menu-iconlogo
huatong
huatong
avatar

မင်းသိဖို့ကောင်းတယ်

မျိုးကြီး Myo Gyihuatong
miztuthuatong
歌词
作品
မင်းသိဖို့ကောင်းတယ်

မျိုးကြီး

ကန်တော်ကြီး အင်းယားလည်း

မသွားချင်ကိုယ်လေ မသွားဘူး

ပြန်မြင်ယောင်ကာ ဆွေးနိုင်တယ်

နှစ်ယောက်သား သွားဖူးတဲ့

ဘုရားပေါ်မှာ ခိုလေးများ

ကိုယ်လာရင် မေးငေါ့ကြမလား

အကြောင်းအမျိုးမျိုးရှိလို့

ကိုယ်ငြင်းရခက်တော့

စင်ပေါ်တက်ရတဲ့ အခိုက်အတန့်လေး

ထိုင်နေကြ ရှေ့က မင်းရှိရာ ခုံလေးသို့

ဟိုအရင်လို မကြည့်ဝံ့ဘူး

မင်း သိဖို့ကောင်းတယ်

စွဲမိတဲ့ မင်းရဲ့အပြုံးလေးတွေ

ချိုသာတဲ့ စကားများ

ပျောက်ကွယ်ရင် မနေတတ်လို့

ယောင်ချာချာ ဖြစ်ခဲ့ရ

အဖော်တွေ ကောင်းပေမယ့်လည်း

ခဏလေးစိတ်ပြေရုံပဲရှိ

နေသာတယ် မထင်နဲ့ကွာ

ကိုယ်တစ်ယောက်တည်း မသွားရဲဘူး

အရင်လိုအင်အားမရှိ

ဘယ်ရုံမှာဘာကားပြ

သတိရလို့ ဆွေးရမယ့်ကိုယ့်အဖြစ်များ

မင်းမပါတဲ့ ကိုယ့်ဘဝများ

အိမ်မက်လည်း မက်ဖို့ကြောက်မိတယ်

ပြန်စဉ်းစား ဒီလူကိုထားသွားမလား

မင်း သိဖို့ကောင်းတယ်

စွဲမိတဲ့ မင်းရဲ့အပြုံးလေးတွေ

ချိုသာတဲ့ စကားများ

ပျောက်ကွယ်ရင် မနေတတ်လို့

ယောင်ချာချာ ဖြစ်ခဲ့ရ

မင်း သိဖို့ကောင်းတယ်

စွဲမိတဲ့ မင်းရဲ့အပြုံးလေးတွေ

ချိုသာတဲ့ စကားများ

ပျောက်ကွယ်ရင် မနေတတ်လို့

ယောင်ချာချာ ဖြစ်ခဲ့ရ

更多မျိုးကြီး Myo Gyi热歌

查看全部logo