သီချင်း - နင်ရှိမှပြည့်စုံမှာ
တေးဆို - ရွှေထူး၊တေဇ
တိုက်ဆိုင်မှုတွေ ရှိလာတော့လည်း
မင်းကိုလွမ်းတယ် မမေ့နိုင်ပါကွယ်
ငါ့ရဲ့အသည်းကိုမင်းယူဆောင်သွားတယ်
ကျေနပ်ပါတယ်အဟောင်းတွေမေ့ကာနင့်ကိုသာပဲ
ချစ်နေပါ့မယ်
ကတိတွေသာပေးလည်း
သူငယ်ချင်းတွေ ပြောတဲ့စကားကို ယုံပြီး
အထင်အမြင်တွေသာလွဲ
ရင်မှာဒဏ်ရာတွေသာနဲ့
ငါဆုတောင်းထားတဲ့ နေ့ဟာ နင်နဲ့နှစ်ယောက်ဘဝရှိနိုင်မယ့်အချိန်ပဲ
နင်လေပြန်လာခဲ့
ဘယ်ရင်ခွင်မှာ မှီနေမလဲ
အရင်လိုမဟုတ်တော့တဲ့ ဘဝမှာ
နင်လေရှိမှ ပြည့်စုံမှာ ကြားနိုင်မလား
onlineမှာတွေ့မလား နင့်ကိုရှာလည်း
အဆက်အသွယ်မရတာ ကြာခဲ့ပါပြီကွယ်
ငါ့ကို အရူးလို ညှင်းလေရက်သလား
နင်ပြန်ခဲ့ပါကွယ်
အတိတ်ဝဋ်ကြွေးများပါလို့လာလေသလား
အချစ်မှာဒီလောက်တောင် ကံဆိုးကာနေလည်းကွာ
ဘာမဟုတ်တဲ့ပြဿနာလေးတစ်ခုတည်းနဲ့
အထင်အမြင်တွေသာလွဲ
ရင်မှာဒဏ်ရာတွေသာနဲ့
ငါဆုတောင်းထားတဲ့ နေ့ဟာ နင်နဲ့နှစ်ယောက်ဘဝရှိနိုင်မယ့်အချိန်ပဲ
နင်လေပြန်လာခဲ့
ဘယ်ရင်ခွင်မှာ မှီနေမလဲ
အရင်လိုမဟုတ်တော့တဲ့ ဘဝမှာ
နင်လေရှိမှ ပြည့်စုံမှာ ကြားနိုင်မလား
နင်ကသာငါ့ဘဝမှာတစ်ပါ
နင်ကသာငါ့ဘဝမှာ နှစ်ပါ
နင်ကသာငါ့ဘဝမှာ သုံးလေးငါးခြောက်ခုနှစ်ရှစ်ပါ
ဒီအတွက်ကြောင့်ဘယ်တော့မှ အပြစ်မရှာ
အမြဲနောက်မဆုတ်ပဲ ရှေ့ဆက်ချစ်မှာ
ဒီခေတ်မှာ မေတ္တာသစ္စာစစ်ဟာ လစ်ဟာ
ပစ်ခွာရစ်တာမဖြစ်တာ
နင်ချစ်တာငါလည်းသိတယ်
ငါ့အချစ်ကိုလည်း နင်ပဲသိတယ်
ဒီကြားထဲ အနှောင့်အယှက်တွေ လုံးဝမကြည့်နဲ့
လောကမှာ အချစ်စစ်ဆိုသောခရီးဝယ်အခက်အခဲအတားအဆီးတွေ
အများကြီးရှိ
တစ်ချက်တည်းကာပြီးတော့တားဆီးကြည့်မယ်
စိတ်ဆိုးတာတောင်မှ မနာကြည်းမိခဲ့
တို့နှစ်ယောက်ကြားမှာ အထာကြီးရှိတယ်
ဒါပေမယ်အခုတော့လည်း ဘေးစကားကြောင့်တို့ဝေးသွားပြီ
ငါ့ဘေးနားမရှိခဲ့တော့ဆွေးရပြီ
အခုသီဆိုနေခဲ့သော တေးများသည်
နှလုံးသားမှလာသောသွေးများအဖြစ်မှ ပြောင်းလဲ
ကဗျာလိုတေးသွားဖြစ်
တေးသွားလေးကလည်း မေးထားပေးပါ
နင့်အတွက်ငါလိုသေးလားအချစ်
ငါလိုသေးလားအချစ်
ငါလိုသေးလားအချစ်
အဲ့တေးသွားလေးကလည်း မေးထားပေးပါ
ငါလိုသေးလားအချစ်
အချစ်
အချစ်
အချစ်
အဲ့တေးသွားလေးကလည်း မေးထားပေးပါ
နင့်အတွက်ငါလိုသေးလားအချစ်
အထင်အမြင်တွေသာလွဲ
ရင်မှာဒဏ်ရာတွေသာနဲ့
ငါဆုတောင်းထားတဲ့ နေ့ဟာ နင်နဲ့နှစ်ယောက်ဘဝရှိနိုင်မယ့်အချိန်ပဲ
နင်လေပြန်လာခဲ့
ဘယ်ရင်ခွင်မှာ မှီနေမလဲ
အရင်လိုမဟုတ်တော့တဲ့ ဘဝမှာ
နင်လေရှိမှ ပြည့်စုံမှာ ကြားနိုင်မလား