menu-iconlogo
huatong
huatong
avatar

ရေမြေခြား

Yadanar Myhuatong
reh9309huatong
歌词
作品
သီချင်း - ရေမြေခြား

တေးဆို - ရတနာမိုင်၊ စိန်လင်း

၀ိုး…

ရေမြေတွေခြားလို့ ငါသတိရတာ

ငါလေ ရေမြေခြားတဲ့ ခရီးသို့ ခဏလေးပါ

အတူတူ ပျော်ရွွှင်ဖူးတဲ့ အဖြစ်တို့နင်သတိရ

ဟိုမှာ ငါလည်း လွမ်းနေမယ်

ကြင်နာသူရယ်ကတိများပေးပါကွယ်

ကွယ်ရာမှာတော့ သစ္စာရှိပါ

ခဏတာ ေ၀းကာနေရချိန်

ဟိုမှာ အတူတူမရှိတဲ့ ခဏတာ အကြာကြီးနော်

ပြန်ဆုံချိန်တွေ ရောက်ဖို့ ပြက္ခဒိန်ကြည့်ကာ

မျှော်ရတော့မယ်

အန္တရာယ်တွေ ဖြတ်သန်းဖူးပါတယ်

နင် မရှိတော့ ဘယ်အားရှိပါ့မလဲ

အိမ်မှာ နေပါ လျှောက် လျှောက်မသွားနဲ့

မင်းရဲ့ဘေး ငါ အခု အချိန်မရှိတဲ့အခါ

အပိုတွေ အပိုတွေ လျှောက်လျှောက်ပြောလို့

၀ရင် ငါ ပြောမယ်

ဟိုနယ်မြေမှာ မင်းက ဘယ်သူ့ကို သွားကာ

နင် အားကိုးမလဲ

အရာရာကိုလေ နင်ဂရုစိုက်ပါကွယ်

အဖော်တွေကိုလေ သိပ်ပြီး မမက်ပါနဲ့

ဒီလူကိုတော့ စိတ်သာချပါ

မင်းတစ်ယောက်တည်းသာ ချစ်တာ

မေတ္တာအစစ်နဲ့ပါ

ကျန်းမာရေးကို ဦးစွာ နင် အလေးထား

ဟိုမှာ ရာသီဥတု ဆိုးတာ နင်သတိရ

အချိန်ကို မှန်မှန် နင်ဖုန်းဆက်ပါကွယ်

အချိန်ကို မှန်မှန်နင်အိပ်စက်ပါကွယ်

ပျော်ပျော်နေကာ လုပ်စရာရှိတာ

အလုပ်ကို လုပ်ပါ တို့တစ်တွေ တွေ့မယ့်နေ့ကို

ရောက်တော့မှာ

အိုး …..

တီတီတာတာ ဖုန်းလေး ပြောတဲ့အချိန်

အတူတူ ရေမြေခြားလို့ သတိရတာ

နင်ဟာ ငါ့အတွက် တန်ဖိုးဖြတ်မရတဲ့သူ

အိုး….. သေချာပါတယ် မပြောင်းလဲတဲ့အချစ်နဲ့

မှောင်နေချိန်တွေ ပြီးတော့ အလင်းရောက်မှာ

ယုံပါ အချစ်ရာ အသက်ဆုံးတဲ့အထိ ချစ်မှာ….

ငါငိုချင်တာ မင်းနဲ့ ေ၀းတဲ့အခိုက်မှာ ငါအားငယ်

ငါဆိုလိုတဲ့သဘောက မင်းရဲ့စိတ်ကို မာထားပါ

ဟိုနယ်မြေမှာ ငါစိတ်မချနိုင်ဘူး

ငါလည်း မင်းအနား မရှိနိုင်ဘူး

ယုံပါ အချစ်ရယ် မင်းရဲ့စကားကို

အမြဲငါ နားထောင်မယ်

ဒီလိုပြောပြီး မင်းဟာ ပုန်းကာ ငိုတော့မယ်

အချိန်တွေကြာရင် မင်းလေး ငါ့ကို မေ့မှာ

ငါကြောက်လို့ကွယ်

ကြင်နာသူရယ် ငါ့အား မမေ့ပါနဲ့

နင်လိုချင်တာ ငါပဲ ဖြစ်ပါကွယ်

အသေချာဆုံးပါ အချစ်ရယ်

ငါ့ရဲ့ဘ၀မှာ မင်းဟာ မျှော်လင့်ချက်တစ်ခုပါ

အိုး …..

တီတီတာတာ ဖုန်းလေး ပြောတဲ့အချိန်

အတူတူ ရေမြေခြားလို့ သတိရတာ

နင်ဟာ ငါ့အတွက် တန်ဖိုးဖြတ်မရတဲ့သူ

အိုး….. သေချာပါတယ် မပြောင်းလဲတဲ့အချစ်နဲ့

မှောင်နေချိန်တွေ ပြီးတော့ အလင်းရောက်မှာ

ယုံပါ အချစ်ရာ အသက်ဆုံးတဲ့အထိ ချစ်မှာ….

更多Yadanar My热歌

查看全部logo