သီချင်း း ချစ်တယ်ဟုုတ် 
တေးဆိုု း Bunny Phyoe 
မင်းနဲ့ ရင်းနီးခွင့်ရခဲ့တဲ့ နေ့ကစကာ 
ငါ့ရဲ့ အသိစိတ်ထဲမှာ နေရာယူလို့သွားတာ 
အချိန်မှန် ဖုန်းပြောခဲ့တဲ့ နေနဲ့ညများစွာ 
ချည်နှောင် တစ်ယောက်နဲ့တစ်ယောက်နဲ့ 
သံယောဇဉ်တွေထားကာ 
နင့်ရဲ့မျက်ဝန်းထဲ 
ကြည့်မိချိန်တိုင်းလည်း 
ငါတကယ်ကို မနေတတ်ခဲ့ 
ပြောလိုက်ပါတော့မယ် 
ငါရဲ့အချစ်များလည်း 
ဒါကြာရင် ရူးလိမ့်မယ် 
ဘယ်သူက ယုံမှာလဲ 
ငါတို့က သူငယ်ချင်းတဲ့ 
ဘယ်သူက ယုံမှာလဲ 
မင်းငါ့ကို မချစ်ဘူးတဲ့ 
ဘယ်အချိန်မှာ ဆုံမှာလဲ 
မင်းပေးတဲ့ အချစ်များနဲ့ 
ဘာကြောင့်မို့ 
အချိန်တွေဆွဲထားမလဲ 
မလိမ်နဲ့တော့ 
နင်တကယ်ကို ချစ်နေတာ 
မညာနဲ့တော့ 
နင်ပြန်ကာ ချစ်လိုက်ပါ 
တကယ်ကို 
အချိန်တွေ အကြာကြီးဆွဲမလို့လား 
ငါ့ကို တကယ်ဆိုနင်ရော မချစ်လို့လား 
မသိစိတ်မှာ 
နင်ချစ်နေသားနဲ့ ဘာလို့အချိန်ဖြုန်းမလဲ 
တို့ရဲ့နေ့ရက်များ 
မင်းသဘောပါပဲ 
တရားဝင်ချစ်သူ ဖြစ်မယ့်နေ့ကို 
စောင့်ပါ့မယ် 
အိပ်မက်ထဲမှာပဲ 
မင်းပါးလေးကို ငါလေ 
အနမ်းတွေ ပေးပါ့မယ် 
မင်းလေးရဲ့ အကြည့်တွေထဲ 
ရုန်းထွက်လို့ မရနိုင်ခဲ့ 
ဂရုစိုက်မှုတွေ ပေးတော့ 
ပိုလို့ဆိုးတယ် 
မင်းလည်းပဲ ချစ်နေလျက် 
ဘာ့ကြောင့်မို့ ဖုံးကွယ်လဲ 
လုံးဝ နားမလည်ခဲ့ 
ဘယ်သူက ယုံမှာလဲ 
ငါတို့က သူငယ်ချင်းတဲ့ 
ဘယ်သူက ယုံမှာလဲ 
မင်းငါ့ကို မချစ်ဘူးတဲ့ 
ဘယ်အချိန်မှာ ဆုံမှာလဲ 
မင်းပေးတဲ့ အချစ်များနဲ့ 
ဘာကြောင့်မို့ 
အချိန်တွေဆွဲထားမလဲ 
မလိမ်နဲ့တော့ 
နင်တကယ်ကို ချစ်နေတာ 
မညာနဲ့တော့ 
နင်ပြန်ကာ ချစ်လိုက်ပါ 
တကယ်ကို 
အချိန်တွေ အကြာကြီးဆွဲမလို့လား 
ငါ့ကို တကယ်ဆိုနင်ရော မချစ်လို့လား 
မသိစိတ်မှာ 
နင်ချစ်နေသားနဲ့ 
ဘာလို့အချိန်ဖြုန်းမလဲ 
တို့ရဲ့နေ့ရက်များ 
Monday လျှောက်လို့ သွားမယ်အတူ 
Tuesday ကျတော့ ခိုးထွက်သူ 
Wednesday မတွေ့လို့မဖြစ်ပြန်ဘူး 
Thursday နင့်ကျူရှင်အောင်မှာအခု ငါအရောက် 
Friday ခဏလောက်မတွေ့ရင်ရူး 
Saturday လည်းပဲသိပ်တော့မထူး 
Sunday တစ်ပတ်တော့ပြည့်ပြီအခု 
ဒါတောင် ညတိုင်း ဖုန်းပြောရတာမဝနိုင်ဘူး 
မလိမ်နဲ့တော့ 
နင်တကယ်ကို ချစ်နေတာ 
မညာနဲ့တော့ 
နင်ပြန်ကာ ချစ်လိုက်ပါ 
တကယ်ကို 
အချိန်တွေ အကြာကြီးဆွဲမလို့လား 
ငါ့ကို တကယ်ဆိုနင်ရော မချစ်လို့လား 
မသိစိတ်မှာ 
နင်ချစ်နေသားနဲ့ 
ဘာလို့အချိန်ဖြုန်းမလဲ 
တို့ရဲ့နေ့ရက်များ 
တို့ရဲ့နေ့ရက်များ 
တို့ရဲ့နေ့ရက်များ 
မလိမ်နဲ့တော့