုင်သိလျက် ညှိလို့မရတဲ့

ပုစ္ဆာ အဖြေကို

နာကြည်းလွန်းတယ်....

ပေလိုအထုအနက် ဘဝရဲ့အောက်မှာ

ကိုယ်လေ ခါးစည်း ကြိတ်ခံမယ်

သန့်ရှင်းတဲ့ နေ့ရဲ့ အပွေ့အဖက်အရသာ

အမှောင်ကိုဖယ်ရင်း စောင့်မယ်

လူတွေ ဝိုင်း.ဝိုင်း.ဝိုင်းလို့ဟားတိုက်မှ

သိတယ်......

အရာရာ ရှုံး..ရှုံး....ရှုံးရတဲ့ဘက်မှာရှိတယ်

အချိန်တိုင်းမှာ အချိန်တိုင်းမှာ

အချိန်တိုင်းမှာ

ကိုယ်ခေါင်းငုံ့နေရတယ်

ကံရုပ်သေးရုပ် ကိုယ့်ရဲ့ဘဝကို

ဘယ်သူကြိုးဆွဲခဲ့ပြီလဲ....

ကိုယ်တိုင်သိလျက် ညှိလို့မရတဲ့

ပုစ္ဆာ အဖြေကို

နာကြည်းလွန်းတယ်....

ပေလိုအထုအနက် ဘဝရဲ့အောက်မှာ

ကိုယ်လေ ခါးစည်း ကြိတ်ခံမယ်

သန့်ရှင်းတဲ့ နေ့ရဲ့ အပွေ့အဖက်အရသာ

အမှောင်ကိုဖယ်ရင်း စောင့်မယ်

သန့်ရှင်းတဲ့ နေ့ရဲ့ အပွေ့အဖက်အရသာ

အမှောင်ကိုဖယ်ရင်း စောင့်မယ်

သန့်ရှင်းတဲ့ နေ့ရဲ့ အပွေ့အဖက်အရသာ

အမှောင်ကိုဖယ်ရင်း စောင့်မယ်

更多ဒီေလး热歌

查看全部logo