menu-iconlogo
huatong
huatong
avatar

မုသား

Joe Lay/Kg Layhuatong
💗မာယာဒေဝီ🌸🌸🌸🌸huatong
歌词
作品
မုသား

ဆို >> Joe Lay & Kg Lay

Start (0:20) Go!

ငါဘယ်လိုနေရမလဲ

မင်းအကြောင်းတွေကို

မတွေးတော့ဘူးလို့ အထပ်ထပ်ညာရင်းနဲ့

(တွေးနေဆဲ)

ဘယ်လိုဟန်ဆောင်ရမလဲ

ဘာမှ မသိတော့ဘူး

အဲဒီစိတ်နဲ့ ရူးတော့မှာပဲ

သိပ်ချစ်မိခဲ့တဲ့စိတ်က

အတိတ်ထိ အမြစ်တွေတွယ်

ငါ မရိပ်မိခဲ့လေတဲ့

မင်းအချစ်က ဟန်ဆောင်မှုများနဲ့

နာကျင်စရာများ မင်းပေးထားခဲ့တာပါ

ငါ့ကို လေပြေလိုပဲ မင်းကထွက်ခွာသွား

နင်ပေးတဲ့ မုသားများထဲမှာ

ငါ မရင့်ကျက်နိုင်သေးခဲ့

ငါသိရက်နဲ့ပဲ ရူးမိုက်ခဲ့သူပါ

ငါအချစ်တွေပေးခဲ့လည်း

နောက်ဆုံး နောင်တတွေနဲ့

ဆုလာဘ်အဖြစ်နဲ့ ဘဝတစ်ခုစာမင်းပေးတယ်

I Don't Wanna Know

နင်လိမ်ညာသမျှကို

I Don't Wanna Know

နင်လိမ်ပါ ငါ့ကို

Don't Really Wanna Know

အရူးဖြစ်ခံပြီး ချစ်ခဲ့ရတာမို့

ဘာမှထပ်ပြီး နောက်ထပ်မသိချင်တော့လို့......

******

(1:56) Go!

အချိန်တွေကြာသွားလည်း

မေ့မရနိုင်သူ နင်ပြန်လာမယ်ယုံကြည်ရင်းနဲ့

စောင့်မိနေဆဲ

အချိန်တွေသာကုန်လာခဲ့တယ်

နင်ပြန်ပြီး ရောက်မလာဘူး

အရူးတစ်ပိုင်းအတွေးနဲ့ အိပ်မက်နေဆဲ

နင်တနေ့နေ့ ရောက်လာမယ့်

အချိန်တွေသာ တဖြည်းဖြည်းဟောင်းလာခဲ့

တိမ်တွေအရောင် တဖြည်းဖြည်းပြောင်းလာလည်း

မင်းဘယ်ရင်ခွင်မှာများလဲ

ပျော်နေရဲ့လား မင်းရွေ့တဲ့အကွက်တွေကြား

အလိမ်ညာမပါဘဲ ချစ်တတ်သွားပြီလား

နင်ပေးတဲ့ မုသားများထဲမှာ

ငါ မရင့်ကျက်နိုင်သေးခဲ့

ငါသိရက်နဲ့ပဲ ရူးမိုက်ခဲ့သူပါ

ငါအချစ်တွေပေးခဲ့လည်း

နောက်ဆုံး နောင်တတွေနဲ့

ဆုလာဘ်အဖြစ်နဲ့ ဘဝတစ်ခုစာမင်းပေးတယ်

I Don't Wanna Know

နင်လိမ်ညာသမျှကို

I Don't Wanna Know

နင်လိမ်ပါ ငါ့ကို

I Don't Really Wanna Know

အရူးဖြစ်ခံပြီး ချစ်ခဲ့ရတာမို့

ဘာမှထပ်ပြီး နောက်ထပ်မသိချင်တော့လို့......

I Don't Wanna Know

နင်လိမ်ညာသမျှကို

I Don't Wanna Know

နင်လိမ်ပါ ငါ့ကို

I Don't Really Wanna Know

အရူးဖြစ်ခံပြီး ချစ်ခဲ့လို့ပါ

ဘာမှထပ်ပြီး နောက်ထပ်မသိချင်တော့လို့......

**Thanks**

更多Joe Lay/Kg Lay热歌

查看全部logo