menu-iconlogo
huatong
huatong
avatar

Midnight Rain - Floke Rose

Floke Rosehuatong
Daisy'huatong
歌词
作品
မျက်လုံးဖွင့်တိုင်းမှာ မှောင်မည်းနေ

အုတ်ခဲများစီထားတဲ့ ပြတင်းပေါက်တွေ

ခရမ်းရောင်သန်းတဲ့တိမ်တိုက်တွေက

ရွာချတဲ့ နေကြာပန်းပွင့်များ

မျက်စဉ်းခတ်ဖို့မေ့နေတဲ့ ငါ့ရဲ့

အံဆုံးကြားမှာ

ကြယ်ပန်းလေးတွေဝေ ...

ရောင်စုံသက်တန့်များအလယ်

အဖြူအမည်းဓာတ်ပုံလေး ..

Midnight Rain

မိုးရေစက်တွေကြားထဲမှာ

ကိုယ့်ကိုမင်းချန်ထားခဲ့တာ

Midnight Rain (ay")

သူယောင်သီးလေး

ရောင်နီမလာခင်ပြန်ခဲ့ပါတော့လား

အိုး..

(ကြမ်းပြင်အောက်က ခေါင်မိုးလေး

မင်းဟာ ကျောက်စရစ်ခဲလေး

မင်းဟာ သစ်ရွက်လေး

မင်းဟာ သွေးကြောလေး (hm")

လိပ်ပြာလေး

မင်းဟာ ငါ့ကိုထားပြီးတော့

ဘယ်တော့မှ ပြန်လာမဟုတ်တော့တဲ့

ဥဩလေး)

မှန်ကစီးလို့ကျတဲ့ရေစက်တွေ

နဲ့လေ

မျက်ရည်ဟာရော..

ပုံမှန်မဟုတ်တဲ့ ငါ့ရဲ့အိပ်မက်တွေ

ဆက်လေ

မက်နေမှာပေါ့

နှလုံးသားရဲ့ အပိုင်းအစလေး..

ရောက်တဲ့အရပ်မှာ အစဉ်အေးချမ်းစေ

မမှတ်မိတော့တဲ့ မျက်နှာလေး..

အဆင်ပြေပါစေ

Midnight Rain

မိုးရေစက်တွေကြားထဲမှာ

ကိုယ့်ကိုမင်းချန်ထားခဲ့တာ

Midnight Rain (ay")

သူယောင်သီးလေး

ရောင်နီမလာခင်ပြန်ခဲ့ပါတော့လား

更多Floke Rose热歌

查看全部logo

猜你喜欢