menu-iconlogo
huatong
huatong
歌词
作品
Fမင်းလေး ကြည့်လိုက်တိုင်းပေါ့

အရာရာဘာမှမဖြစ်ခဲ့သလို

ငါနေပါမယ် ငါ့ရင်နာလည်း

မုန်းတော့ မမုန်းခဲ့ဘူး

မင်းဘက်ကတော့ အေးဆေးပေါ့

ငါတစ်ကိုယ်တည်း အရူးတစ်ယောက်လို

နင်ထင်တာတွေ နင်မြင်တာတွေ

ငါတွေးတိုင်း စိတ်နာသူ

ငါမုန်းလိုက်မယ်... ငါမုန်းလိုက်မယ်...

ငါမုန်းလိုက်မယ် ဒီစိတ်ကိုအားတင်းလည်း

မေ့ပစ်ဖို့ခွန်အားတွေရှိသောနေ့မှာ

ရစ်ပတ်တဲ့နှောင်ကြိုးတွေ ပြယ်သောနေ့မှာ

မုန်းလိုက်မယ် ငါနင့်ကိုမုန်းလိုက်မယ်...

မုန်းလိုက်မယ် ဒီစိတ်ကိုအားတင်းလည်း

ရစ်ပတ်တဲ့နှောင်ကြိုးတွေ ပြယ်သောနေ့မှာ

မေ့ပစ်ဖို့ခွန်အားတွေရှိသောနေ့မှာ

Mနင်မြင်မှာလား ဒီမှာငါကျနေတဲ့

မျက်ရည်က သက်သေတွေ

ဒီရင်မှာခဏနားပြီး

အဝေးကိုပျံသွားတဲ့ငှက်တွေလေ

တစ်ချိန်ချိန်မှာမင်းအခက်တွေဝေဆာတဲ့

သစ်ပင်ကိုမင်းခုံမက်နေပါစေ

ငါမင်းကိုအပြစ်မမြင်ရက်တာတစေ

ငါ့ရင်ကမင်းအတွက်အသိုက် Baby

ပြေးကာလိုက်လေ ဟိုက်လေလေ

မတူညီတဲ့ဘဝနဲ့ စရိုက်အခြေအနေ

မင်းပိုင်တာစည်းစိမ်နဲ့ တိုက်တွေလေ

ငါပိုင်တာ သီချင်းနဲ့သံစဉ်အလိုက်တွေလေ

ကွာခြားလွန်းတဲ့အခိုက် Baby

ငါတို့ဝေးရဖို့အတွက် ခရီးပိုစိုက်လေလေ

တိမ်တိုက်တွေဝေ ကြိမ်လိုက်ဆယ်ကုဋေ

ငါ့ကိုသတ်မှတ်တော့စရိုက် ကလေကချေ

ခိုက်သလေလေ

အရင်လိုငါပြန်ပြီးတော့နေချင်တယ်

တယုတယကို ငါ့စိတ်တွေလေ

မသွားချင်လည်း ရောက်နေတဲ့ ပါရမီလမ်းမကို

ငါလွမ်းသမျှကို သီချင်းလုပ်ဆို

ပြီးတော့မှဒီလိုတမ်းတငို

တစ်ခေါက်လောက်အတူတူ တယ်လီဖုန်းကိုင်ပြီး

အိပ်ပါရစေ အခုညကို

မမြင်နိုင်တဲ့ မိုးမြင့်ထက်က

မင်းက ငါ့ချစ်သူ

ဝေဆာတဲ့ပန်းခင်းလမ်းပဲလျှောက်တဲ့

ငါ့ချစ်သူ

တကယ်တော့ နိမ့်ကျလွန်းတဲ့

ကိုယ့်ရဲ့ဘဝကို လာပါမခေါ်ရက်ဘူး

သေချာတာ ငါမရှိလည်း မင်းကို ချစ်မယ့်လူ

သေချာတာ ငါမရှိလည်း မင်းကို ဘဝနဲ့အတူ

ဝေမျှချစ်လို့သွားမယ့် တစ်ယောက်တော့ရှိမယ်

ဒီရင်ကို မလာနဲ့အခု

အတ္တတွေ မာနတွေ

အကုန်လုံးကိုချိုးနှိမ်သွားပြီး

ဒုက္ခတွေ အနာတရတွေနဲ့ ငါနဲ့အတူဖြတ်သွားပြီး

မင်းလေးကို မခေါ်ရက်ဘူး ငါ့ဘဝကို မလာနဲ့အခု

တောင်းဆုတို့ခြွေလည်းဝေဆဲ

နင်နဲ့ငါနဲ့မတည်မြဲဘူး

Fတွန့်ကြေသွားတဲ့စက္ကူလေးတစ်ရွက်ကို

ကျွမ်းလောင်သွားတဲ့ပစ္စည်းတစ်ခုကို

ဘယ်အရာတွေနဲ့များ နင်အစားထိုးပြုပြင်မလဲ

ငါ့အနာဂတ်ငါ့ဘဝကြီးတစ်ခုကို

နင့်လက်ထဲ အခုပုံအပ်လိုက်တော့မှ

နင်ဟာယူလှည့်စား ငါကျိုးပြတ်တော့ပစ်သွား

ငါမုန်းလိုက်မယ်... ငါမုန်းလိုက်မယ်...

ငါမုန်းလိုက်မယ် ဒီစိတ်ကိုအားတင်းလည်း

မေ့ပစ်ဖို့ခွန်အားတွေရှိသောနေ့မှာ

ရစ်ပတ်တဲ့နှောင်ကြိုးတွေ ပြယ်သောနေ့မှာ

မုန်းလိုက်မယ် ငါနင့်ကိုမုန်းလိုက်မယ်...

မုန်းလိုက်မယ် ဒီစိတ်ကိုအားတင်းလည်း

ရစ်ပတ်တဲ့နှောင်ကြိုးတွေ ပြယ်သောနေ့မှာ

မေ့ပစ်ဖို့ခွန်အားတွေရှိသောနေ့မှာ

更多လွှမ်u200bးပိုင်u200b/နန်းမြတ်ဖြိုးသင်း热歌

查看全部logo