သီချင်း - ဥယျာဉ်မှူး
တေးဆို - ထူးအယ်လင်း
အလွမ်းတွေကြားမှာနွမ်းမနေနဲ့ ပန်းပွင့်လေးရယ်
ရောင်နီလာချိန်မှာ ပွင့်လန်းပါတော့
ရနံ့တို့မရှိပေမဲ့ အလှဆုံးပွင့်တဲ့သူ
ထည်ဝါမှုနဲ့ လှပသေးတယ် ပန်းကလေးရယ်
ငါက ကမ္ဘာကြီးသာယာစေဖို့ ပန်းစိုက်တဲ့သူ
နင်က အရောင်မျိုးစုံပိုင်ဆိုင်တဲ့သူ
လိမ္မာပါတယ် ပန်းကလေးရယ်
နင်ဖြူဖြူစင်စင် ပွင့်လိုက်တော့ကွယ်
အပျိုတွေခေါင်းပေါ်မရောက်ချင်နဲ့
ခဏနေကျရင် မင်းဘဝကအမှိုက်ဖြစ်သွားမယ်
ပင်ယံပေါ်မှာပွင့်သောပန်းထက် လှပါတယ်
မင်းတွေးပြီးမဆွေးပါနဲ့
မင်းပွင့်လိုက်ပါပန်းပွင့်လေးရယ်
ပန်ဆင်သူမရှိတဲ့ဘဝလေးလည်း ကောင်းပါတယ်
မင်းပွင့်လိုက် အလှဆုံးပွင့်လိုက်ပါ ကလေးရယ်
ကမ္ဘာကြီးအတွက် ဟေး
အဆင်းသာရှိတယ် အချင်းမရှိသော
စကားပုံအဟောင်းများရဲ့အဝေး
မင်းဝေးဝေးနေလိုက်လေ မင်းနဲ့ဘာမှမဆိုင်ဘူးလေ
ဘာအတွက်ကြောင့် စိတ်ညစ်နေမလဲ
နာကျင်စရာအားလုံးမေ့လိုက်ပါ ကလေးရယ် ဟေး
ငါက ကမ္ဘာကြီးသာယာစေဖို့ ပန်းစိုက်တဲ့သူ
နင်က အရောင်မျိုးစုံပိုင်ဆိုင်တဲ့သူ
လိမ္မာပါတယ် ပန်းကလေးရယ်
နင်ဖြူဖြူစင်စင် ပွင့်လိုက်တော့ကွယ်
အပျိုတွေခေါင်းပေါ်မရောက်ချင်နဲ့
ခဏနေကျရင် မင်းဘဝကအမှိုက်ဖြစ်သွားမယ်
ပင်ယံပေါ်မှာပွင့်သောပန်းထက် လှပါတယ်
မင်းတွေးပြီးမဆွေးပါနဲ့
မင်းပွင့်လိုက်ပါပန်းပွင့်လေးရယ်
ပန်ဆင်သူမရှိတဲ့ဘဝလေးလည်း ကောင်းပါတယ်
နင်ဖြူဖြူစင်စင် ပွင့်လိုက်တော့ကွယ်
အပျိုတွေခေါင်းပေါ်မရောက်ချင်နဲ့
ခဏနေကျရင် မင်းဘဝကအမှိုက်ဖြစ်သွားမယ်
ပင်ယံပေါ်မှာပွင့်သောပန်းထက် လှပါတယ်
မင်းတွေးပြီးမဆွေးပါနဲ့
မင်းပွင့်လိုက်ပါပန်းပွင့်လေးရယ်
ပန်ဆင်သူမရှိတဲ့ဘဝလေးလည်း ကောင်းပါတယ်