သီချင်း း မေ့ဖို့မလွယ်ပါ
တေးဆို း Gae Gae
နင်ပျော်အောင်ထားပါ့မယ်လို့
ကတိတွေပေးခဲ့တာဟာ
ငါပျော်အောင်ဘေးနားနေလို့
ကျေးဇူးတင်ခဲ့ဖူးသူပါ
ကြင်နာစွာနမ်းရှိုက်မိသော
လမ်းခွဲလက်ဆောင်
အသိအမှတ်နင်ပြုပေး
ငါငိုတာသိပ်ကြည့်ချင်လို့
လမ်းခွဲဖို့တောင်းဆိုတာလား
နင်လျော်တာကြည့်ပါရစေတော့
ဆိုပြီးခေါင်းငြိမ့်ခဲ့တာ
ဖြူရော်ကာသွေးမရှိတော့သော
နှုတ်ခမ်းနဲ့ပါးကို
နင်းခွင့်တခါတော့ပေး
ရူးရူးမူးမူးချစ်ခဲ့တာပါ
ငါရဲ့အသဲကမကွဲပဲနေမလား
နင့်အပြုံးလေးတည်မြဲဖို့အတွက်
ငါ့တာဝန်ပါ
မျှော်လင့်ချက်ကမထားတော့တာပါ
ငါ့ထက်မင်းကအဓိကပါကွာ
နင့်အပြုံးလေးတည်မြဲဖို့အတွက်
ငါ့တာဝန်ထား
မငိုအောင်လဲထိန်းလို့မရဘူး
အချိန်တွေတိုင်းမလွမ်းပဲမနေဘူး
ပြန်မရတော့မင်းရဲ့ မေတ္တာ
ကလေးလေးတယောက်လို
မျှော်နေမိတာ
တော်ပါပြီငါမလွမ်းဘူး
မလွယ်ပါကွယ်ငါမေ့ဖို့
ယောင်ယောင်ပြီးညဘက်ဆိုရင်လေ
ကြွေကျသောငါ့ရဲ့မျက်ရည်
နင်ပျော်နိုင်ဖို့လား
ရွှေအိုရောင်လေးသန်းနေသော
ဖိတ်စာရောက်တဲ့အချိန်မှာ
ဒီရင်မှာစုတ်ပြတ်ကာသွား
ခံနိုင်ရည်မရှိတော့ပါဘူး
ရူးရတော့မယ်
သတ်လိုက်ပါလားကွယ်
လူတွေစည်းကားနေတဲ့
နင်နဲ့ခန်းမအလယ်မှာ
အတူတူလက်ချင်းကိုချိတ်
အခွင့်အရေးရတဲ့သူဟာ
မင်းမဟုတ်တော့ဘူးဆိုပြီး
ရှေ့ကမှန်ကိုကြည့်ပြီး
ပြောနေမိ
ရူးရူးမူးမူးချစ်ခဲ့တာပါ
ငါရဲ့အသဲကမကွဲပဲနေမလား
နင့်အပြုံးလေးတည်မြဲဖို့အတွက်
ငါ့တာဝန်ပါ
မျှော်လင့်ချက်ကမထားတော့တာပါ
ငါ့ထက်မင်းကအဓိကပါကွာ
နင့်အပြုံးလေးတည်မြဲဖို့အတွက်
ငါ့တာဝန်ထား
မငိုအောင်လဲထိန်းလို့မရဘူး
အချိန်တွေတိုင်းမလွမ်းပဲမနေဘူး
ပြန်မရတော့မင်းရဲ့မေတ္တာ
ကလေးလေးတယောက်လို
မျှော်နေမိတာ
တော်ပါပြီငါမလွမ်းဘူး
မလွယ်ပါကွယ်ငါမေ့ဖို့
ယောင်ယောင်ပြီးညဘက်ဆိုရင်လေ
ကြွေကျသောငါ့ရဲ့မျက်ရည်
နင်ပျော်နိုင်ဖို့လား
မငိုအောင်လဲထိန်းလို့မရဘူး
အချိန်တွေတိုင်းမလွမ်းပဲမနေဘူး
ပြန်မရတော့မင်းရဲ့မေတ္တာ
ကလေးလေးတယောက်လို
မျှော်နေမိတာ
တော်ပါပြီငါမလွမ်းဘူး
မလွယ်ပါကွယ်ငါမေ့ဖို့
ယောင်ယောင်ပြီးညဘက်ဆိုရင်လေ
ကြွေကျသောငါ့ရဲ့မျက်ရည်
နင်ပျော်နိုင်ဖို့လား