သီချင်း - ငါသွားတော့သွားနေဆဲပဲ
တေးဆို - Sone Phyo
ဖြစ်ချင်တာတွေ မဖြစ်ခဲ့တာများပြီ
စိတ်ဆန္ဒနဲ့ အားအင်တွေမရှိ
မဖြစ်သင့်တာတွေကျ ဖြစ်နေပြီး
ဆက်ကြိုးစားဖို့ ယုံကြည်မှုတွေ
ဟိုးအောက်ဆုံးမှာထိုးကျနေပြီ
တိမ်တွေမော့ကြည့်နေပြီး ငါ့မှာ
ကြည်နူးနေနိုင်ဖို့မအားပါ
အောက်က ဆူးခလုတ်တွေ ရှောင်နေရတုန်းငါ
သံသယလေးထဲ
ဘယ်ဘုရားစင်ပေါ်မှ ရောက်မှာ မဟုတ်တဲ့
ပန်းပင်လေးများစွာ
ဘုရားစင်ပေါ်ရောက်မှ နွမ်းသွားတဲ့ ပန်းကလေးလား
ကံဆိုတာ ပြောင်းလဲနေတဲ့တိမ်တွေလိုပဲ
ကိုယ်လိုချင်တဲ့ပုံစံရချင်မှရမယ်
ရရင်တောင် အချိန်တိုလေးထဲ
ပြိုကွဲပျက်စီးလွယ်တယ်
သဘာဝကိုဆန့်ကျင်တဲ့
ဆုတောင်းတွေမတောင်းတော့ဘူးကွယ်
အလင်းအလျင်နီးပါး
ငါ ကြိုးစားပြီးတော့သွားနေလည်း
စကြာဝဠာကြီးက ကျယ်လွန်းတော့
ဘယ်မှမရောက်သလိုပဲ
ငါ သွားတော့သွားနေဆဲ
ဘယ်မှမရောက်သလိုခဲ့သလိုပဲ
ငါ သွားတော့သွားနေဆဲ
ဘယ်မှမရောက်သလိုတော့သလိုပဲ
ငါ့ကိုငါတောင် ပြန်ရှာနေတုန်း
ပန်းတိုင်ဆိုတာရယ် နေပါဦး
မျှော်လင့်ချက်မထားတော့ဘူး
ဆန္ဒနဲ့ဘဝတထက်တည်း မကျတော့လည်း
သိပ်မထူးဆန်းတော့ဘူးပေါ့
တွန်းပို့မလိုလိုနဲ့
ဆွဲချတတ်တဲ့ပင်လယ်
ချောက်ကမ်းပါးတခုဆိုတာလည်း
အပေါ်မှာရှိသရွေ့တော့ လှပါတယ်
အလင်းအလျင်နီးပါး ငါ ကြိုးစားပြီးတော့သွားနေလည်း
စကြာဝဠာကြီးက ကျယ်လွန်းတော့ ဘယ်မှမရောက်သလိုပဲ
ငါ သွားတော့သွားနေဆဲ ဘယ်မှမရောက်သလိုခဲ့သလိုပဲ
ငါ သွားတော့သွားနေဆဲ ဘယ်မှမရောက်သလိုတော့သလိုပဲ
ငါသွားတော့သွားနေဆဲ
ငါဘာမှဖြစ်မလာသေးဘူး အခုချိန်ထိ
ရှေ့ဆက်ဖို့လည်း ပင်ပန်းနေပြီ
တခါတလေတော့ စိတ်မကောင်းဘူး
ငါသွားတော့သွားနေဆဲ
ငါသွားတော့သွားနေတယ်
ငါသွားတော့သွားနေဆဲ ငါသွားတော့သွားနေဆဲ
ငါ သွားတော့သွားနေဆဲပဲ
ဘယ်မှမရောက်ခဲ့သလိုပဲ
ငါသွားတော့သွားနေဆဲပဲ
ရောက်တော့မလိုလိုနဲ့
ငါသွားတော့သွားနေဆဲ
ဘယ်မှမရောက်ခဲ့သလိုပဲ
ငါသွားတော့သွားနေဆဲ
ငါသွားတော့သွားနေတယ်