ပြည့်စုံပါစေ
တေးရေး မောင်သစ်မင်း
တေးဆို ဘိုဖြူ
အိုး..မင်းမျက်နှာလေးပဲ
ကိုယ်နေ့တိုင်းအမြဲတမ်း
ငေးကြည့်မိခဲ့
ရင်ထဲကမင်းကိုချစ်တဲ့
စကားတွေလည်း
ကိုယ်ဘာကြောင့်ပြောဖို့
သိပ်တွေဝေနေသလဲ
သက်ပြင်းလေး
မင်းရှေ့နားမှာရှိုက် နေဆဲ
ဒါကိုလည်း သိနိုင်လိမ့်မယ်
ကိုယ်မထင်ဘူး
အိုး . . ဟိုး . . ဟိုး
ကဲ အခုတော့ဘာပြောမလဲ
သူဖွင့်ပြောရဲတဲ့
တစ်ယောက်နဲ့တွဲပြီး
ကိုယ်ဆောက်တဲ့ အတွေးအိမ်လည်း
လေထဲမှာပဲ မျိုသိပ်ရင်းဆွေးနေရပြီ
သူမသိဘူး
တစ်ယောက်တည်းပဲ
စိတ်ဖြေသိမ့်စရာလည်း မတွေ့ဘူး
အိပ်စက်မရပါ
ကိုယ်လေ ဝမ်းနည်းပက်လက်
အခုတွေးကြည့်လိုက်တော့
ချစ်တာတစ်ခုတည်းပဲ
သေချာဆန်းစစ်ကြည့်မှ
ကိုယ့်ချစ်သူလိုအင်ဖြည့်ရန်
မလွယ်တဲ့ဘဝ
စိတ်ဆင်းရဲရမယ်ဆိုရင်
သူလေးပဲပြည့်စုံပါစေ
ကိုယ်ကတော့ ကြိတ်ခံနိုင်တယ်
မပြောတော့ပါကွယ်
MUSIC
အိုး..မင်းမျက်နှာလေးပဲ
ကိုယ်နေ့တိုင်းအမြဲတမ်း
ငေးကြည့်မိခဲ့
ရင်ထဲကမင်းကိုချစ်တဲ့
စကားတွေလည်း
ကိုယ်ဘာကြောင့်ပြောဖို့
အခက်ကြုံနေတာလဲ
သက်ပြင်းလေး
မင်းရှေ့နားမှာ ရှိုက်နေလဲ
မပြောတော့ဘူးကွယ်
ကိုယ်လေ ဝမ်းနည်းပက်လက်
အခု တွေးကြည့်လိုက်တော့
ချစ်တာတစ်ခုတည်းပဲ
သေချာ ဆန်းစစ်ကြည့်မှ
ကိုယ့်ချစ်သူလိုအင်ဖြည့်ရန်
မလွယ်တဲ့ဘဝ
စိတ်ဆင်းရဲရမယ်ဆိုရင်
သူလေးပဲပြည့်စုံပါစေ
ကိုယ်ကတော့ကြိတ်ခံနိုင်တယ်
မပြောတော့ပါကွယ်
စိတ်ဆင်းရဲရမယ်ဆိုရင်
သူလေးပဲပြည့်စုံပါစေ
ကိုယ်ကတော့ ကြိတ်ခံနိုင်တယ်
မပြောတော့ပါကွယ်