menu-iconlogo
huatong
huatong
avatar

လက်ထပ်စို့နော်

ဝိုင်ဝိုင်း/Nကိုင်ရာhuatong
Heintayzarhuatong
歌词
作品
လက်ထပ်စို့နော်

️ ဇဝါ

️ ဝိုင်ဝိုင်း Part 1

️ N ကိုင်ရာ Part 2

ဆောင်းဦးနေ့ရက်လေးထဲမှာ

လောကကြီးတစ်ခုလုံး

ရောင်စုံဖြာကာ အရာရာလှပချိန်

လာပါမေရယ် စလှမ်းမယ် ချစ်သူတို့ခရီး

နောင်သံသရာ တွေလည်း ဆုံးခန်းတိုင်တဲ့ အထိ

ဆောင်းဦး ပန်းပွင့်လေး တစ်ပွင့်လို

နှလုံးသားလေး တစ်ခုအား

ကြင်နာသူသာယူပါ နှင်းအပ်မည်

ရင်ခုန်စွာရယ် လိုက်ရဲပြီ အချစ်လက်တွဲပြီး

အတူ ခေါ်ဆောင်ပါတော့ မိုးအဆုံးမြေအဆုံးထိ

နောက်များဆို မဝေးဘူးပေါ့

ကိုယ်တို့ မဆွေးဘူးပေါ့

ဘာတွေကြုံကြုံ မခွဲတမ်းနော်

ပျော်စရာ အိပ်မက်လေးမျိုး

အပြင်မှာ ပိုင်ဆိုင်ရဖို့

လက်ထပ်စို့နော် ဒီနေ့တော့

Sweet Sweet Love

ရှေ့ဆက်လျှောက် ရမယ့်

တို့ရဲ့ လူ့ဘဝလမ်းလေးထဲ

သေချာပါတယ်

အချိန်တွေတိုင်း ချစ်မယ်..ရေး

ဒီရင်ခွင်မှာ ဒီအချစ်ဟာ အသည်းကိုရင်းပြီး

နောင်သံသရာ တစ်ခုလုံး စွဲမြဲနေမယ့်ကတိ

ချစ်သူ့ပခုံးလေး

ပါးအပ်ကာ ချစ်တဲ့ စကားလေးကြား

ကျန်တာတွေကို ဒီမှာမေ့ထားမယ်

အို .ချစ်သူလေးရယ်

နေပါစေကွယ် သူရှိရင် ပြည့်စုံသွားပြီး

ဒီကမ္ဘာမြေ တစ်ခွင်လုံး

ငြိမ်းချမ်းမှုလေး အတိ

နောက်များဆို မဝေးဘူးပေါ့

ကိုယ်တို့ မဆွေးဘူးပေါ့

ဘာတွေကြုံကြုံ မခွဲတမ်းနော်

ပျော်စရာ အိပ်မက်လေးမျိုး

အပြင်မှာ ပိုင်ဆိုင်ရဖို့

လက်ထပ်စို့နော် ဒီနေ့တော့

နောက်များဆို မဝေးဘူးပေါ့

ကိုယ်တို့ မဆွေးဘူးပေါ့

ဘာတွေကြုံကြုံ ခွဲစရာမရှိတော့

ပျော်စရာ အိပ်မက်လေးမျိုး

အပြင်မှာ ပိုင်ဆိုင်ရဖို့

လက်ထပ်စို့နော် ဒီနေ့တော့

လက်ထပ်စို့နော် ဒီနေ့တော့

လက်ထပ်ကြစို့အကြင်နာရေ

လက်ထပ်စို့နော် ဒီနေ့တော့

ဝိုး ဝိုး ... ဝိုးဝူး . ဝိုး

更多ဝိုင်ဝိုင်း/Nကိုင်ရာ热歌

查看全部logo
လက်ထပ်စို့နော် ဝိုင်ဝိုင်း/Nကိုင်ရာ - 歌词和翻唱