menu-iconlogo
huatong
huatong
avatar

ရေဒီယို - Radio

G Fatt/Winkhuatong
ƬӇเ༄ɦαhuatong
歌词
作品
G~Gfatt , W~Wink

W~ဟိုတုန်းကလို အရင်တုန်းကလို

မျှော်လင့် ဆဲပါကွာ တစ်ယောက်တည်း

အိပ်မက်မက်တယ် မနေ့တုန်းကဆို

အရင်အတိုင်းပဲ သူဟာ ပြန်လာသတဲ့

မိုးလင်းကမိုးချုပ် မင်းစိတ်နဲ့

ဖျောက်ဖျက်ရခက်တဲ့ ဒီအစွန်းတွေ

မပြေလည်နိုင်ပါ နေ့တိုင်း ညစ်နေတယ်

မိုးလင်းကမိုးချုပ် မင်းစိတ်နဲ့

ဖျောက်ဖျက်ရ ခက်တဲ့ ဒီအစွန်းတွေ

မပြေလည် နိုင်တော့ဘူး ...

G~မိန်းကလေး....ငါ မပြေလည် နိုင်တော့ဘူး

မြောက်အရပ်က ငှက်တွေ

ယောက်ယက်ထ ခက်နေပြီဆို သေချာတယ်

မိုးမဲတွေ တရိပ်ရိပ် လာနေ ရော့မယ်

သောက်လက်စ ခွက်ကလေးနဲ့

အနောက်ဘက်က ညနေကိုငေးရင်း

တောင်ပေါ် အိမ်လေး သိမ့်သိမ့်ခါနေပေါ့ကွယ်

တိမ်တွေကအခန်းထဲထိ ဝင်လာတာ ချမ်းခဲ့

အိမ်ပြင်မှာ သစ်သားချောင်း လေးတွေ

ထင်းမွှေးရန် မရှိခဲ့

လေတွေက ကြမ်းတယ် ဒီစောင်ခြုံကာ လွမ်းခဲ့

နင်ဒီလူကိုယ်စား ခဏလာမင်းလေး ခံကြည့်လှည့်

အရှေ့ဘက် တောင်တန်းကြီး အထက်မှာ

မြင်းလေး ပြန်စီးမယ်

ဒို့ နှစ်ယောက် ရန်ဖြစ်ခဲ့ ဖူးတဲ့

အင်းလေးကန်ကြီး အလယ်

တစ်နေ့တော့ အခုလို လွမ်းတဲ့အကြောင်းတွေ

မင်းလေး ပြန်သိမယ်

ဒီနေ့တော့အခုလို လွမ်းတဲ့အကြောင်း

ငါသီချင်းလေး ဖန်တီးခဲ့...

တစ်နေ့တော့ အခုလို လွမ်းတဲ့အကြောင်းတွေ

မင်းလေး ပြန်သိမယ်

ဒီနေ့တော့အခုလို လွမ်းတဲ့အကြောင်း

ငါသီချင်းလေး ဖန်တီးခဲ့...

W~ဟိုတုန်းကလို အရင်တုန်းကလို

မျှော်လင့် ဆဲပါကွာ တစ်ယောက်တည်း

အိပ်မက်မက်တယ် မနေ့တုန်းကဆို

အရင်အတိုင်းပဲ သူဟာ ပြန်လာသတဲ့

မိုးလင်းက မိုးချုပ် မင်းစိတ်နဲ့

ဖျောက်ဖျက်ရခက်တဲ့ ဒီအစွန်းတွေ

မပြေလည်နိုင်ပါ နေ့တိုင်း ညစ်နေတယ်

မိုးလင်းက မိုးချုပ် မင်းစိတ်နဲ့

ဖျောက်ဖျက်ရခက်တဲ့ ဒီအစွန်းတွေ

မပြေလည် နိုင်တော့ဘူး

စဉ်းစားရခက်နေတယ်

အိုး...မင်းထားသွား ရက်လေတယ်

မိုးချုပ် တော့မယ့် ညနေဝယ်..

အဆိုးဆုံးကတော့ ငါတစ်ယောက်ထဲ...

တိတ်ဆိတ်တဲ့ ညနေရယ်..

ငေး..ကြည့်ရတဲ့ ကျောပြင်ရယ်..

ဝမ်းမနည်းကြတဲ့ ပန်းတွေရယ်..

အဆိုးဆုံးကတော့ငါတစ်ယောက်ထဲ...

ပင့်ကူအိမ်များလို ရစ်နှောင် တွယ်ပြီးမှ

နင် ဖျက်ဆီးခဲ့ ငါ့ဘဝအား....

ဝတ်မှုန် ကုန်သွားချိန်

မင်းပြန် ထွက်သွား သလား...

လည်ပြန် မကြည့်တဲ့ ပန်းပွင့်များ....

G~ဝရံတာမှာ ပက်လက်လဲ

ကြယ်တွေကို တွက်ချက်ခဲ့တယ်

မိုး..လင်းပေါက် အထိပဲ

ဒီခန္ဓာကိုယ် ပတ်ပတ်လည်

တုန်ခါနေ တစ်ဆတ်ဆတ် နဲ့

ဆံနွယ်တွေက ညင်သာလွန်းတယ်

နတ်ဖွက်တဲ့အလင်းတွေမလာခင် အချစ်ရယ်

မောင့် jacket ထဲမှာဝင်နေ စမ်းကွယ်

(မရပ်မနားငါ ခရီးနှင်ခဲ့တယ် ရထားသဖွယ်

ရွာသားတွေ နိုး ကုန်ကြရင် ခက်သားရယ် )

(မရပ်မနားငါ ခရီးနှင်ခဲ့တယ် ရထားသဖွယ်

ရွာသားတွေ နိုး ကုန်ကြရင် ခက်သားရယ် )

ဒီတောင်ကုန်းပေါ် မြူတွေဖုံးရင်

နှင်းစက်များ ရွှဲပြီး လေတွေတိုးရင်

ရေမချိုးချင်တဲ့ ကောင်မလေး အကြောင်း

သီချင်းစပ် ထားတယ်

ကိုယ်က မချစ်တတ်လောက်ဘူး ဆိုပြီး

သစ်ရွက်ခြောက်တွေလိုတော့လွင့်ထွက်မသွားနဲ့

မင်းက လမ်းခွဲဖို့ ပြောတိုင်း

အခန်းထဲက မီးသီးလေးလို

ကိုယ့်မှာ အလင်းဓာတ် အားနည်း

ဒီလူကို ထားပြီး မင်းက ရွှေပြည်ကိုပြေးခဲ့

တောင်ပေါ်ရွာလေးရဲ့ နံဘေးက စေတီအိုလေးဝယ်

မိုးလင်းမိုးချုပ် ဆုတောင်းတယ်

အဆင်းလမ်းလေးအတိုင်း ပြန်ခဲ့ကွယ်

သီချင်းလေးအမြဲတမ်းညည်းတဲ့

ကိုယ့်ရဲ့ ရေဒီယိုလေးရယ်

ပျော်ရွှင်စရာအဖြစ်ပျက်များက

နေခြည်လို နွေးဆဲ

ကိုယ်ကြင်နာဖို့ ဆုံးဖြတ်တော့မှ

တစ်နယ်စီ တို့ဝေးခဲ့

ပြန်လှည့်ခဲ့ ပါတော့ကွယ်

မိုးလည်း ရွာတော့မယ်

ကိုယ်သိပ် ချစ်ရတဲ့ ရေဒီယိုလေးရယ်

W~ဟိုတုန်းကလို အရင်တုန်းကလို

မျှော်လင့် ဆဲပါကွာ တစ်ယောက်တည်း

အိပ်မက်မက်တယ် မနေ့တုန်းကဆို

အရင်အတိုင်းပဲ သူဟာ ပြန်လာသတဲ့

မိုးလင်းက မိုးချုပ် မင်းစိတ်နဲ့

ဖျောက်ဖျက်ရခက်တဲ့ ဒီအစွန်းတွေ

မပြေလည်နိုင်ပါ နေ့တိုင်း ညစ်နေတယ်

မိုးလင်းက မိုးချုပ် မင်းစိတ်နဲ့

ဖျောက်ဖျက်ရ ခက်တဲ့ ဒီအစွန်းတွေ

မပြေလည် နိုင်တော့ဘူး ...

更多G Fatt/Wink热歌

查看全部logo