မေ့နေပြီလား
ရေး ညီမင်းခိုင်
ဆို ပိုပို
အချိန်မှန်မှန် ဖုန်းဆက်နော်
လွမ်းနေသူ မှာတော့
အရင်လို မင်းအပြုံးလေး
မြင်ယောင်ရင်း ပေါ့
တစ်မြေစီခြား တို့ နှလုံးသား
တိုင်တည်ထား ကတိသစ္စာ
အချိန်တွေ ပြောင်းသွားလည်း
မပြတ်ရ စေသား
ဆုံနေကြ နေရာလေးမှာ
နေ့ စဉ် မျှော်နေတာ
အရင်လို မင်းရနံ့ လေး
တိုးဝှေ့ သလိုပါ
ဒဏ်ရာများ ကြားမှာ
မပျော်နိုင်တဲ့ ငါ့အဖြစ်ပါ
အရာရာ မင်းစိတ်နဲ့ ငါ့ရဲ့ခန္ဓာ
သူ သိလေမလား
ဒီ နှလုံးသား
ကြွေလွင့် အောင်များ
နေရဲ သလား
ဟို အဝေးတစ်နေရာမှာ
အသစ် တွေ့ နေပြီလား
နင်မချစ်တော့ဘူး ဆိုရင်
ဖွင့်ပြောပါ အားမနာနဲ့
တိုင်တည်ထားတဲ့ ကတိတွေ
ငါဖျက် ပေးမယ်
တစ်ကယ် မလွမ်းတော့ဘူး ဆိုရင်
မျှော်လင့်ချက် မပေးပါနဲ့
ဒီစိတ်ကငါ့ကို သေနိုင်လောက်တယ်
ဒါတွေ နင်နားလည်
အင်း ဟင်း
အချိန်မှန်မှန် ဖုန်းဆက်နော်
လွမ်းနေသူ မှာတော့
အရင်လို မင်းအပြုံးလေး
မြင်ယောင်ရင်း ပေါ့
တစ်မြေစီခြား တို့ နှလုံးသား
တိုင်တည်ထား ကတိသစ္စာ
အချိန်တွေ ပြောင်းသွားလည်း
မပြတ်ရ စေသား
ဆုံနေကြ နေရာလေးမှာ
နေ့ စဉ် မျှော်နေတာ
အရင်လို မင်းရနံ့ လေး
တိုးဝှေ့ သလိုပါ
ဒဏ်ရာများ ကြားမှာ
မပျော်နိုင်တဲ့ ငါ့အဖြစ်ပါ
အရာရာ မင်းစိတ်နဲ့ ငါ့ရဲ့ခန္ဓာ
သူ သိလေမလား
ဒီ နှလုံးသား
ကြွေလွင့် အောင်များ
နေရဲ သလားး
ဟို အဝေးတစ်နေရာမှာ
အသစ်တွေ့ နေပြီလား
နင်မချစ်တော့ဘူး ဆိုရင်
ဖွင့်ပြောပါ အားမနာနဲ့
တိုင်တည်ထားတဲ့ ကတိတွေ
ငါ ဖျက်ပေးမယ်
တစ်ကယ် မလွမ်းတော့ဘူး ဆိုရင်
မျှော်လင့်ချက် မပေး ကြနဲ့
ဒီစိတ်ကငါ့ကို သေနိုင်လောက်တယ်
စာနာပါ အုံးကွယ်
အင်း ဟင်း
နင်မချစ်တော့ဘူး ဆိုရင်
ဖွင့်ပြောပါ အားမနာနဲ့
တိုင်တည်ထားတဲ့ ကတိတွေ
ငါဖျက်ပေးမယ်
တစ်ကယ် မလွမ်းတော့ဘူး ဆိုရင်
ဖွင့်ပြောပါ အားမနာနဲ့
ဒီအချစ်ကငါ့ကို သေနိုင်လောက်တယ်
ညှာတာပါ အုံး ကွယ်