menu-iconlogo
huatong
huatong
avatar

ခရစ္စမတ်ည

Nansu Yati Soehuatong
lorenzettohuatong
歌词
作品
သီချင်း - ခရစ္စမတ်ည

တေးရေး - စောဘွဲ့မှူး

တေးဆို - နန်းဆုရတီစိုး

အသေအချာကို ပြန်တွက်ကြည့်တော့

အသက် ဆယ့်ရှစ်မှာ

ဆောင်းတွင်းကြီး နှင်းဖွဲဖွဲမှာ

စောစောစီးစီး အိမ်ကိုလာ

ရွှေမင်ငွေမင်တွေ တဖိတ်ဖိတ်နဲ့

သူ့ရဲ့လက်ဆာင်

ခရစ္စမတ်ကတ် လှလှလေးတောင်

အခုတော့ ဟောင်းနေပြီ

မင်းပေးတဲ့ ခရစ္စမတ်ကတ်လေးတွေ

ဟောင်းသွားပြီ ဆိုတော့

မင်းပေးတဲ့ အချစ်အစအနလေးတွေ

မင်း မေ့သွားမှာပါ

အဖော်တွေအစုံအလင် နင်ဖိတ်ခဲ့တဲ့

ခရစ္စမတ် ညတစ်ညမှာ

အသည်းနှလုံးတံဆိပ် ခတ်နှိပ်ထားတဲ့

ကိတ်မုန့် အနီရောင်ကို

လူစုံချိန်မှာ ငွေဓားလေးနဲ့

မင်း တအားလှီးခဲ့တာ

အများက လက်ခုပ်တီးကြတဲ့အခါ

ငါ့အတွက် စိုးရိမ်စရာ

မင်းပေးတဲ့ ခရစ္စမတ်ကတ်လေးတွေ

ဟောင်းသွားပြီ ဆိုတော့

မင်းပေးတဲ့ အချစ်အစအနလေးတွေ

မင်း မေ့သွားမှာပါ

နင်တကယ်ခင်ရင် လာခဲ့ပေါ့လို့ပြောတဲ့

ခရစ်စ္စမတ်မှာ အရေးလုပ်ဖိတ်တဲ့

နင့်ရဲ့စိတ်ကို လေးစားနေတာငါ

ဘာတွေညာတွေ ငါပြောပြတော့

ရှက်တဲ့ နင့်မျက်နှာ

မနေ့ကတစ်နေ့က တွေ့ခဲ့ကြသလို

သတိရမိနေတာ

မင်းပေးတဲ့ ခရစ္စမတ်ကတ်လေးတွေ

ဟောင်းသွားပြီ ဆိုတော့

မင်းပေးတဲ့ အချစ်အစအနလေးတွေ

မင်း မေ့သွားမှာပါ

更多Nansu Yati Soe热歌

查看全部logo