menu-iconlogo
huatong
huatong
歌词
作品
အို... ဟေး ... ကောင်မလေး ရေး

ရင်ထဲမှာပဲ့တင် အော်နေခဲ့

အရမ်းလည်းချစ်တယ် အရမ်းလည်းမုန်းတယ်

ငါအိပ်ပျော်ဖို့တောင်ခက်တယ် ဒွိဟတွေနဲ့

ရည်းစားလေးထားမိခဲ့ ရင်ထဲမှာခုန်နေဆဲ

နင်နဲ့ငါကွိုင်တွေတက် စိတ်တွေကရှုပ်တာပဲ

တယ်လီဖုန်းကိုင်ပါဦး ငါ့မှာ သိပ်ပြီး ငုပ်ပါတယ်

နင်ငါ့ကိုတကယ်ချစ်ရင် ဒီလိုထပ်ပြီးလုပ်ပါနဲ့

ချိုတယ်ထင်တဲ့အချစ်က တခါတလေတော့ခါးပါတယ်

ငါဝိရောဓိဖြစ် ဦးနှောက်က စားပါတယ်

နင်ဖုန်းကို လုံးဝမထူးတော့ တွေးရတာက ကြပ်တာပဲ

ငါ့အကျင့် ငါ့စရိုက်ငါ့အထာကို နင် နပ်ပါတယ်

မကြာခဏဖြတ်ပါတယ် မကြာခဏပြတ်ပါတယ်

ဘာမဆိုငြင်းခုန်ရင်း မကြာခဏသတ်ပါတယ်

ခပ်ညံ့ညံ့ ယောက်ျားတစ်ယောက်လို့ မင်းကငါ့ကိုထင်သလား

နောက်တစ်ယောက်ရှိနေလား မင်းနဲ့ငါ့ရဲ့အပြင်က

ငါ့ကိုယ်ငါအချစ်ကိစ္စမှာ တကယ်ညံ့မှန်းသိပါတယ်

ဒါပေမယ့်လည်းငြိတွယ် နင်တစ်ယောက်ပဲရှိတယ်

လိုချင်နေခဲ့မိတယ် ငါ့ရဲ့အဖြစ်က

စိတ်ထင်ရာလုပ်ပစ်ချင်တယ် ဖြစ်ချင်ရာဖြစ် ah

Drama ရုပ်ရှင်ထဲကပြနေကျအလွမ်းဇာတ်ကွက်လို

Chemistry ဖတ်စာအုပ်က Formula စမ်းသပ်ချက်လို

ဟိုဟာလေးတိုးလိုက်နဲ့ ဒီဟာလေးလျှော့လိုက်နဲ့

နင်တကယ်ပဲဆိုးပါတယ် ငါဒီမှာတော့ Shock ရိုက်ခဲ့

အို... ဟေး... ကောင်မလေး ရေး

ရင်ထဲမှာပဲ့တင် အော်နေခဲ့

အရမ်းလည်းချစ်တယ် အရမ်းလည်းမုန်းတယ်

ငါအိပ်ပျော်ဖို့တောင်ခက်တယ် ဒွိဟတွေနဲ့

ရည်းစားလေးထားမိခဲ့ ရင်ထဲမှာခုန်နေဆဲ

နင်နဲ့ငါကွိုင်တွေတက် စိတ်တွေကရှုပ်တာပဲ

တယ်လီဖုန်းကိုင်ပါဦး ငါ့မှာ သိပ်ပြီး ငုပ်ပါတယ်

နင်ငါ့ကိုတကယ်ချစ်ရင် ဒီလိုထပ်ပြီးလုပ်ပါနဲ့

ငါအိမ်မှာထိုင်နေရင်း စိတ်ကူးယဉ်ပြီးလက်ထပ်ကြည့်

အတွေးနဲ့လက်တွေက ဘယ်လိုမှ အဆက်အစပ်မရှိ

ဒါပေမယ့်ချစ်ချင်တယ် အိမ်ထောင်ရှင်ကြီးဖြစ်ချင်တယ်

ဒီ Relationship ကိုပဲ ငါလေပြန်ပြီး အပြစ်တင်မယ်

နင့်... မာမီနဲ့...

အဆင်ပြေအောင်လေကြိုးစားခဲ့

ရုပ်ပျက်ဆင်းပျက်ဖြစ်အောင်တော့ နင်လုပ်ပါနဲ့ စိတ်ပုပ်ပါနဲ့

ဘယ်သူနဲ့ကျူနေလဲ ဒါဆိုရင်တော့ ယုတ်မာတယ်

လူတကာအထင်အမြင်ကြီးတဲ့ Billionaire ကြီးမဟုတ်ပေမဲ့

ဒီရင်မှာ နင်တစ်ကိုယ်စာ မှီတွယ်ရာတော့ ရှိပါတယ်

နင်ကလေ ငါ့ဘဝကို tennis လိုပဲရိုက်နေတယ်

ငါကလေ အနိုင်ကျင့်တာ သိသိရက်နဲ့ မိုက်နေခဲ့

ငါဘယ်တုန်းကနှင့်ကို မကျေနပ်ဘူးပြောမိလဲ

ငါစိတ်ထဲက နင့်ကို မလိုချင်လည်း လိုအပ်နေတယ်

အချစ်တွေနဲ့အမုန်းတွေနဲ့ လွန်ဆွဲနေရတာ အဆင်မပြေလို့

ငါ့ဖုန်းကိုကိုင်ဦး ဒါဟာအရေးပေါ်အခြေအနေမို့

အို... ဟေး... ကောင်မလေး ရေး

(မီးပွိုင့်တွေလို စိမ်းနေလို့နီနေလို့)

ရင်ထဲမှာပဲ့တင် အော်နေခဲ့

အရမ်းလည်းချစ်တယ် အရမ်းလည်းမုန်းတယ်

(ဒွိဟတွေနဲ့ ဇဝေဇဝါတွေဖြစ်နေလို့)

ငါအိပ်ပျော်ဖို့တောင်ခက်တယ် ဒွိဟတွေနဲ့

(ဒါဟာအရေးပေါ်အခြေအနေမို့)

ဟေး... ကောင်မလေး ရေး

ရင်ထဲမှာပဲ့တင် အော်နေခဲ့

အရမ်းလည်းချစ်တယ် အရမ်းလည်းမုန်းတယ်

ငါအိပ်ပျော်ဖို့တောင်ခက်တယ် ဒွိဟတွေနဲ့

ရည်းစားလေးထားမိခဲ့ ရင်ထဲမှာခုန်နေဆဲ

နင်နဲ့ငါကွိုင်တွေတက် စိတ်တွေကရှုပ်တာပဲ

တယ်လီဖုန်းကိုင်ပါဦး ငါ့မှာ သိပ်ပြီး ငုပ်ပါတယ်

နင်ငါ့ကိုတကယ်ချစ်ရင် ဒီလိုထပ်ပြီးလုပ်ပါနဲ့

ရည်းစားလေးထားမိခဲ့ ရင်ထဲမှာခုန်နေဆဲ

နင်နဲ့ငါကွိုင်တွေတက် စိတ်တွေကရှုပ်တာပဲ

တယ်လီဖုန်းကိုင်ပါဦး ငါ့မှာ သိပ်ပြီး ငုပ်ပါတယ်

နင်ငါ့ကိုတကယ်ချစ်ရင် ဒီလိုထပ်ပြီးလုပ်ပါနဲ့

ဟေး ကောင်မလေး

ရင်ထဲမှာပဲ့တင် အော်နေခဲ့

အရမ်းလည်းချစ်တယ် အရမ်းလည်းမုန်းတယ်

ရေး ရေး... ရေး ရေး...

အရမ်းလည်းချစ်တယ်

更多Sai Sai Kham Leng热歌

查看全部logo