မင်းဝင်ရောက်လာတဲ့
ဘဝထဲမှာ မပြည့်စုံတာများလို့
ငါ့ကို စိတ်ပျက်သွားမှာ မလိုချင်ခဲ့..
မင်းမပါတဲ့ မြေလမ်းကို
စုံနင်းကန်လျှောက်သွားဖို့
မဖြစ်နိုင်သေးတာ မြင်သာပါတယ်..
Overthinking ဖြစ်ဖြစ်ပြီးတော့
ငါကြောက်လို့နေခဲ့
ဒီရင်ဘက်ကြီးလည်း အသည်းလည်း
ထပ်ကွဲစရာမရှိတော့ပေမယ့်
မင်းက စကားတခွန်းလောက်နဲ့
ငါ့ကိုထိခိုက်နိုင်တယ်
ဒါပေမယ့် မင်းပေးတဲ့ ခွန်းအားတွေက
အနှိုင်းမဲ့
ငါတကယ် မသိချင်ဘူး
မင်း ဘယ်သူ့ကို
ဘယ်လိုကြိုက်တဲ့အကြောင်းတွေ
ငါတကယ်မသိချင်ဘူး
မင်းစိတ်ထဲ ဘယ်သူများ
ဘယ်လိုရောက်နေမလဲ
ပုံမှန်အတိုင်းမလည်ပတ်နိုင်တော့တဲ့
ကမ္ဘာမြေကြီးထဲ...
မင်းအနားရှိရင် ကောင်းမယ်
Ou..
I Find My Comfort
Right On Your Shoulder
I Find My Comfort
Right On Your Shoulder
(Artist - D Vision)
အဖြစ်ချင်ဆုံး ဆန္ဒတွေထဲက
တစ်ခုကိုသာ ရွေးဆို
မင်းတစ်ယောက်ထဲကို
အမြဲ ပိုင်ဆိုင်ချင်တယ်..
မင်းဆံပင်လေးက အစ
မင်းခြေဖဝါးထိ အဆုံး
အရာအားလုံးထက် ငါမြတ်နှိုးခဲ့..
ရင်ဘက်ချင်းနီးဖို့
ဘယ်လောက်ထိ ငါကြိုးစားရမလဲ
ငါဘာတွေလုပ်လုပ် အမြဲတမ်း
အတွေးထဲ မင်းရောက်လာတယ်
ဒီလိုပဲအချစ်က လူကိုရူးသွပ်စေတယ်
ရင်ခုန်သံထိန်းချုပ် မရတာ ဘာကြောင့်လဲ
ငါတကယ် မသိချင်ဘူး
မင်း ဘယ်သူ့ကို
ဘယ်လိုကြိုက်တဲ့အကြောင်းတွေ
ငါတကယ်မသိချင်ဘူး
မင်းစိတ်ထဲ ဘယ်သူများ
ဘယ်လိုရောက်နေမလဲ
ပုံမှန်အတိုင်းမလည်ပတ်နိုင်တော့တဲ့
ကမ္ဘာမြေကြီးထဲ...
မင်းအနားရှိရင် ကောင်းမယ်
Ou..
I Find My Comfort
Right On Your Shoulder
I Find My Comfort
Right On Your Shoulder
Right On Your Shoulder Baby
Yah..