Chit Thaw - ချစ်သော
Floke Rose
Upload & saung nya
******************
A-သန်းခေါင်ယံကြယ်များလဲ မလင်းပါ
ကမ္ဘာအိုဟာ တိတ်ဆိတ်လို့နေပြီ
အဝါရောင်
သီချင်းလေး တစ်ပုဒ်ကို
နာနာကျင်ကျင် ဖွဖွလေး ဆိုငြီး
တူ နှစ်ကိုယ်
ပြန်လည်ချစ်ခဲ့ခြင်းတွေ
ဒီနေရာမှာ
ဒီလို အဆုံးသတ်ပြီ
ဒိုင်ယာရီနဲ့ ပြတ်လုကြိုးတွေ
အေးတူပူအမျှ
ဘဝက ခါးစေသည်
B-ကိုယ်ဖမ်းဆုတ်ထားတဲ့
မင်းလက်တစ်ဖက်ဟာ
မသိမသာ ပြေလျော့နေ
နောက်ကျောခိုင်းထားပြီး
ရွေးတဲ့လမ်းမှာ
ပန်းတွေ ကြွေတော့မလေ
ချစ်သောရေ
အဝေးမှာပျော်တော့လေ
A-ကြယ်တာယာနဲ့
ချောကလက်လမ်းတွေ
သွားလေသူအတွက်
ခင်းလို့ထားလေသည်
မှုန်မှုန်ရီရီ မြူခိုအုပ်ရိပ်သည်
ဆောင်းကိုကြွေလု
နှင်းစက်ကင်းလေပြီ
B-ကိုယ်ဖမ်းဆုတ်ထားတဲ့
မင်းလက်တစ်ဖက်ဟာ
မသိမသာ ပြေလျော့နေ
နောက်ကျောခိုင်းထားပြီး
ရွေးတဲ့လမ်းမှာ
ပန်းတွေ ကြွေတော့မလေ
ချစ်သောရေ
အဝေးမှာ ပျော်တော့လေ
A-လိုရာကို ပြန်ပါတော့
လေစုန်ကို ဆန်ပါတော့
ပြတ်လို့သွားတဲ့စွန်
ရစ်ဘီးကလေး ငေးကာနေ
နေညိုရီဝေ မှောင်မိုက်သော
တိမ်မှာ ကိုယ်နေထိုင်နေပြီ
ချစ်သောရေ မင်း အနာဂတ်
လေနုအေးလေး အေးပါစေ
B-လိုရာကို ပြန်ပါတော့
လေစုန်ကို ဆန်ပါတော့
ပြတ်လို့သွားတဲ့စွန်
ရစ်ဘီးကလေး ငေးကာနေ
နေညိုရီဝေ မှောင်မိုက်သော
တိမ်မှာ ကိုယ်နေထိုင်နေပြီ
ချစ်သောရေ မင်း အနာဂတ်
လေနုအေးလေး အေးပါစေ
******************
ပျော်ရွှင်ချမ်းမြေ့ပါစေ
saung nya