menu-iconlogo
huatong
huatong
avatar

ကြာနွယ်ရိုး​လေးချိုးကြည့်ပါ

ရဲမြင့်မြတ်huatong
🇲🇲ⓝⓨⓔⓘⓝ🇲🇲🤗🤗huatong
歌词
作品
ကြာနွယ်ရိုးလေးချိုးကြည့်ပါ

ဆို...ရဲမြင့်မြတ်

ချစ်သူတိုင်း ညား...၍

ညားတဲ့သူတိုင်း ချစ်နိုင်ပါစေ..

အတည်

အခုတော့ဒီလို မဟုတ်ပါလေပဲ..

ဖူးစာနတ်မင်း ဘယ်ပုံခင်းခဲ့ပြီ...

ချစ်လျှက်နဲ့နှစ်ကိုယ်ဝေး

ဝေး ဝေးခဲ့ပါလေပြီ

မောင်ရည်ရွယ်ထားတဲ့

ချစ်သည်းနဲ့ သည်းမောင်

တငြိမ့်ငြိမ့်မဆဲ

ခြိမ့်ခြိမ့်သဲ

မဂ်လာပွဲကို

ဪ..ယှဉ်ကာနွှဲမယ်ပါ့

ဆုတောင်းမပြည့်ခဲ့ပါပြီ

ဆုတောင်းမှားခဲ့ သလားအတည်

အသည်းဘောင်ခတ် တစ်ချစ်တည်းနဲ့

သဲမောင်ချစ်တဲ့ ချစ်သည်းဒါလီ

ရှေး...ချစ်ကမ္ဘာ

သွေးသစ္စာဆိုခဲ့ပေမယ့်

ကံကြမ္မာမျက်နှာသာမပေး

အပြန်တစ်ရာ လစ်ကာဝေးပြီ

ချစ်သဲရေ နားလည်ပါတော့

ခွင့်လွှတ်ပါတော့

ချစ်တာကတစ်ယောက်

ညားတာတစ်ယောက်လို့

မောင်ဆိုချင်ပါ...သည်..

ငယ်ကအချစ် အနှစ်တစ်ရာ

မောင်ကတော့ စာမဖွဲ့လောက်ပြီ

ငယ်ချစ်ဟောင်းကို

အနှစ်တစ်သောင်းထိပင်

မောင်ချစ်လိုက်မယ်

ဝေးခဲ့တာကြာခဲ့ပေမယ့်

မနေ့ကလိုပဲမောင် ထင်နေမိသည်

ချစ်ခဲ့တုန်းက

ချစ်သဲရေမင်းပြောခဲ့တဲ့

ချစ်စကားသံလေး

စမ်းရေလေးတစ်မျှ

အေးမြလှသည်

အပင်ပြတ်ပေမယ့်

အမျှင်ဆက်နေတဲ့

ကြာနွယ်ရိုးလေးချိုး ကြည့်ပါဆို

သဲမောင်လိပ်ပြာ ရှိနေသမျှအတည်

ချစ်နေပါဦးမည်တဲ့

ကတိစကားလေးတွေ

မမေ့စေချင်သည်

ဘဝ ကန့်လန့်ကာ ခြားခဲ့ပေမယ့်

တစ်ပါးသူရင်ခွင်နားမှာ

မောင်မပျော်ပါဘူး အတည်

ငုနဲ့ပိတောက်

အဝါရောင်ပျောက်တဲ့နေ့မှာ

မင်းကိုမောင်မုန်းပစ်ပါလိမ့်မည်

နှစ်တွေသာ ပြောင်းခဲ့ပေမယ့်ပြောင်းခဲ့ပေမယ့်

ကိုယ့်အချစ်များလည်း မဟောင်းခဲ့ပါပြီ

သံယောဇဉ် ​နှောင်ကြိုးတစ်မျှင်အတွက်

ပမာခိုင်းလို့ပြောလိုက်ပါမည်

ကြာနွယ်ရိုးလေး ချိုးကြည့်သလိုအတည်

အပင်သာပြတ်သွားခဲ့သည်အမျှင်က်၍သာ ကျန်ရစ်ခဲ့ပါ..ပြီ

(စကားပြော)

ပိုးအိရေ

ဘာလဲဟ

နင့်ကိုငါဟောဒီ ကြာပန်းလေးပေးရပေမယ့်

တစ်နေ့ကြရင် ပန်းပေးလို့

အလှမ်းဝေးသွားမှာ စိုးရိမ်မိတယ်

ပိုးအိရာ

နင့်အပေါ်မှာထားတဲ့

ငါ့ရဲ့သံယောဇဉ်ကလေ

ဟောဒီ ကြာနွယ်ရိုးလေးလိုပါပဲဟာ

ဒီမှာကြည့်

အပင်ကိုဘယ်လိုပဲ ဖြတ်ဖြတ်

အမျှင်လေးတွေ ပျက်မသွားသလိုပါပဲဟာ

ချစ်ခဲ့တဲ့သံယောဇဉ်

တွယ်ငင်ခဲ့တဲ့ငါ့ရဲ့ အချစ်တွေဟာလေ

ဘယ်တော့မှ ဖြတ်လို့ရ

မေ့လို့ရမှာ မဟုတ်ပါဘူးဟ

ဟမ်းဟမ်း ပိုးအိရယ်

ဂုဏ်မက်ငွေမက် ဓနမက်တဲ့

နင့်အဖေကြီးနဲ့

ငါတို့နှစ်ယောက်ရဲ့အချစ်ရေး

တွေးကြည့်ရင် ငါရင်လေးတယ်ဟာ

နင်ကလည်းဟယ် အဖေနဲ့အမေက

ဘယ်လိုပဲခွဲခွဲ နင့်ကိုလေ

ငါချစ်မြဲ ချစ်နေဆဲဆိုတာ

နင်ယုံပါဟယ် ​နော်)

ငယ်ကအချစ် အနှစ်တစ်ရာ

မောင်ကတော့ စာမဖွဲ့လောက်ပြီ

ငယ်ချစ်ဟောင်းကို

အနှစ်တစ်သောင်းထိပင်

မောင်ချစ်လိုက်မယ်

ဝေးခဲ့တာကြာခဲ့ပေမယ့်

မနေ့ကလိုပဲမောင် ထင်နေမိသည်

ချစ်ခဲ့တုန်းက

ချစ်သဲရေမင်းပြောခဲ့တဲ့

ချစ်စကားသံလေး

စမ်းရေလေးတစ်မျှ

အေးမြလှသည်

အပင်ပြတ်ပေမယ့်

အမျှင်ဆက်နေတဲ့

ကြာနွယ်ရိုးလေးချိုး ကြည့်ပါဆို

သဲမောင်လိပ်ပြာ ရှိနေသမျှအတည်

ချစ်နေပါဦးမည်တဲ့

ကတိစကားလေးတွေ

မမေ့စေချင်သည်

ဘဝ ကန့်လန့်ကာ ခြားခဲ့ပေမယ့်

တစ်ပါးသူရင်ခွင်နားမှာ

မောင်မပျော်ပါဘူး အတည်

ငုနဲ့ပိတောက်

အဝါရောင်ပျောက်တဲ့နေ့မှာ

မင်းကိုမောင်မုန်းပစ်ပါလိမ့်မည်

နှစ်တွေသာ ပြောင်းခဲ့ပေမယ့်

ကိုယ့်အချစ်များလည်း မဟောင်းခဲ့ပါပြီ

သံယောဇဉ် ​နှောင်ကြိုးတစ်မျှင်အတွက်

ပမာခိုင်းလို့ပြောလိုက်ပါမည်

ကြာနွယ်ရိုးလေး ချိုးကြည့်သလိုအတည်

အပင်သာပြတ်သွားခဲ့သည်

အမျှင်ဆက်၍သာ ကျန်ရစ်ခဲ့ပါ..ပြီ

ကျေးဇူးတင်ပါသည်ငြိမ်း

更多ရဲမြင့်မြတ်热歌

查看全部logo