menu-iconlogo
huatong
huatong
avatar

အကြင်နာည

j firehuatong
p.metcalfhuatong
歌词
作品
သီချင်း - အကြင်နာည

တေးဆို - J Fire

မင်းဘေးနား တစ်သက်စာ နေတော့မလို့ (ထာဝရ)

နှစ်ယောက်ထဲဘဝကို တည်ဆောက်မို့

အိပ်မက်သစ်အတွက် ငါအိပ်ဖို့အသင့်ပါ

ဒို့ညတွေ အတူတူ စိုက်ပျိုးစို့

မိုးသားထဲအလွမ်းတွေလွင့်ပြေးဖို့ (ဒီဘဝ)

မင်းနှုတ်ခမ်းက အနမ်းနဲ့ကုပေးဦး

ရှေ့ဆက်အသက်ထက် မင်းလက်တွဲကာ

ဘဝတိုက်ပွဲအတူဝင်ကြစို့

မင်းမျက်လုံးလေးတွေ မှိတ်ပြီး အိပ်စက်တော့လေ

ဘဝအသစ်အတွက်မှတ်တိုင်ထူဖို့ကွယ်ဒီည

အချစ်စစ်တို့လမ်းလေး ထာဝစဉ်မကြမ်းတမ်းဖို့ရယ်

အတူတူ ကြိုးစားလိုက်စို့ကွယ်

ဒီည အတူတူကြိုးစားလိုက်စို့ကွယ်

Yeah ဒီလိုအကြင်နာ ညလေးမှာ

ကိုယ်မင်းကိုပြောစရာ တစ်ခုရှိတယ်

အမှောင်ကိုကြိုက်တာလား မင်းကအလင်းကိုကြောက်တာလား

ဘာပဲကာစီးကာစီးနင်းဖြိုပလိုက်မှာ

ငါရှေ့ဆက်ရမယ့်ခရီးမှာလည်းမင်းအလိုလိုက်မာပါ

ရွှေလည်တိုင်ကိုသောက်သုံးရင်းနဲ့ အတင်းကိုရှိုက်တာများတော့

အရာထင်တာကြီးပဲ ဒါ မာကင်ရာငြိတွယ်

မကြောက်နဲ့ ဒီလိုယောကျင်္ားကောင်းတွေရာဇဝင်မှာရှိတယ်

အောက်နှုတ်ခမ်းကိုကိုက်ထားပြီးတော့နာကြင်တာသိလည်း

မင်းရဲ့ဆနြ္ဒပီးမြောက်စေချင်လို့ကို ငါ ကြင်နာမိတယ်

ပန်းချိုးတာမဟုတ်ဘူး ကိုယ်ကပန်းပျိုးနေတာ

ခန္ဓာကိုယ်ရဲ့နေရာအနှံ့မှာ အနမ်းမိုးတွေရွာ

ကြက်သီးလေးတွေထတာ ချမ်းလို့လေလား

အခုလို အရမ်းဆိုးနေတာ ကိုယ်ကလွမ်းလို့လေကွာ

အဆိပ်သင့်တဲ့တံခါးတွေရိုက်ချိုးလို့ (တစ်ချိန်က)

ရခဲ့တဲ့ဒဏ်ရာကုစားဖို့ မင်းအကြည့်နဲ့ထွန်းညှိ

လောကသစ်တေးသီချင်းတွေ

ငြိမ်းချမ်းမှုအတွက် အတူတူဆိုညည်းစို

မိုးသားထဲအလွမ်းတွေလွင့်ပြေးဖို့ (ဒီဘဝ)

မင်းနှုတ်ခမ်းက အနမ်းနဲ့ကုပေးဦး

ရှေ့ဆက်အသက်ထက် မင်းလက်တွဲကာ

ဘဝတိုက်ပွဲအတူဝင်ကြစို့

မင်းမျက်လုံးလေးတွေ မှိတ်ပြီး အိပ်စက်တော့လေ

ဘဝအသစ်အတွက် မှတ်တိုင်ထူဖို့ကွယ်ဒီည

အချစ်စစ်တို့လမ်းလေး ထာဝစဉ်မကြမ်းတမ်းဖို့ရယ်

အတူတူ ကြိုးစားလိုက်စို့ကွယ်

ဒီည အတူတူကြိုးစားလိုက်စို့ကွယ်

更多j fire热歌

查看全部logo
အကြင်နာည j fire - 歌词和翻唱