အောင်ပင်လယ်
ရွှေနန်းတော်ရှေ့
ရတနာပုံပြည်ဝယ်
ဇောင်းကလောကန်နဲ့
နန္ဒာကန်လယ်
မွှေးထုံပျံ့ကြွယ် ပန်းရနံ့အသွယ်သွယ်
တောင်သမန်ရေအင်း
ငွေအဆင်းသို့နယ်
ရှေးကဆိုတယ် ဗဟိုနှယ်
အိုဘယ်ဌာန သည်ကာလဝယ်
ထွန်းပဝင်းကျယ်
လွမ်းဘွယ် အံ့ဘွယ်
သြော် ပန်းရနံ့အသွယ်သွယ်
အောင်ပင်လယ် အောင်ပင်လယ်
အောင်ပင်လယ် အောင်ပင်လယ်
အောင်ပင်လယ် အောင်ပင်လယ်
တကယ်တော အစစ်ကဲ့သို့
လယ်တောဖြစ်လို့မို့
ကောင်းဖို့ရွယ်သောခေတ်ကို
အထူးသဖြင့် မျှော်မိတယ်
ကြာစိမ်း ကြာပြာ ပွင့်နီများ
လှုပ်ရှားကာရယ် များစွာကွယ်
ကြာစိမ်း ကြာပြာ ပွင့်နီများ
လှူပ်ရှားကာရယ် များစွာကွယ်
လေယူရာကို ကြိုင်လှိုင်မွှေးလို့
အေးကြည်တယ် ရှေးမှီဖွယ်
လူအို လူမင်း ပြောခြင်းလက္ခဏာ
ဟင်္သာမောင်နှံရယ်
ဝဲတယ် ဝဲတယ်
အောင်ပင်လယ် အောင်ပင်လယ်
အောင်ပင်လယ် အောင်ပင်လယ်
အောင်ပင်လယ် အောင်ပင်လယ်
တကယ်တောအစစ်ကဲ့သို့
လယ်တောဖြစ်လို့မို့
ကောင်းဖို့ရွယ်သော ခေတ်ကို
အထူးသဖြင့်မျှော်မိတယ်
ကြာစိမ်း ကြာပြာ ပွင့်နီများ
လှုပ်ရှားကာရယ် များစွာကွယ်
ကြာစိမ်း ကြာပြာ ပွင့်နီများ
လှူပ်ရှားကာရယ် များစွာကွယ်
လေယူရာကို ကြိုင်လှိုင်မွှေးလို့
အေးကြည်တယ် ရှေးမှီဖွယ်
လူအို လူမင်း ပြောခြင်းလက္ခဏာ
ဟင်္သာမောင်နှံရယ်
ဝဲတယ် ဝဲတယ်
အောင်ပင်လယ် အောင်ပင်လယ်
အောင်ပင်လယ် အောင်ပင်လယ်
အောင်ပင်လယ် အောင်ပင်လယ်
တကယ်တောအစစ်ကဲ့သို့
လယ်တောဖြစ်လို့မို့
ကောင်းဖို့ရွယ်သော ခေတ်ကို
အထူးသဖြင့်မျှော်မိတယ်
သိသလောက်သာဖတ်ကြကွယ်
ကဗ္ဗျည်းကျောက်စာဖတ်ရတယ်
ရွှေမန္တလေးတောင်
ဖွေးဖွေးရောင်ရွှေ
တောင်ခြေအကွေ့အတက်
ရှေ့ဘက်မှာကွယ်
ဂူငယ်တစ်ခုနဲ့
အများရှုမြင်နိုင်တယ်
တကယ် တကယ်
တကယ်တဲ့
မင်းရှင်စောမျှောသည့်ဖောင်ဝယ်
လေးကန်စလုံးကို
သိမ်းကျုံးဆည်တော်မူတယ်
မင်းရှင်စောမျှောသည့်ဖောင်ဝယ်
လေးကန်စလုံးကို
သိမ်းကျုံးဆည်တော်မူတယ်
အဲဒါတွေကိုစီခြယ်
နန်းတော်ရှေ့ကဆရာတင်ရယ်
ကိုမြို့မကိုပြောပြ
သောတနားဝယ်
ကြားဖွယ် မှတ်ဖွယ်
ယထာဘူတကို ကြံဆို
မှန်မှန် ကန်ကန်
ဓာတ်သံဖွင့်ပါကြောင်း
ကြောင်း ကြောင်းနဲ့
အောင်ပင်လယ် အောင်ပင်လယ်
အောင်ပင်လယ် အောင်ပင်လယ်
အောင်ပင်လယ် အောင်ပင်လယ်
တကယ်တောအစသ်ကဲ့သို့
လယ်တောဖြစ်လို့မို့
ကောင်းဖို့ရွယ်သောခေတ်ကို
အထူးသဖြင့်မျှော်မိတယ်
ကျေးဇူးတင်ပါတယ်