menu-iconlogo
huatong
huatong
歌词
作品
မိုးအုံ့လို့ သစ်ရွက်ကလေးတွေ ငြိမ်နေရင်

တိမ်တွေပြိုတော့မှာ ... ကြိုသိတယ်

ဝါဆိုရယ် သိပ်သတိရမိတယ် ..

ပုန်းညက်တို့ ရောက်ရှိကြောင်းကို ကြေညာကာ

ငွေမှုံငွေစတွေ ရွာတော့ကွယ်

ဝါဆိုရယ်သိပ်သတိရမိတယ်...

တကယ်ပဲကွယ်...

ပြတင်းပေါက်က

လှမ်းကြည့်လိုက်ရင် ခရေပင်မှာ

ရေစိုလို့မိုးခို... နေကြတဲ့

ပျံနေစဉ် မိုးမိတဲ့ငှက်တွေ...

တို့နှစ်ယောက်စကားပြောခဲ့ကြတဲ့ ခရေပင်ခြေ

မြေနီရောင်လမ်းကိုရောက်တိုင်းကွယ်..

ဝါဆိုရယ် သိပ်သတိရမိတယ်....

တိုင်းရှစ်ခွင်မှိုင်းညို့ဆိုင်းကာ

မှောင်ရီခြယ်

မိုးခြိမ်းသံသဲ့သဲ့ကြားတယ် ၀ါဆိုရယ်...

မိုးကအရင်တုန်းကအတိုင်းရွာနေပြီကွယ်

လွမ်းတယ် ၀ါဆိုရယ်...

မိန်းခလေးရေ မိုးစက်လေးတွေငိုနေတယ်..

တို့မျက်မှာမိုးစက်လေးတွေ လာစင်တယ်

တို့အဖြစ်ကိုပြောပြလိုက်ပါ

ဝါဆိုရယ် မိုးတွေရွာနေပြီကွယ်.....

တံဆက်မြိတ်က သစ်ခွပန်းတွေဝေနေရင်

ပန်ဆင်ခဲ့ဖူးသူကိုလွမ်းတယ်

ဝါဆိုရယ် သိပ်သတိရမိတယ်...

မိုးစက်မိုးပေါက်တို့ကျကာ ရွာနေချိန်

ငွေစံပယ်ရုံနဘေးမှာ ရပ်ရင်းကွယ်

ဝါဆိုရယ်သိပ်သတိရမိတယ်... တစ်ကယ်ပဲကွယ်...

ပြတင်းပေါက်က

လှမ်းကြည့်လိုက်ရင် ခရေပင်မှာ

ရေစိုလို့မိုးခို... နေကြတဲ့

ပျံနေစဉ် မိုးမိတဲ့ငှက်တွေ...

တို့နှစ်ယောက်စကားပြောခဲ့ကြတဲ့ ခရေပင်ခြေ

မြေနီရောင်လမ်းကိုရောက်တိုင်းကွယ်..

ဝါဆိုရယ် သိပ်သတိရမိတယ်....

တိုင်းရှစ်ခွင်မှိုင်းညို့ဆိုင်းကာ

မှောင်ရီခြယ်

မိုးခြိမ်းသံသဲ့သဲ့ကြားတယ် ၀ါဆိုရယ်...

မိုးကအရင်တုန်းကအတိုင်းရွာနေပြီကွယ်

လွမ်းတယ် ၀ါဆိုရယ်...

မိန်းခလေးရေ မိုးစက်လေးတွေငိုနေတယ်..

တို့မျက်မှာမိုးစက်လေးတွေ လာစင်တယ်

တို့အဖြစ်ကိုပြောပြလိုက်ပါ

ဝါဆိုရယ် မိုးတွေရွာနေပြီကွယ်.....

တိုင်းရှစ်ခွင်မှိုင်းညို့ဆိုင်းကာ

မှောင်ရီခြယ်

မိုးခြိမ်းသံသဲ့သဲ့ကြားတယ် ၀ါဆိုရယ်...

မိုးကအရင်တုန်းကအတိုင်းရွာနေပြီကွယ်

လွမ်းတယ် ၀ါဆိုရယ်...

မိန်းခလေးရေ မိုးစက်လေးတွေငိုနေတယ်..

တို့မျက်မှာမိုးစက်လေးတွေ လာစင်တယ်

တို့အဖြစ်ကိုပြောပြလိုက်တော့

ဝါဆိုရယ် မိုးတွေရွာနေပြီကွယ်.....

THANK YOU

Mike

ဝါဆို မိုးသက်တင်/ဟေမာနေဝင်း - 歌词和翻唱