ဆို-ဇော်ပိုင်
ကြယ်တွေရယ်
အဝေးကအလင်းတန်းနဲ့
လှမ်းကြို
ခြောက်သွေ့တဲ့နေ့ထဲ
အရင်ဘဝကို
ငါငြီးငွေ့ခဲ့ရ
အိပ်မက်များအတိုင်း
အသက်ရှင်မယ်
ငါမြင်နေတာတွေကိုမေ့ထားမယ်
မီးခိုးငွေ့တို့နဲ့မျောပါကာရယ်
အခုညတော့
လောကသစ်သို့လှမ်းလာမယ်
ပြတင်းပေါက်ပိတ်လို့ထားတဲ့
မနက်မတိုင်မှီ
ဒီတိမ်စိုင်တွေလို
ငါဟာနေချင်ခဲ့ပြီ
အတိတ်ကြောင့်
မောပန်းရတဲ့စိတ်တွေဟာ
အခုညတော့
လောကသစ်သို့လှမ်းလာမယ်
လောကသစ်သို့လှမ်းလာမယ်
အခုညတော့...
လှမ်းလာမယ်
ကြယ်တွေရယ်
အဝေးကအလင်းတန်းနဲ့
လှမ်းကြို
ခြောက်သွေ့တဲ့နေ့ထဲ
အရင်ဘဝကို
ငါငြီးငွေ့ခဲ့ရ...
အမြဲတမ်းရှုပ်ပွခဲ့တဲ့အိပ်ရာမှာ
ဒီပြာတွေလို
ငါဟာကြေမွဆဲပါ
သူစွန့်ပစ်ထားရစ်ခဲ့တဲ့
ငါ့ရင်ဟာအခုညတော့
လောကသစ်သို့လှမ်းလာမယ်
ဆေးသားလွှင့်ပျက်ခဲ့တဲ့
ဓာတ်ပုံတွေ
အပြာရောင်ဒိုင်ယာရီတွေ
သေဆုံးနေ
အားလုံးမေ့ပျောက်ထားရင်း
ငါ့တစ်ယောက်တည်း
အခုညတော့
လောကသစ်သို့လှမ်းလာမယ်
လောကသစ်သို့လှမ်းလာမယ်
အခုည...
လှမ်းလာမယ်
ကြယ်တွေရယ်
အဝေးကအလင်းတန်းနဲ့
လှမ်းကြို
ခြောက်သွေ့တဲ့နေ့ထဲ
အရင်ဘဝကို
ငါငြီးငွေ့ခဲ့ရ
အတွေးတွေက
နောက်ဘဝကိုထွက်ခွာ
ကြမ်းပြင်ကိုပြေးကြည့်လိုက်တော့
ချောက်ထဲမှာ
နင်းလိုက်တဲ့
ခြေလှမ်းများကအင်အားမဲ့
အားလုံးက
ပျောက်ဆုံးသွားမဲ့
ပျောက်ဆုံးသွားခဲ့
အရိပ်များပဲ
ကြယ်တွေရယ်
အဝေးကအလင်းတန်းနဲ့
လှမ်းကြို
ခြောက်သွေ့တဲ့နေ့ထဲ
အရင်ဘဝကို
ငါငြီးငွေ့ခဲ့ရ
လှမ်းကြို
ခြောက်သွေ့တဲ့အိမ်ထဲ
အရင်ဘဝကို
ငါငြီးငွေ့ခဲ့ရ