menu-iconlogo
huatong
huatong
avatar

အသက်ရှင်နေသရွေ့

L Seng Zihuatong
baitobaitohuatong
歌词
作品
သီချင်း - အသက်ရှင်နေသရွေ့

တေးဆို - Lဆိုင်းဇီ

တိမ်တွေလိုလွင့်မျောနေသူအချစ်လေး

ကိုယ့်ရဲ့ကောင်းကင်ပြာကြီးထဲတိုးဝင်

မင်းလေးဆေးရောင်ခြယ်လိုက်

ပြေးဆော့ကစားလိုက်

စိတ်ကြိုက်ပါ မင်းလိုချင်ရာပုံသဏ္ဍန်များဖန်ဆင်း

အပြောင်းအလဲတွေများတဲ့ မှော်ပညာအတတ်နဲ့

မင်းရဲ့လှည့်ကွက်သစ်တစ်ခုမှာ

ရုန်းထွက်မရတော့ပါ

အနမ်းလေးတွေပေးပြီး ဒဏ်ရာတွေထားပြီး

တစ်နေ့တော့လမ်းကြောင်းသစ်တစ်ခုကိုလှည့်

နင် ထွက်သွားခဲ့

ရင်ခုန်စွာကိုယ်စောင့်နေတယ် အချစ်လေး

အမှတ်တရလေးများစွာ ထားသွားခဲ့သူ

မင်းရဲ့စိတ်လိုအင်ကိုနားမလည်သေးတော့

မင်းအချစ်တွေငါ့ရင်ခွင်ကို

မွှေနောက်လို့ ထားခဲ့

အတုံ့အလှည့်တွေမရှိတဲ့

အဖြူရောင်အချစ်များနဲ့

ဘဝတစ်ခုရှုံးပြီးရင်း ရှုံးနေလည်း

ဆက်ချစ်နေမယ်

အသက်ရှင်နေသရွေ့လေ

မင်းအတွက်အမြဲကိုယ်ဖြည့်ဆည်းမယ်

ရှင်သန်နေမယ့် လူတစ်ယောက်ပါပဲ

အသက်ရှင်နေသရွေ့လေ

ယုံကြည်လို့စောင့်နေမယ်

အချစ်ကို နင်လေသိတတ်တဲ့အချိန်ထိ...

အသက်ရှင်နေသရွေ့လေ

မင်းအတွက်အမြဲကိုယ်ဖြည့်ဆည်းမယ်

ရှင်သန်နေမယ့် လူတစ်ယောက်ပါပဲ

အသက်ရှင်နေသရွေ့လေ

ရင်မှာအမြဲရှိနေမယ်

ဘဝမှာ အတူတူပေါင်းစပ်ခွင့်မရှိလည်း...

ရာသီလေတွေနဲ့ အတူပြန်လာပါတော့

မျောလွင့်လို့ နင်မမောသေးဘူးလား

အချစ်ရဲ့ အဓိပ္ပါယ်တွေကို

နင်နားမလည်သေးသရွေ့

စိတ်ကြိုက်ပါ မင်းလိုချင်ရာ

အရောင်အဆင်းများခြယ်လိုက်

အတုံ့အလှည့်တွေမရှိတဲ့

အဖြူရောင်အချစ်များနဲ့

ဘဝတစ်ခုရှုံးပြီးရင်း ရှုံးနေလည်း

ဆက်ချစ်နေမယ်

အသက်ရှင်နေသရွေ့လေ

မင်းအတွက်အမြဲကိုယ်ဖြည့်ဆည်းမယ်

ရှင်သန်နေမယ့် လူတစ်ယောက်ပါပဲ

အသက်ရှင်နေသရွေ့လေ

ယုံကြည်လို့စောင့်နေမယ်

အချစ်ကို နင်လေသိတတ်တဲ့အချိန်ထိ...

အသက်ရှင်နေသရွေ့လေ

ရင်မှာအမြဲရှိနေမယ်

ဘဝမှာ အတူတူပေါင်းစပ်ခွင့်မရှိလည်း...

မရှိလည်း...

更多L Seng Zi热歌

查看全部logo