menu-iconlogo
huatong
huatong
avatar

မွှေးလွန်းသည့်ပန်း

ရာဇာဝင်းတင့်huatong
L🅰️Y🎩S🅾️Ehuatong
歌词
作品
မွှေးလွန်းသည့်ပန်း

ရာဇာဝင်းတင့်

မွှေးလွန်းသည့် ပန်း..

မနမ်းဝံ့သည်

လှလွန်းသည့်ပန်း..

မလှမ်းဝံ့ပြီ

မာယာပရိယာယ် နှစ်သွယ်ခက်လို့

ရက်စက်မှု အပေါင်း သရဖူဆောင်းခဲ့ပြီ

အသည်းလွှာ မြေမဟီ

ဒေဝီဘုရင်မ တစ်ပါး...

သင့်အားတုဖက်ပြိုင်

ကျွန်တော်မျိုးတော့ဖြင့် မနိုင်ပါပြီ

ဆုံးရှုံးခြင်းသာ ရင်မှာပိုက်....လို့

ငိုရှိုက်ကာအဝေး

ပြေးရပါတော့....မည်

မာယာပရိယာယ် နှစ်သွယ်ခက်လို့

ရက်စက်မှု အပေါင်း သရဖူဆောင်းခဲ့ပြီ

အသည်းလွှာ မြေမဟီ

ဒေဝီဘုရင်မ တစ်ပါး...

သင့်အားတုဖက်ပြိုင်

ကျွန်တော်မျိုးတော့ဖြင့် မနိုင်ပါပြီ

ဆုံးရှုံးခြင်းသာ ရင်မှာပိုက်လို့

ငိုရှိုက်ကာအဝေး

ပြေးရပါတော့မည်

ကိုယ့်မေတ္တာ တရားသည်

အင်အားလို့ပင်မှတ်ထင်ယုံကြည်

မနိုင်ရာ ပြိုင်ကာစမ်း

လွမ်းရချက် ပွေလီ ဖြေမဆည်

မေတ္တာနယ်မြေကျွမ်းလေသူက

အစွမ်းပြဟစ်ကြွေး စစ်ရေးတွေချီ

ကိုယ့်မေတ္တာ တရားသည်

အင်အားလို့ပင်မှတ်ထင်ယုံကြည်

မနိုင်ရာ ပြိုင်ကာစမ်း

လွမ်းရချက် ပွေလီ ဖြေမဆည်

မေတ္တာနယ်မြေကျွမ်းလေသူက

အစွမ်းပြဟစ်ကြွေး စစ်ရေးတွေချီ

ချစ်ပလ္လင်ကို

စစ်ဘုရင်လို သဘောမှာထား

ဆုတ်တက်လှုပ်ရှား

ကစားခဲ့သည် ကစားခဲ့ပြန်သည်

သူ့မှာ..အပျင်းပြေ

နင်းခြေ ကျွန့်အသည်း

ဟစ်ကာပဲရယ်မောသည်

နှလုံးသားမှ စီးသွားယိုဖိတ်

သွေးအဆိပ်ပင်ဆီ

တုံ့ပြန်လူးလာမြူးကာနေပုံ

ကြောက်ရွံ့ ၍တုန်မိပါသည်

ကြောက်ရွံ့ ၍ တုန်လှုပ်မိပါ...သည်

မွှေး......လွန်းသည့် ပန်း....

မနမ်းဝံ့သည်

လှလွန်းသည့်ပန်း..

မလှမ်းဝံ့ပြီ

မာယာပရိယာယ် နှစ်သွယ်ခက်လို့

ရက်စက်မှု အပေါင်း သရဖူဆောင်းခဲ့ပြီ

အသည်းလွှာ မြေမဟီ

ဒေဝီဘုရင်မ တစ်ပါး...

သင့်အားတုဖက်ပြိုင်

ကျွန်တော်မျိုးတော့ဖြင့် မနိုင်ပါပြီ

ဆုံးရှုံးခြင်းသာ ရင်မှာပိုက်လို့

ငိုရှိုက်ကာအဝေး

ပြေးရပါတော့မည်..

ကျေးဇူးတင်ပါတယ်(လေးစိုး)

更多ရာဇာဝင်းတင့်热歌

查看全部logo
website_song_tagtitle