သီချင်း - ပျံလေဦးပေါ့ငှက်ငယ်ရယ်
တေးဆို - နန္ဒဧရာ
ဒီအပင်မှာ ရိုးတန် ဖြိုင်ဖြိုင်
အကျည်းတန် နေတုန်းက
ပျံနေတဲ့ ငှက်ကလေးတွေရယ်
ဒီမှာလာပြီး မနားကြဘူးလေကွယ်
ဝမ်းနည်းလို့ နေတုန်းပဲ
ငှက်ကလေးတစ်ကောင်
နားခိုလာတယ်
သစ်ပင်ထက်နားဝယ်
ကိုယ်ကြည်နူးမိ ရတယ်ကွယ်
နေလောင်ဒဏ်လည်း
မေ့ပျောက်ခဲ့တယ်ကွယ်
နားလာတဲ့ ငှက်ကလေးရယ်
ဒီလို အချိန်မျိုးမှာ လာခဲ့တာလည်း
ကျေးဇူးလည်း တင်ပါတယ်
ပျော်လို့တောင် မဆုံးခင်မှာ
အဝေးကို ပျံပြေးတယ်
သူခိုနားတဲ့ အကိုင်းငယ်ရယ်
ဟိုဒီလှုပ်ရှား ယိမ်းထိုးလို့သာကွယ်
ကျိုးတာပဲ ရှိခဲ့တယ်
ငှက်ကျေးဆိုတာ ပျံတတ်တာကို
သိနေပါရက်နဲ့
ကိုယ်မိုက်မှား မိခဲ့တယ်ကွယ်
နေလောင်နေတဲ့
အကိုင်းလေးကျိုးတာကို
ဝမ်းမနည်းဘူး ငှက်ကလေးရယ်
ပျံလေဦးပေါ့ အတောင်
မညောင်းခင်ကွယ်
တစ်မိုးသားအောက် ကမ္ဘာပြင်ကျယ်
ဒီအပင်မှာ ရိုးတန် ဖြိုင်ဖြိုင်
အကျည်းတန် နေတုန်းက
ပျံနေတဲ့ ငှက်ကလေးတွေရယ်
ဒီမှာလာပြီး မနားကြဘူးလေကွယ်
ဝမ်းနည်းလို့ နေတုန်းပဲ
ငှက်ကလေးတစ်ကောင် နားခိုလာတယ်
သစ်ပင်ထက်နားဝယ်
ကိုယ်ကြည်နူးမိ ရတယ်ကွယ်
နေလောင်ဒဏ်လည်း
မေ့ပျောက်ခဲ့တယ်ကွယ်
နားလာတဲ့ ငှက်ကလေးရယ်
ဒီလို အချိန်မျိုးမှာ လာခဲ့တာလည်း
ကျေးဇူးလည်း တင်ပါတယ်
ပျော်လို့တောင် မဆုံးခင်မှာ
အဝေးကို ပျံပြေးတယ်
သူခိုနားတဲ့ အကိုင်းငယ်ရယ်
ဟိုဒီလှုပ်ရှား ယိမ်းထိုးလို့သာကွယ်
ကျိုးတာပဲ ရှိခဲ့တယ်
ငှက်ကျေးဆိုတာ ပျံတတ်တာကို
သိနေပါရက်နဲ့
ကိုယ်မိုက်မှား မိခဲ့တယ်ကွယ်
နေလောင်နေတဲ့
အကိုင်းလေးကျိုးတာကို
ဝမ်းမနည်းဘူး ငှက်ကလေးရယ်
ပျံလေဦးပေါ့ အတောင်
မညောင်းခင်ကွယ်
တစ်မိုးသားအောက် ကမ္ဘာပြင်ကျယ်