menu-iconlogo
huatong
huatong
avatar

သူခိုးဓါးရိုးကမ်း H Tun Yin

ဟင်္သာတထွန်းရင်huatong
Risingstar135786442huatong
歌词
作品
သူခိုးဓါးရိုးကမ်း

တေးရေး တေးဆို

ဟင်္သာတထွန်းရင်

မာယာရမ္မက်လိုင်း

ကြမ္မာဂယက်မုန်တိုင်းကြားဝယ်

အမိုက်မလှေငယ်

မရည်ရွယ်တတ်ကျိုး

ရွှေမျက်ရည်မိုးစွေ

ညှိုးလေပေါ့ နဖူးစာကံငယ်

ဖန်လာပုံတမင်ညှဉ်းတယ်

မြစ်မင်းဧရာဆီးကာခြားပြီကွယ်...

မာယာရမ္မက်လိုင်း

ကြမ္မာဂယက်မုန်တိုင်း

ကြားဝယ် အမိုက်မလှေငယ်

မရည်ရွယ်တတ်ကျိုး

ရွှေမျက်ရည်မိုးစွေ

ညိုးလေပေါ့ နဖူးစာကံငယ်

ဖန်လာပုံတမင်ညှဉ်းတယ်

မြစ်မင်းဧရာဆီးကာခြားပြီကွယ်...

လွန်လေပြီးသောကာလ

တက္ကသီလာဗာရာဏတိုင်းဝယ်

ဒိသာပါမောက္ခအနန္တဂိုဏ်းနွယ်

တပည့်ငယ်အား..

သူ့သမီးအလှကိုထိမ်းမြှားလက်ဆက်

ပဲ့ပြင်ဆုံးမဆရာ့ဝတ်ငါးသွယ်

အမောင်လုလင်ငယ်

တောင်းသောဆုတွေပြည့်လေသလားကွယ်

ထင်မိယောင်ယိုးမှားစရာရယ်

ဒီပုံပြင်လေးကြားဖူးပါလေမယ်

(စကားပြော)

သတိရပေမဲ့ မချိလှတဲ့

နှလုံးသားနဲ့အချစ်ရေ

အမြဲပြုံးပြီးရင်ဖွင့်လိုက်ပါတယ်

အရှုံးသမားရဲ့နှလုံးသားလေးကို

အမုန်းဓါးနဲ့

အထပ်ထပ်ခွဲရက်သူမို့

တဆတ်ဆတ်အသည်းနာမိတာကြောင့်

ဟား..ဟား,.ဟား..ဟား..ဟား..ဟား..

ဒဏ်ရာကိုလှန်ပြလိုက်ရတာ

ခွင့်လွှတ်သင့်ပါတယ်နော်

အပြစ်ရှိရင်လည်း ကျေပါစေကွာ

အချစ်မသိတဲ့မင်းအသည်းကတော့

တပြည်တစ်ရွာဆီမှာနေခဲ့ပြီပေါ့

အကျိုးလိုလှတဲ့အမျိုးမျိုးမှန်းပြီး

သူခိုးကိုမှ ဓါးရိုးကမ်းခဲ့တယ်ဆိုတဲ့

ဟိုးတကယ့်ရှေ့အစဉ်အလာရှိခဲ့တာကို

မင်းမေ့ပင်အောက်မှာရောက်နေလို့လား

ဟင် တကယ်တော့

တောမကျွမ်းတဲ့မုဆိုးတယောက်ပမာ

အချစ်မကျွမ်းတဲ့ကိုယ့်ဘဝမှာလည်း

ချစ်ကံမွဲပြီးတဝဲဝဲတလည်လည်

ဖြစ်ခဲ့ရတယ်ပေါ့ကွာ

ကိုယ့်ဘဝတစ်လျှောက်လုံးမှာလည်း

ချစ်ကံမွဲလို့တဝဲဝဲတလည်လည်

ဖြစ်ခဲ့ရပြီပေါ့ အချစ်ရယ်

လွန်လေပြီးသောကာလ

တက္ကသီလာဗာရာဏတိုင်းဝယ်

ဒိသာပါမောက္ခ အနန္တဂိုဏ်းနွယ်

တပည့်ငယ်အား

သူ့သမီးအလှကိုထိမ်းမြှားလက်ဆက်

ပဲ့ပြင်ဆုံးမဆရာ့ဝတ်ငါးသွယ်

အမောင်လုလင်ငယ်

တောင်းသောဆုတွေပြည့်လေသလားကွယ်

ထင်မိယောင်ယိုးမှားစရာရယ်

ဒီပုံပြင်လေးကြားဖူးပါလေမယ်

ပညာလည်းစုံ

ကြင်ယာလည်းစုံ

မြိုင်ကြီးရဂုံ

သေလာခရီးကြမ်းဝယ်

ချစ်ဇနီးကိုထမ်း

တောမကျွမ်းသောအမောင်လုလင်ငယ်

ကန္တာရအလယ်

လမ်းစပျောက်ပြီကွဲ့

တစ်ယောက်မက မြောက်များလှစွာ

ခိုးသားငါးရာတွေ့ကြုံလေတော့

ဒီပုံပြင်ဇာတ်ကြောင်း

သြော်နှောင်းပြီပေါ့အချစ်ရယ်

ရမ္မက်နွယ်ကြိုး

သြော်တိုးဝင်ခိုက်ဝယ်

အမိုက်မ စရိုက်ဆိုး

သူခိုးကိုဓါးရိုးကမ်းလိုက်ပြီကွယ်

ဒီပုံပြင်ဒီတေးသွား

အဝေးမှချစ်သူကြားစေကြောင်း

ပံသုမဟီမြေသက်သေတောင်းမယ်

အလောင်းမင်းဆဒ္ဒန်ဘဝမှာပုံရွယ်

ရဂုံလယ်မြိုင်ညိုကြားဝယ်

ခိုးသားနဲ့အကျွမ်းဝင်

ချစ်လင်ကိုသေစေညွှန်း

မှောင်လွန်းသောရမ္မက်နွယ်ကြိုး

တိုးဝင်ရက်စက်

မိုက်တွင်းနက်လေခြင်း..ကွယ်

မြစ်မင်းဧရာ ဆီးကာခြားပြီမို့

ခိုးသားလူမိုက်စွန့်ခွါပြေးတယ်

အမိုက်မဝဋ်ကြွေး

ပေးဆပ်မကုန်ပါပြီကွယ်

(စကားပြော)

ချစ်ခါစကတည်းက

အနှစ်သာရမပါမှန်းသိပေမဲ့

မလိမ်မိုးမလိမ္မာ

အချစ်စိတ်မွှန်ခဲ့တဲ့အဖြစ်ကိုသာ

အပြစ်တင်စရာပါ

မချစ်ပြင်ပြင်တမင်မုန်းတတ်သူကြီးကို

ခုထိလုံးလုံးစိတ်မနာနိုင်သေးတာဟာ

အချစ်ကြီးသူမောင်သာ

အမိုက်မဲပေါ့ကွာ

အေး အစာကိုရမ္မက်ဇောနဲ့

ဆင်သေကောင်ကြီးကိုစီးပြီး

အပြန်လမ်းမရှိတဲ့ပင်လယ်ခရီးမှာ

အသက်စတေးခံခဲ့တဲ့ကျီးမိုက်ကလေးလို

အပြန်အသွားခက်တဲ့မေတ္တာနယ်မှာ

ခံစားချက်ဝေဒနာကို

ရင်မှာပိုက်ထွေးသလို

ယုယခြင်း မြတ်နိုးခြင်း

ချစ်ခြင်းမုန်းခြင်းတို့ရဲ့ ရလာဒ်ကလေးကို

မောင်

မသိလို့တော့မဟုတ်ပါဘူးကွာ

မောင် မသိလို့တော့

မဟုတ်ပါဖူးအချစ်ရယ်...

ဒီပုံပြင် ဒီတေးသွား

အဝေးမှချစ်သူကြားစေကြောင်း

ပံသုမဟီမြေသက်သေတောင်းမယ်

အလောင်းမင်းဆဒ္ဒန်ဘဝမှာပုံရွယ်

ရဂုံအလယ်မြိုင်ညိုကြားဝယ်

ခိုးသားနဲ့အကျွမ်းဝင်

ချစ်လင်ကိုသေစေညွှန်း

မှောင်လွန်းသော ရမ္မက်နွယ်ကြိုး

တိုးဝင်ရက်စက်

မိုက်တွင်းနက်လေခြင်းကွယ်

မြစ်မင်းဧရာ ဆီးကာခြားပြီမို့

ခိုးသားလူမိုက်

စွန့်ခွါပြေးတယ်

အမိုက်မဝဋ်ကြွေး

ပေးဆပ်မကုန်ပါပြီကွယ်...

更多ဟင်္သာတထွန်းရင်热歌

查看全部logo