မေ့အတွေးကမ္ဘာ 
1-ဟူး...... 
ဟူး...... 
ဟူး....... 
ဟူး……. 
လူကိုမြင်တိုင်း..မလုံမလဲ 
သူအစဥ်လို ပြုံးတာ 
သူ ဒီလို ပြုံးလေတိုင်း 
မေရင်ဖိုခဲ့တာ 
မေ့ အသည်း ရင်ထဲ 
သူ့အတွက် အချစ်ပိုကဲ 
လေပြေဆော်သွေး ညတိုင်း 
ဂစ်တာသံပေးကာ 
ဒီအသံကို ကြားလေတိုင်း 
ရင်မှာကြည်နူးတာ 
မေ့အတွေးကမ္ဘာထဲ 
သူ့အကြောင်းအမြဲလိုပဲ 
ဂစ်တာသံလေး ရင်ထဲ 
သာယာကြည်နူးစရာ 
2-တက္ကသိုလ်ကျောင်းတော်သားကို 
အကြင်နာ ပိုမိလို့ 
အားငယ်မိတယ် မေ့မှာ 
မခင်တွယ်မှာ စိုးလို့.... 
တက္ကသိုလ်ကျောင်းတော်သားကို 
အကြင်နာ ပိုမိလို့ 
အားငယ်မိတယ် မေ့မှာ 
မခင်တွယ်မှာ စိုးလို့.... 
ဂုဏ်ရည်မတူလည်း မေ့အသဲ 
ကြည်ဖြူလိုက်စမ်းပါ.... 
မခင်တွယ်လို့လည်း မဟုတ်ဘူး 
ရင်နာနာနဲ့ပါ 
မေ့အတွေးကမ္ဘာထဲ 
သူ့အကြောင်း အမြဲလိုပဲ 
ဂစ်တာသံလေး ရင်ထဲ 
သာယာကြည်နူးစရာ 
1-တက္ကသိုလ်ကျောင်းတော်သားကို 
အကြင်နာ ပိုမိလို့ 
အားငယ်မိတယ် မေ့မှာ 
မခင်တွယ်မှာ စိုးလို့.... 
2-တက္ကသိုလ်ကျောင်းတော်သားကို 
အကြင်နာ ပိုမိလို့ 
အားငယ်မိတယ် မေ့မှာ 
မခင်တွယ်မှာ စိုးလို့.... 
ဂုဏ်ရည်မတူလည်း မေ့အသဲ 
ကြည်ဖြူလိုက်စမ်းပါ.... 
မခင်တွယ်လို့လည်း မဟုတ်ဘူး 
ရင်နာနာနဲ့ပါ 
မေ့အတွေးကမ္ဘာထဲ 
သူ့အကြောင်း အမြဲလိုပဲ 
ဂစ်တာသံလေး ရင်ထဲ 
သာယာကြည်နူးစရာ 
ဟူး...... 
ဟူး...... 
ဟူး....... 
ဟူး…….