သီချင်း - သစ္စာဖောက်
တေးဆို - ကျော်သီဟ
ကိုယ်ဟာ မှန်တယ်ထင်ရာကို
လုပ်ခဲ့တော့ လူတွေ အပေါ်
အရာရာ အချစ်အတွက်နဲ့ပဲ
အပယ်ခံ ဖြစ်ခဲ့
ဘာတွေ ကြုံ ဆုံလာပါစေ
ကိုယ်နောက်က နင်တစ်ယောက်တော့
သေချာရှိလိမ့်မယ်လို့ တွေးနေဆဲ
အကူအညီမဲ့ နေခိုက်
အတူတွဲထားတဲ့ တို့လက်များ
နာရီများအောက် အရည်ပျော်ပြီနော်
ဒီအချိန် ဆူးဆူးနစ်နစ် ဝမ်းနည်း ရသလို
ထိခိုက်ကွဲအက် ကိုယ့်ဘဝ လဲပြို
ပူပြင်းလွန်းသည့် သောက စိတ်များ နဲ့
အခုလို အချိန်မှာ
အစိမ်းလိုက် ချိုးတော့ ပင့်သက်ရှိုက်ငို
ကာကွယ်နေသူ ကိုယ့်နောက်ကျောကို
ဓါးနဲ့ ထိုးတာလား
ချစ်သူရေ
အခုတော့ လုပ်ရက်နိုင်ပြီကွယ်
ကိုယ်ဟာ ယှဉ်ပြိုင်လာသူကို
ခေတ်အဆက်ဆက် အနိုင်ယူမှာ
ကမ်ဘာမှာ အရှုံးပေးတာလည်း
နင်တစ်ယောက်တည်းပဲ
ရာထောင်ချီ ရင်ဆိုင်မယ်နော်
ကိုယ့်ဘက်မှာ နင်တစ်ယောက် ပေါ့
ဘယ်အခါ အနားက မခွာ ဘူး
ယုံထားတော့
သိမ်ငယ်သွားပါစေဦး
အချစ်ဆုံး အနားနား ရှိရင် အား
ဘယ်သူတွေ ဖြတ်ဖြတ်
ကြင်နာမယ် ဆို
ဒီအချိန် ဆူးဆူးနစ်နစ် ဝမ်းနည်း ရသလို
ထိခိုက်ကွဲအက် ကိုယ့်ဘဝ လဲပြို
ပူပြင်းလွန်းသည့် သောက စိတ်များ နဲ့
အခုလို အချိန်မှာ
အစိမ်းလိုက် ချိုးတော့ ပင့်သက်ရှိုက်ငို
ကာကွယ်နေသူ ကိုယ့်နောက်ကျောကို
ဓါးနဲ့ ထိုးတာလား
ချစ်သူရေ
အခုတော့ လုပ်ရက်နိုင်ပြီပဲ
အကြင်နာ မဲ့ခဲ့ တန်ဖိုးထားလည်း နားမလည်ပြီ
အမှားကြီး မှားခဲ့ နောက်ဆုံးတစ်နေ့
နာကျင်စေပြီပဲ
ဒီအချိန် ဆူးဆူးနစ်နစ် ဝမ်းနည်း ရသလို
ထိခိုက်ကွဲအက် ကိုယ့်ဘဝ လဲပြို (ကိုယ့်ဘဝပြိုကွဲပေါ့…)
ပူပြင်းလွန်းသည့် သောက စိတ်များ နဲ့. (အသဲထဲ ဆူးနစ်ဆဲ…)
အခုလို အချိန်မှာ.
အစိမ်းလိုက် ချိုးတော့ ပင့်သက်ရှိုက်ငို (လွမ်းဆွေးသွားတော့ )
ကာကွယ်နေသူ ကိုယ့်နောက်ကျောကို
ဓါးနဲ့ ထိုးတာလား
ချစ်သူရေ
အခုတော့ လုပ်ရက်နိုင်ပြီကွယ်