menu-iconlogo
huatong
huatong
avatar

Yet Set Hma Kyay Kwell

Sai Sai Kham Leng/Bon Bonhuatong
rose64501huatong
歌词
作品
ရက်စက်တယ် ရက်စက်မှကြေကွဲ

ရက်စက်တယ် ရက်စက်မှဝမ်းနည်း

ငါ့ရဲ့နံရိုးတစ်ချောင်းလို

ငါ့ရဲ့နောက်ကိုယ်တစ်ခြမ်းလို

ငါ့ရဲ့ပါရမီဖက်လို့

ရင်ခွင်မှာတံဆိပ်ခတ်နှိပ်ထားဖူးတယ်

ငါ့ဘဝကိုမင်းအတွက်ပုံအောခဲ့

မင်းကငါ့ကိုပုံပြောတယ်

ပေးခဲ့တဲ့ကတိတွေနဲ့ သစ္စာစကားတွေရေစုန်မှာမျောတယ်

မင်းမရှိလို့မဖြစ်တဲ့သူ စုံလုံးကန်းအောင်ချစ်မယ့်သူ

ညှိမရတဲ့အဖြစ်အပျက်တစ်ခုတိုင်း မင်းကငါ့ကိုအပြစ်ဖွဲ့သူ

ငါ့အတွက်တော့ မင်းက ကဗျာတစ်ပုဒ်ပဲ

ဖျက်မရတဲ့ ပဋိညာဉ်စာချုပ်ပဲ

မင်းအတွက်တော့ငါက ဘာမဟုတ် ညာမဟုတ်ကောင်လို့ ပြောပြီးခါထုတ်ခဲ့

သက်သေမဲ့စွပ်စွဲချက်နဲ့ မိန်းမတွေနဲ့သမုတ်တယ်

စိုင်းစိုင်းဆိုတဲ့ဘဲကြီးက မင်းဘဝအတွက်ဆူးခလုပ်တဲ့

ငါဘာပြောပြောအရေးမလုပ်ဘဲ vampire လိုဂုတ်သွေးစုပ်တယ်

ပီကေလိုညက်အောင်ဝါး အချိုရည်ကုန်မှထွေးထုတ်တယ်

အနာတွေအကုန် ကျက်သွားလည်း

အမှတ်တရ အလွမ်းတွေကျန်ရစ်တယ်

ဒဏ်ရာအမာရွတ်အဟောင်းတစ်ခုက အသည်းမှာထင်ကျန်နေဆဲပဲ

အပျော်တမ်းချစ်တဲ့ အချစ်မှမဟုတ်တာ

ငါဘယ်လိုမေ့ပစ်လို့ရမလဲ

ရင်မှာဖျောက်ဖျက်မရနိုင်တဲ့

မှင် Tattoo တစ်ခုလိုပဲ

ချာချာလည်အောင် ငါ ရူးတော့မယ်

ရက်စက်တယ် ရက်စက်မှကြေကွဲ

ရက်စက်တယ် ရက်စက်မှဝမ်းနည်း

မင်းရဲ့ဆာမူရိုင်းလို

မင်းမဟာတံတိုင်းလို

မင်းအတွက်အရာရာတိုင်းလို့ ငါ့ကိုယ်ငါအသင့်ပြင်ဆင်ထားဖူးတယ်

မင်းကငါ့ဘဝကိုအုပ်ချုပ်တယ်

မင်းကပဲငါ့ကိုအမိန့်ထုတ်တယ်

မင်းရဲ့စက်ရုပ်ကြီးလိုအဝေးထိန်းခလုပ်နဲ့ ငါ့ကိုထိန်းချုပ်တယ်

မင်းဘဝရဲ့အတက်လှေကားလို့ ငါ့ရဲ့ဘဝကိုယုံကြည်ထင်မှတ်တယ်

မင်းကတော့အဆင်းလှေကားလို့သတ်မှတ် ငါ့ကိုအမြင်ကတ်ခဲ့

လူတွေကိုခင်တတ်မင်တတ်တဲ့ ငါ့ကိုမင်း အပြစ်အမြဲမြင်တတ်တယ်

မင်းတို့အတွက်ငါကချဉ်ဖက်တဲ့ တွေးလိုက်တိုင်း ချောင်းဆိုးရင်ကြပ်တယ်

အင်း ငါကမင်းရဲ့အပါးတော်မြဲ မင်းရဲ့အပျင်းပြေ ကစားဖော်ပဲ

ငြီးငွေ့ မှမင်းကပစ်ချ နင်းချေပစ်တယ် ဖဝါးတော်နဲ့

ငါဘဝပျက်မှာမကြောက်ပါဘူး

ငါစိုးရိမ်တာမင်းအကြောင်းအရာတွေ

ဘုရားပေါ်တက်တိုင်းတောင်းတဲ့ဆုက မင်းရဲ့နောက်လူကောင်းပါစေ

အနာတွေအကုန်ကျက်သွားလည်း

အမှတ်တရအလွမ်းတွေကျန်ရစ်တယ်

ဒဏ်ရာအမာရွတ် အဟောင်းတစ်ခုက အသည်းမှာထင်ကျန်နေဆဲပဲ

အပျော်တမ်းချစ်တဲ့ အချစ်မှမဟုတ်တာ

ငါဘယ်လိုမေ့ပစ်လို့ရမလဲ

ရင်မှာဖျောက်ဖျက်မရနိုင်တဲ့

မှင် Tattoo တစ်ခုလိုပဲ

ချာချာလည်အောင် ငါ ရူးတော့မယ်

ရက်စက်တယ် ရက်စက်မှကြေကွဲ

ရက်စက်တယ် ရက်စက်မှဝမ်းနည်း

တိုက်ဆိုင်မူရှိသွားခဲ့ရင်ခွင့်လွတ်

ဒါတကယ်ရည်ရွယ်တာ

ရက်စက်လွန်းပါတယ် ရက်စက်မှဝမ်းနည်း

အနာတွေအကုန် ကျက်သွားလည်း

အမှတ်တရအလွမ်းတွေ ကျန်ရစ်တယ်

ဒဏ်ရာအမာရွတ်အဟောင်းတစ်ခုက အသည်းမှာ ထင်ကျန်နေဆဲပဲ

အပျော်တမ်းချစ်တဲ့ အချစ်မှမဟုတ်တာ

ငါဘယ်လိုမေ့လို့ရမှာလဲ

ရင်မှာဖျောက်ဖျက်မရနိုင်တဲ့

မှင် Tattoo တစ်ခုလိုပဲ

ချာချာလည်အောင် ငါ ရူးတော့မယ်

ရက်စက်တယ် ရက်စက်မှကြေကွဲ

ရက်စက်တယ် ရက်စက်မှဝမ်းနည်း

更多Sai Sai Kham Leng/Bon Bon热歌

查看全部logo