menu-iconlogo
huatong
huatong
avatar

ဓူဝံကြယ်

G Fatthuatong
houseplate45huatong
歌词
作品
Cho - အမှောင်တွေက

အလင်းရဲ့ကျေးကျွန်ပဲ

ယုံကြည်ပါတစ်နေ့

ကျွန်တော်တောက်ပပြမယ်

နေရောင်လိုစွမ်းအားမကြီးပေမယ့်

ဓူဝံကြယ်လောက်တော့လင်းနိုင် ရဲ့

ငယ်စဉ်ကအနုပညာသည်

ဖြစ်ချင်တယ်

ကျွန်တော်သီချင်းတွေဆိုရင်းနဲ့

ဝါသနာကိုကိုးကွယ်မယ်

စိတ်ချမ်းသာတယ်

ဒီမိသားစုလေးနဲ့

ကျွန်တော့အိပ်မက်တွေထဲ.....

🌟🌟🌟🌟🌟🌟🌟

(မှောင်မိုက်နေတဲ့ကံကြမ္မာ

တစ်ခုအောက်က

မိသားစုအတွက်

ကျွန်တော်

ကြယ်တစ်ပွင့်ဖြစ်ချင်တယ်

သို့မဟုတ်

ပိုးစုန်းကြူးတစ်ကောင်လောက်တော့ဖစ်ချင်တယ်)

Rap - ထောင့်ကိုးရာကိုးဆယ့်နှစ် ဒီဇင်ဘာလ

သားဖွားဆေးရုံထဲ

ကလေးတစ်ယောက်ငိုသံပီပြင်စွာကြား

ဒီတင်

ငါ့သားလူဖြစ်ပြီလို့အဖေကြုံးဝါးသတဲ့

ကြည်နူးလွန်းလို့

သူ့မျက်နှာတစ်ဝိုက်မှာအပြုံးများဝဲ

အဆုံးအစမဲ့

အဖေ့ရဲ့မေတ္တာတရားများကြောင့်

သားဘ၀တစ်လျှောက်

အပူအပင်ကင်းဖို့

သူ့ခမျာမှာတော့အငှားကားမောင်း

ကျန်းမာရေးလည်းချူချာတော့

ဆေးရုံဆေးခန်းဆိုခဏခဏရောက်

ရှစ်တန်းနှစ်မှာအိမ်ကိုရောင်း

တစ်မိသားစုလုံးငါးပါးမှောက်

တွေးမိတိုင်းရင်တွေနာတယ်

စီးပွားရေးအဆင်မပြေတာတွေ

ချမ်းသာတဲ့အသိုက်အမြုံဆိုတာ

ကျွန်တော်တို့ဘ၀နဲ့အသင်္ချေကမ္ဘာဝေး

လူတွေကြိုက်သလိုထင်ပစေဗျာအဖေ

ဂရုမစိုက်ဘူးကျနော်ကြိုးစားမယ်

တစ်နေ့ရိုက်ချိုးပြမယ်

ခပ်ညံ့ညံ့ကောင်လို့

ဆွေမျိုးတချို့မြင်နေတာတွေ

ပ၀ါမကူရေမရှူချပါ

ဘ၀ကိုအရှုံးမပေးနဲ့မခေသူ

ကျုပ်ကအဖေတူသားပါ

နေပူကြားမှာ

ဒီမိသားစုအတွက်

နှစ် ၂၀ ကျော်ကျော်လောက်ထိကိုရှာကျွေးခဲ့

အဲ့ကျေးဇူးကိုမသိတတ်တဲ့သားမိုက်

ကျပါပြီဆယ်တန်းစာမေးပွဲ

အမေကတော့အားပေးတယ်

နောက်နှစ်စာပိုပြီးကျက်ဖို့ကို

ပညာရေးစိတ်မ၀င်စားတဲ့

ကျုပ်ကစာကိုRapလိုဆို

အသက်ကတစ်ရက်ထပ်တစ်ရက်ပိုတိုး

ပတ်ဝန်းကျင်မှာမ၇ှက်သလိုအချိုး

အခုတော့ကျွန်တော်ရောက်နေပါပြီ

သူတို့တက်စေချင်တဲ့တက္ကသိုလ်ကို

Cho - အမှောင်တွေက

အလင်းရဲ့ကျေးကျွန်ပဲ

ယုံကြည်ပါတစ်နေ့

ကျွန်တော်တောက်ပပြမယ်

နေရောင်လိုစွမ်းအားမကြီးပေမယ့်

ဓူဝံကြယ်လောက်တော့လင်းနိုင်ရဲ့

ငယ်စဉ်ကအနုပညာသည် ဖြစ်ချင်တယ်

ကျွန်တော်သီချင်းတွေဆိုရင်းနဲ့

ဝါသနာကိုကိုးကွယ်မယ်

စိတ်ချမ်းသာတယ်

ဒီမိသားစုလေးနဲ့

ကျွန်တော့အိပ်မက်တွေထဲ

🌟🌟🌟🌟🌟🌟🌟

Rap - အမေက

သာမန်အလယ်တန်းပြကျောင်းဆရာမ

အမေနဲ့တူတာတဲ့တစ်ချက်က

တစ်ခုခုဆိုကျုပ်ခေါင်းမာတာ

အပေါင်းအပါများနဲ့လူငယ်

လွတ်လပ်ခွင့်တွေကိုမနှောက်ယှက်ပါနဲ့

အမေမသိအောင်ကျောင်းတွေပျက်

ဆေးလိပ်တွေလည်းငါသောက်တတ်လာတယ်

လူငယ်ပဲ

မှားတာရှိကြတာမဆန်းပါ

ပန်းတိုင်တိကျစွာ

မှန်းမရတဲ့အပြင်ရည်းစားထားလမ်းသလား

စာမကျက်

အမှတ်ကနည်း

အောင်စာရင်းထွက်တိုင်းအရှက်ပါကွဲ

levelတန်းတူအပေါင်းအသင်းဆရာမတွေကြား

အမေကeverမျက်နှာငယ်

အခက်အခဲ

အကျပ်အတည်းတွေ

အိမ်မှာထင်တာထပ်မနည်းပါ

တစ်ဖက်တစ်လမ်းကအမကလုပ်ကျွေးတယ်

သူကြင်ယာဖက်လည်းမရှာ

ပြီးတော့ပညာတတ်ဘွဲ့ရ

ကျွန်တော်နဲ့ယှဉ်ရင် ဆီနဲ့ရေပဲ

အဲ့မခံချင်စိတ်တွေကကျုပ်ကို

ဒီဂီတလောကမှာတည်မြဲစေခဲ့

သူ့သားဆိုလို့တဲ့

လိုက်အားပေးတယ် stage showကို

စင်အောက်ကကြည့်နေရင်း

အမေ့ရင်ထဲမှာ တိတ်တခိုးငို

ဒီဂီတမှမအောင်မြင်ရင်

ငါ့သားတစ်ယောက်တော့ဘ၀ပျက်မှာပဲ

အဲ့စကားတွေကြားရတော့

ကျုပ်အမေ့ကိုပိုပြီးသနားတတ်လာတယ်

လူဆိုတာ ကံဆရာကြိုးဆွဲရာကတဲ့ရုပ်သေးပဲ

အဲ့အဆိုအမိန့်ကိုလက်မခံနိုင်လို့

ကျုပ်အနာဂတ်ကိုကျုပ်ဆေးချယ်

ဆိုခဲ့ဘူးသမျှသီချင်းတိုင်းမှာ

ဦးနှောက်အစွမ်းအစအကုန်ထုတ်ရေးခဲ့

အရည်အချင်းကစကားပြောတဲ့တစ်နေ့ကျ

အဖေနဲ့အမေကိုလုပ်ကျွေးမယ်

Cho - အမှောင်တွေက

အလင်းရဲ့ကျေးကျွန်ပဲ

ယုံကြည်ပါတစ်နေ့

ကျွန်တော်တောက်ပပြမယ်

နေရောင်လိုစွမ်းအားမကြီးပေမယ့်

ဓူဝံကြယ်လောက်တော့လင်းနိုင်ရဲ့

ငယ်စဉ်ကအနုပညာသည် ဖြစ်ချင်တယ်

ကျွန်တော်သီချင်းတွေဆိုရင်းနဲ့

ဝါသနာကိုကိုးကွယ်မယ်

စိတ်ချမ်းသာတယ်

ဒီမိသားစုလေးနဲ့

ကျွန်တော့အိပ်မက်တွေထဲ

🌟🌟🌟🌟🌟🌟🌟

✎﹏Nυ♪✮♪Nυ﹏✍

更多G Fatt热歌

查看全部logo